Nov 7, 2012

ဆက်သွယ်ရေး ကွန်ရက်အတွင်း ခိုးဝင်ခြင်း အလွဲသုံးစားပြုခြင်း ခြိမ်းခြောက်ခြင်း မူပိုင်ခွင့်ပိုင်ရှင်၏ အနုပညာကိုဖျက်ဆီးခြင်း တို့အတွက် ထောင်ဒဏ် ငွေဒဏ် ဥပဒေကြမ်းထုတ်လိုက်ပြီ

From:The Voice
ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း၌ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှုများ တွင် နှောင့်ယှက်မှုများ အား ထောင်ဒဏ် ချမှတ် အရေးယူမည်ဟု ထည့်သွင်း ဖော်ပြထားသည်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။

ဆက်သွယ်ရေး ကွန်ရက်အတွင်းသို့ ယင်းပိုင်ရှင် (သို့) စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် (သို့) သဘောတူညီချက် မရှိဘဲ ဝင်ရောက်ခြင်း ၊ ကြည့်ရှုခြင်း ၊ နှောင့်ယှက်ခြင်း ၊ စံချိန်စံညွှန်း သတ်မှတ်ချက်များကို ဖြစ်စေ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း (သို့) ဖျက်ဆီးခြင်း ၊
ဆက်သွယ်ရေး ကွန်ယက်ကို ထိခိုက် ပျက်စီးစေနိုင်ရန် ရည်ရွယ်၍ မရိုးဖြောင့်သော သဘောဖြင့် ဗိုင်းရပ်စ် သို့ အခြားနည်းလမ်း တစ်ခုခုဖြင့် ဝင်ရောက်ဖျက်ဆီးခြင်း ၊ ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း ၊ အလွဲသုံးစားပြုခြင်း သို့ ပျက်စီးစေခြင်း ၊ ဆက်သွယ်ရေး ကွန်ရက်တစ်ခုခု ကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ အသရေဖျက်ခြင်း ၊နှောင့်ယှက်ခြင်း ၊ မလျော်သြဇာသုံးခြင်း သို့ ခြိမ်းခြောက်ခြင်း ၊ တို့အတွက် ပြစ်မှု ထင်ရှားကြောင်းတွေ့ရှိရပါက ( ၅ )နှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်းပါရှိသည် ။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း၌ လျို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေးယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက်များကို ပေးပို့ခြင်း သို့ ဖြန့်ချိခြင်း သို့ ပါဝင် ဆောင်ရွက်ခြင်း ၊
သိုမှီး ထိန်းသိမ်းထားသည့် သတင်းအချက်အလက်များ တစ်ရပ်ရပ်ကိုဖြစ်စေ ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် သို့ သဘောတူညီချက် မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း ၊ ရယူခြင်း ၊ ကူးယူခြင်း ၊ ထုတ်နုတ်ခြင်း ၊ပျောက်ဆုံးစေခြင်း သို့ ပေးပို့ ဖြန့်ချိခြင်း ၊ မူပိုင်ခွင့်ပိုင်ရှင် ၏ ခွင့်ပြုချက်မရှိဘဲ စာပေ အနုပညာ လက်ရာ ကိုဖြစ်စေ ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း ၊အရုပ်နှင့်အသံတို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း ၊ ဖြန့်ချိခြင်း ၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း သို့ တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်းပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည် ဟုပါရှိသည် ။
(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ