မဇ္ဈိမလှိုင်း မှ ကိုမျိုးကြီးက မြန်မာစံတော်ချိန် ည ၁၀း၅၀ တွင် ပြန်လည်အတည်ပြု ပြောကြားရာ ဦးခင်မောင်တိုး သေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း၊ သို့ရာတွင် ဆရာဝန်က လက်လျှော့လိုက်ရသည့် အနေအထား ဖြစ်သဖြင့် မိသားစုမှာ ရှေ့ဆက် ဆောင်ရွက်ရမည့် အခြေအနေများကို တိုင်ပင်နေကြောင်း ပြောကြားခဲ့ပါသည်။ယခု အိပ်ပျော်နေကြောင်းသိရပါတယ် ။ ကိုတိုးကြီး ကျမ္မာရေးကောင်းစေဖို့ ဆုတောင်းပေးနေကြောင်းကို ကိုတိုးကြီး ပရိသတ်များမှ ဆုတောင်းပေးနေကြောင်းကို ၄င်းတို့၏ အင်တာနက်စာမျက်နှာများတွင် ရေးသားထားကြသည်ကို တွေ့ရှိရပါသည် ။ထို့အတူ ကျွန်တော်တို့ ညီအကိုများမှလည်း ကိုတိုးကြီး အခြေအနေ မျှော်လင့်ချက်ရှိသေးကြောင်းပြန်လည်ကြားရသည့်အတွက် လွန်စွာ ဝမ်းမြောက်ရပါသည် ။ ကိုတိုးကြီးဟာဆိုရင် လက်ရှိ မြန်မာ့ဂီတ ရဲ့ ရှားရှားပါးပါး အဆိုတော်ကြီးတစ်ယောက် အဖြစ် နောက်ဆုံးကျန်ရှိတဲ့ ဂန္ဒဝင် ပညာရှင်ကြီးပါ ။ကိုတိုးကြီးကို ကျွန်တော်တို့ချစ်တယ် ။လေးစားပါတယ် ။ကိုတိုးကြီး ကျန်းမာပါစေ ။
(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________

1 ယောက် ဆွေးနွေးခဲ့တယ်:
ဦးခင်မောင်တိုးသီချင်းတွေကို ကလေးဘဝကနေခုထိနှစ်သက်ဆဲပါ နေကောင်းပါစေ
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။