Nov 7, 2012

တာချီလိတ်မြို့ တွင် စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းရှစ်ထောင်ကျော်နှင့် ထုတ်လုပ်မှူပစ္စည်းများ ဖမ်းဆီးရမိ

၎-၁၁-၂၀၁၂ ရက်နေ့တွင်တာချီလိတ်မြို့၌ တရားခံ စိုင်းဝန်းတစ်အား စိတ်ကြွရူးသွပ်ဆေးပြား
၅၈၄၀ဝ၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိမှု၎-၁၁-၂၀၁၂ ရက်နေ့ ၁၄း၃၀ အချိန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အုန်းကျော် ဦးစီး အဖွဲ့၊ ခမရ (၃၅၉)မှ ဗိုလ်မှူး ညီညီနိုင်ဦးစီးအဖွဲ့၊ တာချီလိတ်(မူးယစ်)မှ ရဲအုပ် ဝင်းနိုင် ဦးစီးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည်


တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခေတ္တာလမ်း၊အိမ်အမှတ် (၄/၉၃) နေ စိုင်းဝန်းတစ်၏နေအိမ်အား ရှာဖွေရာ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား၅၈၄၀ဝ၀ ပြား ၊ အလေးချိန် ၅၈.၄ ကီလို (တစ်ပြားလျှင် ၂၈၀ဝ ကျပ်နှုန်းဖြင့်၎င်းဒေသတန်ဖိုးငွေကျပ် ၁၆၃၅၂ သိန်း) နှင့်အတူ အောက်ပါ စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည် -

  • (က) Hino တံဆိပ်ပါ မော်တာတပ်လျက် စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက် ၁ လုံး၊
  • ( ခ) Champ တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား အခြောက်ခံ လေမှုတ်ပန်ကာတပ် ဗန်းစင် တစ်ခု၊
  • (ဃ) WY စာတမ်းပါ မှို (၃) ချောင်းတပ် ရိုက်ခေါင်း (၁)ခု၊ WY စာတမ်းပါရိုက်ခေါင်းမှို ဆိုဒ်စုံ (၁၁) ခု၊
  • ( င) မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်ကော်မှုန့်၂၅ ကီလိုပါတစ်အိတ်၊
  • (စ)မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့်FoodColourတံဆိပ်ပါဆိုးဆေးအမှုန့်တစ်ဗူးလျှင် ၄၅၀ဂရမ်စီပါ အပြာရောင်ကော်ဗူး ၁၅ ဗူး၊ ၁၀ဝဂရမ်စီပါ ၇ ဗူး၊ စုစုပေါင်းအလေးချိန် ၇.၄၅ ကီလို၊
  • (ဆ) ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၆၂၀ သိန်း၊
  • ( ဇ) အမေရိကန်နိုင်ငံသုံး ဒေါ်လာငွေ ၇၇၀ဝ ဒေါ်လာ၊
  • ( ဈ) နဂါးတံဆိပ်ပါရွှေချောင်း ၃၇ ချောင်း စုစုပေါင်း အလေးချိန် ၄ ပိဿာ၁၄ ကျပ်သား၊
  • (ည) ရွှေထည်ပစ္စည်းမျိုးစုံ ၁၂ မျိုး၊ စုစုပေါင်းအလေးချိန် ၃၆ ကျပ်သား ၇ ပဲ
  • ( ဋ) မော်တော်ယာဉ် ၉ စီး၊
  • ( ဌ) သုံးဘီးဆိုင်ကယ် တစ်စီး၊
  • ( ဍ) မော်တော်ဆိုင်ကယ် ၇ စီး၊
  • ( ဎ) ဘရာဇီးနိုင်ငံလုပ် မိန်းမကိုင် ပစ္စတို .၂၅ ပစ္စတိုတစ်လက်၊၄င်းကျည် ၅၀ တောင့်

တို့နှင့်အတူ ဖမ်းဆီရမိခဲ့ပါသဖြင့် တရားခံ စိုင်းဝန်းတစ်၊ ၃၈ နှစ်၊ (ဘ) ဦးနန်းကွမ်းစိန်၊ ရှမ်း/ဗုဒ္ဓ၊ အမှတ်(၄/၉၃)၊ ခေတ္တာလမ်း၊ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်ရဲစခန်း မယ
(ပ)၆၆/၂၀၁၂၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၂(ခ) အရ အမှုဖွင့်အရေး
ယူထားရှိပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ