Nov 7, 2012

အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးမည်


အာဆီယံ (ASEAN) အဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ (ADMM) ကို ကမ္ဘောဒီးယား နိုင်ငံ Siem Reap ပြည်နယ်တွင် နိုဝင်ဘာလ ၁၅ ရက် နေ့မှ ၁၇ ရက်နေ့ အထိ ပြုလုပ် သွားမည် ဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ကိစ္စများ အပေါ် အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြား ခဲ့ပါသည်။ 
ပထမအကြိမ်ကာကွယ်ရေးဝန်ကြီးများတွေ့ဆုံခဲ့စဉ်


(၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံပွဲကို မေလ ၂၈ ရက် နေ့မှ ၃ဝ ရက်နေ့ အထိ ဖနွမ်ပင် မြို့တော်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ 

Siem Reap ပြည်နယ်တွင် ပြုလုပ် သွားမည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံပွဲ (ADMM) တွင် ကမ္ဘောဒီးယား နိုင်ငံမှ အာဆီယံ ဒေသ ပြည်တွင်းစစ် ကင်းမဲ့ဇုန် အကြောင်းနှင့် ဘရူနိုင်းနိုင်ငံမှ တပ်ဖွဲ့ပေါင်းစုံ စစ်ရေး လေ့ကျင့်ခန်း အကြောင်း တင်ပြ သွားမည် ဖြစ်ပြီးနောက် လူသားချင်း စာနာမှု အကူအညီများ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ခြင်းများနှင့် စစ်ဘက် ဆေးပညာများ အကြောင်း ဆွေးနွေး သွားမည်ဟု သိရှိရ ပါသည်။


(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ