Nov 5, 2012

ရခိုင်ပြည်တယ်အရေးကဲသို့ မဖြစ်ပွားစေရန် မြ၀တီမြို့ရှိ ဗုဒ္ဓဘာသာအဖွဲ့ များ၊ မွတ်စလင်အဖွဲ့များနှင့် ပရဟိတလူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ညှိနှိုင်းဆွေးနွေး

From:..Hot News....
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ၊ (၄)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင်
မြ၀တီမြို့ နာရေးကူညီမှု အသင်းရုံး၌ ရခိုင်-ဘင်္ဂါလီ အရေးကိစ္စကဲ့သို့ မဖြစ်ပွားစေရန်အတွက် မြ၀တီမြို့နာရေးအသင်းမှ ဦးဆောင်မှုဖြင့် ဆွေးနွေးညှိနှိုင်းမှု တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ရာ ထိုဆွေးနွေးညှိနှိုင်းပွဲသို့ မြ၀တီမြို့ရှိ သာသနာထွန်းကားပြန့်ပွားရေး အဖွဲ့မှ တာဝန်ရှိသူ၊ ပြည်တောင်စုကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ဒုစရိုက်နှိမ်နှင်းရေး
အဖွဲ့မှ တာဝန်ရှိသူများ၊ မြ၀တီမြို့ (၈၈)ကျောင်းသားအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် မီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြသည်။


ညှိနှိုင်းဆွေးနွေးချက်များအနေဖြင့် မြ၀တီမြို့သည် နယ်စပ်မြို့ ဖြစ်သည်နှင့်အညီ လူမျိုးပေါင်းစုံဘာသာပေါင်းစုံသွားလာနေထိုင်ကြသည့်အပြင် လက်လုပ် လက်စားအများစုမှာလည်း လူမျိုးပေါင်းစုံ ဖြစ်သည်နှင့် အညီ ကိုယ်အသိစိတ်ဓါတ်နှင့်ကိုယ် ထိန်းသိမ်းနေထိုင်ကြရမည်
ဖြစ်သလို စည်းစည်းလုံးလုံးချစ်ခင်ရင်းနှီးစွာ ညီအကို မောင်နှမအရင်းသဖွယ်
နေထိုင်ဆက်ဆံကြမည်ဆိုရင် မည်သည့်ပြသာနာမှ ပေါ်ပေါက် လာနိုင်စရာ မရှိပါကြောင်း အကယ်၍ အကြောင်းတစ်စုံတရာ တစ်ခုကြောင့် အသေးအဖွဲပြသာနာမှ ပြသာနာကြီးကြီးမားမားမဖြစ်လာ စေရန် တစ်ဖက်နှင့် တစ်ဖက် ဆက်သွက်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်၍ ပြသာနာကိုဖြေရှင်းလျှင် အဆင်ပြေ
မည်ဖြစ်ကြောင်းနှင့် ဆက်သွယ်မှု လွယ်ကူစေရန်အတွက် ဘာသာပေါင်းစုံ ကွန်ရက်အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ