Nov 9, 2012

ခင်မောင်တိုး ကျမ္မာရေး အခြေအနေ တိုးတတ်လာပြီ

စင်ကာပူနိုင်ငံ၌ ဆေးကုသမှု ခံယူနေသော အဆိုတော် ခင်မောင်တိုးသည် ယနေ့ ညနေပိုင်း အချိန်က သတိပြန်ရလာပြီး မိသားစုနှင့် စကားအနည်းငယ် ပြန်ပြောနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု အဆိုတော် ခင်မောင်တိုး၏ အနီးတွင် ရှိနေသော အဆိုတော် ဂျေမောင်မောင်က ရန်ကုန်မြို့ရှိ ဂီတအနုပညာရှင်များထံသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ကြောင်း သိရပါသည်။ အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလ များသာ ဖြစ်ပါသည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိကြောင်း သိရှိရပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ