Nov 8, 2012

ကချင်ပြည်နယ်တွင် ပဲဆီပုံး အတွင်း ဝှက်ယူလာသော ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီး ရမိ

From:.မြ၀တီ..../
 မြစ်ကြီးနားမြို့ ပမ္မတီး ရပ်ကွက်ရှိ မြစ်ကြီးနား- ဗန်းမော်သွားစက်လှေဆိပ်တွင် တရားမဝင် ကျောက်စိမ်း အရိုင်းတုံး များကို နိုဝင်ဘာ ၄ ရက်က ဖမ်းဆီး ရမိခဲ့သည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်များနှင့် စက်လှေ ဂိတ်မှူးတို့ လိုက်ပါ ၍ မြစ်ကြီးနားမှ ဗန်းမော်သို့ သွားမည့် လူနှင့် ကုန်ပစ္စည်း များကို စစ်ဆေး စဉ် အောင်မင်းနိုင် (ခ) ဟန်ဇော်ထွန်း သယ်ဆောင် လာသည့် ရွှေမန်း ပဲဆီသန့် ဆီပုံး နှစ်ပုံး အတွင်း ကျောက်စိမ်း အရိုင်းတုံး အကြီး ငါးတုံး၊ အသေး ၁၂ တုံး စုစုပေါင်း ၅၃ ပိဿာ ခန့် အား ရှာဖွေ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။



 ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင် လာသူ အောင်မင်းနိုင် (ခ) ဟန်ဇော် ထွန်းအား စစ်ဆေး မေးမြန်းရာ ပိုင်ရှင်မှာ တပ်ကုန်းရပ်ကွက် ဧဒင် နယ်မြေ လမ်းသွယ် (၁၁)နေ ချိုချိုမာ ဖြစ်ကြောင်း သိရှိရပြီး ပိုင်ရှင်အား အမြန်ဆုံး ဖမ်းဆီး ရမိရေး ဆောင်ရွက်ပြီး သယ်ဆောင် လာသူ အောင်မင်းနိုင် (ခ) ဟန်ဇော်ထွန်း ၂၉ နှစ် (ဘ) ဦးဌေးဝင်း ဗန်းမော်မြို့ နေသူအား အမှတ် (၂) ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၂ဝ၃/ ၂ဝ၁၂ ကျောက်မျက် အက်ဥပဒေ ပုဒ်မ ၄၂ (က) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

လိုင်ဇာဌာနချုပ်အတွင်းရှိကျောက်စိမ်းများ

ကျောက်စိမ်းရောင်းငွေများနှင့် ဂျပန်တွင် ကချင်စစ်ပြေးဒုက္ခသည်ခံယူပြီး ငြိမ့်နေသော ကေအိုင်အို ဗဟိုလူကြီးပိုင်းတစ်ဦး၏ ဆွေမျိုးများ


ကချင်ပြည်နယ်အတွင်း စစ်ဖြစ်ပွါးနေသောကြောင့် ကျောက်စိမ်းတူးသူများမရှိတော့ပဲ လုပ်ကွက်များပစ်ထားခဲ့ရာမှာ စီးပွါးရေးအကွက်နင်းသူများမှ ထိုနေရာများသို့ သက်စွန့်သွားရောက် ခိုးယူတုးဖော်နေကြောင်းနှင့် ကေအိုင်အေမှလည်း ကျောက်စိမ်း အရိုင်းသာမက အချောများပါ စုဆောင်းနေခြင်းကြောင့် ကျောက်စိမ်းဈေးကွက် ဈေးမှာ တတ်လျှက်ရှိနေပါကြောင်းသိရပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ