Nov 8, 2012

အကြည်တော် သရော်လိုက်တဲ့ ဒီမိုကရေစီခေတ်သမီးပျိုများအတွက် (အမေ့လက်ရာအတိုင်းပါပဲလား) ဝတ္ထုတို

ခလောက်နီကျေးရွာတွင်ဖြစ်သည်။
ကျေးရွာအမည် ခလောက်နီဖြစ်နေ၍ တချို့က တစ်မျိုးတစ်မည်ထင်ကြသည်။ နီပါ နေ၍ ကွန်မြူနစ်ရွာဟုဆိုကြသည်။ ခလောက် ပါ၍လည်း လယ်သမားကိုယ်စားပြုဟု ဆိုကြ ပြန်သည်။
ခလောက်နီသည် ထိုသို့မဟုတ်။
ယခင်က ထိုရွာလေးမှာ အမည်နာမ မရှိဘဲ အတော်ကြာကြာနေခဲ့သည်။ ထိုတုန်းက ရွာလေးကိုမေးလျှင်မြစ်ကမ်းနံဘေးတည် သောကြောင့်
'မြစ်ကမ်းစပ်ရွာ' ဟု လည်းကောင်း၊ သူကြီးဦးဖိုးနီအုပ်ချုပ်၍ `ဦးဖိုးနီ´ရွာဟုတစ်သွယ်၊ ဆန်စပါးအထွက်များ၍ 'စပါးထွက်ရွာ' စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်လေ့ရှိ၏။
ထိုမှတစ်ဖန် ခလောက်နီကျေးရွာဟု အမည်တွင်ရခြင်းမှာ သိပ်မကြာသေးသော သူကြီးဦးဖိုးနီ၏ ငယ်စဉ်ကမှ စခဲ့သည်။ နှစ် ပေါင်းတော့ ငါးဆယ်ကျော်ကြာပြီပေါ့။



ဖြစ်ပုံက ဤသို့နှယ်
ယခုဦးဖိုနီ၊ယခင်မောင်ဖိုးနီလေး အရွယ် ရောက်၍ တစ်ရွာတည်းနေ မိဂွမ်းသွယ်နှင့် ချစ်ကြိုးသွယ်ရာမှ အာဝါဟ ဝိဝါဟအမှုပြု ချိန်၌မောင်ဖိုးနီလေး၏ဖခင် ဦးဖိုးဖြူက သား ငယ်မင်္ဂလာဆောင်အားလက်ဖွဲ့ ပြုရန်အတွက် ကျွဲတစ်ရှဉ်းကိုသားငယ်၏အမည်တူ ခလောက် နီဆွဲ၍ လက်ဖွဲ့အမှုပြုလေသည်။
မင်္ဂလာပွဲ၌ မိန်းမလည်းရ။ လယ်ထွန်ရန် အတွက် ခလောက်နီဆွဲ ကျွဲတစ်ရှဉ်းလည်းရ သော မောင်ဖိုးနီမှာ လွန်စွာဝမ်းမြောက်သွား လေသည်။
ဤသည်ကို မောင်ဖိုးနီ၏ဖခင် ဦးဖိုးဖြူ က လက်ဖွဲ့ကျွဲတစ်ရှဉ်း လက်ဝယ်အပ်ပြီး စိတ်ချအောင် မှာကြားလေသည်။
''သားဖိုးနီ၊ဤအချိန်၌ ခေတ်ပျက်ကာလ ဖြစ်၍ သူခိုးသူဝှက်ပေါလှသည်။ မင်္ဂလာဦးည ၌ပင် လက်ဖွဲ့ကျွဲတစ်ရှဉ်း မပျောက်ပျက် အောင် ဂရုပြုပြီးနေလေ၊ ဤသို့ခလောက် သံကြားနေမှ စိတ်ချလေ''
''ကလောက် ကလောက်''
ခလောက်သံကို ခေါက်ပြ၏။
''အကယ်၍ ခလောက်သံမကြားရတော့ ပါက သူခိုးသူဝှက်များ ကျွဲကိုလာဆွဲပြီ သေ ချာ၍ အမြန်ဆင်း၍ ဖမ်းပါလေ''
ဟု အတန်တန်မှာကြားလေသည်။ သူကြီးဖြစ်မည့် သားဖိုးနီကလည်း ဖခင်မှာ ကြားသည့်အတိုင်း တစ်သဝေမတိမ်းလိုက်နာ သည်။
မင်္ဂလာဦးညဖြစ်ပါသော်ငြား စိတ်ချ လက်ချ မအိပ်အား။ တစ်ညလုံး ဖခင်၏ လက်ဖွဲ့ ကျွဲနှစ်ကောင်ဆီက ခလောက်သံအား တစ်ညလုံးနားစွင့်၍ တထိတ်ထိတ်နှင့် နေ ရလေ၏။
ခလောက်သံကား တစ်ညလုံးကြား ပါ ၏။ သို့သော် နံနက်လင်းသည်နှင့် ဆင်းကြည့် ရာကျွဲနှစ်ကောင်လုံး မရှိတော့ပေ။ ခလောက် သံကားကြားရဆဲ။ ကြားရပေမည် ပေါ့။ သူခိုး သူဝှက်များက ကျွဲလည် ပင်းမှခလောက်ပင် ကိုဖြုတ်၍ သူတို့မင်္ဂလာဦးခုတင်တိုင် တွင် ချည်ပေးခဲ့သည်ကိုး။ဒါကြောင့် =ကလောက် ကလောက်+နှင့် တစ်ညလုံး  အသံထွက်နေရ ခြင်းပင်ဖြစ်တော့သည်။
ဤသည်ကို  အစွဲပြု၍ 'ခလောက်နီ' ရွာဟု အမည်တွင်ခဲ့ ခြင်းပင်ဖြစ်တော့သည်။
*
*

*
ယခုကျွန်တော်၏ရှေ့၌ ခလောက် နီ ရွာသားမောင် ကျော်ကြားမှာဆံပင် စုတ်ဖွား၊ မှုန်ဝါးဝါးနှင့် ထိုင်နေသည်။
သူ၏ဆံပင်မှာ ယခုခေတ်လူငယ်များ ညှပ်လေ့ရှိသော One Way  ကေဟု အမည်ပေါက်သော ထူချင်ရာ ထူ၊ထောင်ချင်ရာထောင်၊ ပြားချင်ရာ ပြားသောသဝေထိုးကေ မျိုးဖြစ်သည်။
ထိုဆံပင်ပုံစံမျိုးမှာ အသေအချာသထားမှ ကြည့်ကောင်းသောပုံမျိုးဖြစ် ပြီး ယခုကဲ့သို့ ဘာမှမလုပ်ထားလျှင် ခွေး စုတ်ဖွားလောက်ပင်ရုပ်မထွက်သော ပုံစံ မျိုးပင်ဖြစ်၏။
ယခု ကျွန်တော့်ရှေ့မှောက်ရောက်နေ သော မောင်ကျော်ကြားမှာ စိတ်ဓာတ်ကျစ ရာအဆင်းနှင့် ခပ်ပြင်းပြင်းရှိနေ၍ ကြည့်ရှု ရသည်မှာ ကျက်သရေချို့ တဲ့နေရှာ၏။
''ခေတ်ကြီးကိုကမကောင်းပါဘူး ဆရာ ရယ်''
ခလောက်နီရွာသား၏ နှုတ်ဖျားမှ ထို စကားကြားရ၍ အံ့အားသင့်သွားရပေပြီ။ ခလောက်နီရွာသားများက ဂျပန်ခေတ်၊ အင်္ဂလိပ် ခေတ်မှသည်ယခုခေတ်အထိ ဘယ်မျှ ခေတ် ပြောင်းပြောင်း သူ့ရွာအလုပ် သူလုပ်ပြီး ခပ် အေးအေးနေသူများသာဖြစ်၍ ယခုမှထိုစကား နှုတ်ဖျားမှကြားလိုက်ရ၍မအံ့သြဘဲမနေနိုင်။
''ဘာဖြစ်လို့လဲ မောင်ကျော်ကြားရဲ့''
''ဘာဖြစ်ရမှာလဲ ဆရာရဲ့၊အခုဒီမိုကရေ စီခေတ်လေ၊ ခလောက်နီရွာသားတွေလည်း လွတ်လပ်ပွင့်လင်းကုန်ကြပြီ''
ကျွန်တော်အံ့အားသင့်ရပြန်ပေပြီ။
''ဘာဖြစ်လို့လဲ လွတ်လပ်ပွင့်လင်းတာ မကောင်းလို့လား''
''ဘယ်မှာကောင်းလို့လဲ ဆရာရယ်''
သူ့ပုံက တကယ်မကျေမနပ်ဖြစ်နေပုံ။
''ကျွန်တော့်မယား  မိစိန်ဗြားကို  သိ တယ်မဟုတ်လားဆရာ''
''သိပါ့၊ မိစန်ဗြား ဘာဖြစ်လို့လဲ''
''ဒါဖြင့် မိစိန်ဗြားပုံ ဆရာမြင်ယောင် ကြည့်စမ်း''
လူပုံကညိုတုတ်တုတ်၊ကုပ်တိုတို၊ဆံတောက် ဖားလျား၊ တောသူမပီပီသလုံးသား ထွားထွား၊ ခွင်ခွကားကားပင်။ အမြဲတမ်း လယ်ထဲဆင်းနေ သူမို့ အင်္ကျီထူထူ၊ထဘီတိုတိုကို အမြဲတမ်းဝတ် ဆင်တတ်သူမို့ တောရုပ်ကို ပီပြင်စေ၏။
''ဘယ်နှယ့်လဲဆရာ၊ မျက်လုံးထဲမြင်ပြီလား''
''မြင်ပါ့၊ငါ့မျက်လုံးထဲပုပုကွကွနဲ့၊အင်း.. ကြည့်ရတော့ မဆိုးပါဘူး''
''အဲဒီမိန်းမ အဲဒီမိန်းမ ပုကွကွဗျာ''
မောင်ကျော်ကြားအသံက ကြိတ်မနိုင် ခဲမရ။ ဘာကိုမကျေမနပ်ဖြစ်နေမှန်းလဲ မသိ။ သူပြောမှ သိမှာကို။
''အဲဒီမိန်းမဗျာ၊ ဘာခိုင်းခိုင်းမရ၊ ရုပ်သံ ရှေ့ကကိုမကွာဘူး။ကြော်ငြာတောင်လေ့ လာ နေတာတဲ့၊ပြီးတော့ သူ့ရုပ်သူ့ရည်နဲ့ ဒီမိုကရေ စီခေတ်မှာအဝတ်အစားသစ်လော်မာလာတာ''
သူ့စကားကြောင့်ကျွန်တော်ပင်မျက်လုံး ပြူးသွားရသည်။
''ဟင် ဘယ်လိုဖြစ်တာတုံး'
''ဘာဖြစ်ရမှာတုံးဗျ၊ အဝတ်အစားဝတ် ပုံကလွတ်လပ်ပွင့်လင်းတဲ့ခေတ်မှာလွတ်လပ် ပွင့်လင်းစွာ ဝတ်ဆင်ရမယ်ဆိုလို့ ကျွန်တော် သည်းမခံနိုင်တော့ဘူး''
အင်မတန်ရိုးသော ခလောက်နီသား    မောင်ကျော်ကြားပင်သည်းမခံချင်သွားသည် ဆိုတော့ ..
''သူနဲ့ကျွန်တော် အပြင်ထွက်ဖို့ ပြင် ဆင်ကြတိုင်း ကျွန်တော်သူ့အကြောင်းသိလို့ ဒီလိုမှာတယ်''
''ဘယ်လိုတုံးဟဲ့''
''ဇာဘော်လီလည်း ဝတ်ခဲ့ဦး''
''ဟင်''
''အတွင်းခံဘောင်းဘီလည်း ဝတ်ဖို့ မမေ့နဲ့နော်''
''အဲဒါတွေမှာရတယ်ဟုတ်လား''
''အဲဒီလိုပြောတာတောင်ဘယ်လိုပြန်ပြောတယ် မှတ်တုံး''
''ဆိုဦးဟ''
''ဒါတွေမလိုတော့ပါဘူး။ ကျွန်မယုံ ကြည်တာပဲ ရွေးချယ်ထားတယ်''တဲ့။
ကျွန်တော်သူ့စကား နားထောင်ရင်းရုပ်သံ ကြော်ငြာတစ်ခု မြင်ယောင်လာသလို ရှိ၏။
''ဒီမှာ ကြိုးတစ်လုံး၊ ချည်သားအတုတွေ ရောစပ်ပါဝင်လို့ မပေါ်သင့်တာတွေပေါ်ပြီး မဖော်သင့်တာတွေ ဖော်ထားတယ်++လို့ ဆို၍ ကျွန်တော်ပင် မျက်မှောင်ကြုတ်မိသည်။ သူကဆက်၍
''ထွက်လာတော့ဗျာ၊ တကယ့်ကို ကြိုးတစ်လုံးနဲ့ ဟိုနေရာပေါ် မမြင်သင့်တာတွေ ဖော်ထားတာဗျာ''
ကျွန်တော်ပို၍ စိတ်ဝင်စားသွားသည်။
''အဲဒီတော့ ဘာဖြစ်သေးလဲ''
''ဒါနဲ့ ကျွန်တော်လည်း သည်းမခံနိုင်လို့ ဒေါသထွက်ပြီး သူ့ပါးကို ဖြန်းခနဲလွှဲရိုက်လိုက် တာဗျာ။ သူကသူ့ပါးလေးအုပ်ပြီးဘာပြန်ပြော တယ်မှတ်လဲ ++
''ဒါနဲ့ သူ ဘာပြန်ပြောလဲ''
''အိုး အမေ့လက်ရာအတိုင်းပါပဲလား ဆိုပြီး မျက်လုံတစ်ဖက်တောင်မှိတ်ပြလိုက်သေး''ဟူ၏
ကျွန်တော်ဘာပြန်ပြောရမည်မသိ။                  

အကြည်တော်

(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ