Nov 8, 2012

မြန်မာ-တရုတ်ပိုက်လိုင်း စီမံကိန်းဆိုင်ရာ တိကျသော အချက်များ အများပြည်သူသို့ ထုတ်ပြန်မည်

မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းကို တိကျသော အချက်အလက်များဖြင့် နိုဝင်ဘာလလယ်တွင် အများပြည်သူ သိရှိစေရန် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ကိုတင်သစ်က ပြောသည်။


 အဆိုပါ ကော်မတီက အောက်တိုဘာလ ၁ ရက်တွင် အဖွဲ့အစည်း ၁၂ ဖွဲ့၊ (အသစ်တိုးအဖွဲ့မပါ) က ပိုက်လိုင်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခြင်း၊ ဒေသခံများ ပူးပေါင်းပါဝင်ခွင့် မပေးခြင်း စသော အချက်အလက်များ ပါဝင်သော အချက်ခုနှစ်ချက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ပြီးနောက် ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များက အောက်တိုဘာ ၁၉ ရက်တွင် တွေ့ဆုံခဲ့ကာ ကုမ္ပဏီနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ဖြေကြားခဲ့ပြီး အချို့အချက်အလက်များကို ငြင်းဆိုခဲ့သည့် အချက်အလက်များနှင့် ပတ်သက်ပြီး တိကျသော သက်သေများ တောင်းဆိုခဲ့ခြင်းကြောင့် တွေ့ဆုံပြီး နောက်ပိုင်း အချက်အလက်များ ကောက်ယူနေခြင်းဖြစ်ကြောင်း ကောက်ယူပြီးသော အချက်အလက်များကို နိုဝင်ဘာလလယ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ကိုတင်သစ်က ပြောသည်။ 



ပထမအကြိမ် တွေ့ဆုံစဉ် တင်ပြတောင်းဆိုသော အချက်များအနက် ပိုက်လိုင်းကြောင့် ပျက်စီးခဲ့သော ပြင်ဦးလွင်-မန္တလေး ကားလမ်းကို ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း၊ နေရာတိုင်း ပြုပြင်ပေးခြင်းရှိမရှိနှင့် လျော်ကြေးကိစ္စများ နစ်နာမှုရှိ၊ မရှိ ပြန်လည်လေ့လာပြီး ထုတ်ပြန်မည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။ “လူမှုအဖွဲ့အစည်းတွေ တောင်းဆိုတာက ဝိုးတိုးဝါးတား ဖြစ်နေတယ်။ ပြတ်ပြတ်သားသား မရှိဘူး။ ဒါ့ကြောင့်မို့လို့ ကုမ္ပဏီဘက်က ဘယ်အချက်မှ မလိုက်လျောနိုင်ပါဘူး” ဟု ယင်းကုမ္ပဏီ လူမှုဆက်ဆံရေးဌာန အတွင်းရေးမှူးက ပြောကြားသည်။ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အချက်အလက်များဖြင့် တိကျသော သတင်းအချက်အလက် များပေးပါက ကုမ္ပဏီက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ နေရာနှင့် ပြဿနာကို အတိအကျ အမည်များဖြင့်ဖော်ပြီး ဓါတ်ပုံများ မြေပုံများနှင့် ပေးပါက ကုမ္ပဏီအနေဖြင့် ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီအတွင်းရေးမှူးက ပြောပြခဲ့သည်။

(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ