Nov 9, 2012

တောင်ကိုရီးယားတွင် နျူဓာတ်ပေါင်းဖိုနှစ်လုံး ပိတ်သိမ်း

တောင်ကိုရီးယားနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်လုံး၌ တပ်ဆင်ထားသည့် အချို့သော အစိတ်အပိုင်းများသည် စနစ်တကျ စိစစ်ခဲ့သော ပစ္စည်းများမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ ပေါ်ပေါက်လာပြီးနောက် ယင်းဓာတ်ပေါင်းဖိုနှစ်လုံးကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။ အဆိုပါ အစိတ်အပိုင်းများသည် ဓာတ်ပေါင်းဖို၏ အဓိကပစ္စည်းများ မဟုတ်သည့်အပြင် အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများလည်း မဟုတ်ကြောင်း စီးပွားရေးဝန်ကြီး ဟာဆုတ်ဝူက ပြောသည်။



ယင်းတို့တွင် နျူကလီးယား လုပ်ငန်းဆိုင်ရာ အာမခံလက်မှတ်များ မလိုအပ်သော ဖြူး(စ်)ကြိုးများ၊ လေအေးပေးပန်ကာများနှင့် မီးခလုတ်များ ပါဝင်သည်။ ဤသို့ နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်လုံး ပိတ်လိုက်သည့်အတွက် လာမည့် လအနည်းငယ်အတွင်း မျှော်လင့်မထားသော လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ပေါ်ပေါက်လာမည်ဟု ၀န်ကြီးကပြောသည်။


ဓာတ်ပေါင်းဖို၌ စိစစ်ခြင်း မပြုဘဲ တပ်ဆင်ထားခဲ့သော ပစ္စည်းအမျိုးအမည် ၅၀၀၀ ကျော်ကို အခြားလုပ်ငန်းများ၌ အသုံးပြုနိုင်ကြောင်း၊ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံ၌ အသုံးပြုလျှင် နိုင်ငံတကာ အသိအမှတ်ပြု အာမခံလက်မှတ်များ လိုအပ်ကြောင်း ၄င်းက ရှင်းပြသည်။ တောင်ကိုရီးယားသုံးငွေ ၀မ်သန်း ၈၂၀ (အမေရိကန်ဒေါ်လာ ၇၅၀၀၀၀) တန်ဖိုးရှိသော ယင်းပစ္စည်း အစိတ်အပိုင်းများကို ၂၀၀၃ ခုနှစ် ကတည်းက ပစ္စည်းပေးသွင်းသူ ရှစ်ဦးထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ