Nov 8, 2012

ကင်မရာများ တပ်ဆင်၍ စည်းကမ်းပျက်ယာဉ်များအား အရေးယူနေပြီဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် တိုင်းဒေသကြီး မော်တော်ယာဉ် ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီက ရှိနှင့်ပြီးသား ယာဉ်လိုင်းများမှ ယာဉ်များ ခေါက်ရေပြည့် အချိန်မှန် ၀င်/ထွက် ပြေးဆွဲရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ လိုအပ်သည့် ယာဉ်လိုင်းများတွင် ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲပေးခြင်းဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။


ယခုအခါ ရန်ကုန်မြို့တွင်း လိုင်းကားများ ယခင်ကထက် ပိုများလာခြင်း၊ တက္ကစီအငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ ပိုများလာပြီး ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း မလိုက်နာသူ၊ စည်းကမ်းဖောက်ဖျက်သူတို့ကြောင့် ယာဉ်မတော်တဆတိုက်မှုများ၊ သေဆုံးဒဏ်ရာရမှုများ လျော့နည်းသွားခြင်းမရှိ ပို၍ ဖြစ်ပွားမြဲ ဖြစ်နေကြောင်း သိရသည်။ ယင်းတို့ကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှု မလိုက်နာမှုတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက အရေးယူ ဆောင်ရွက်လျက်ရှိသည်။ယင်းသို့ အရေးယူဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်းချိုးဖောက်ကျူးလွန်မှု အများဆုံးဖြစ်သော အချက်အချာကျသည့် လမ်းဆုံလမ်းခွ မီးပွိုင့်များ၏ အချက်ပြစနစ်ကို လိုက်နာမှုအားနည်းသော နေရာ(၂၂)နေရာတွင်  CCTV ကင်မရာများ တပ်ဆင်၍ စည်းကမ်းပျက်ယာဉ်များအား အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
 (မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ