Nov 10, 2012

မြန်မာနိုင်ငံကို ဥရောပလေကြောင်းလိုင်း ပထမဦးဆုံးအကြိမ် တိုက်ရိုက်ပြေးဆွဲပြီ

ဂျာမနီနိုင်ငံ၏ စီးပွားရေး အချက်အချာကျသော ဖရန့်ဖတ်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပထမဦးဆုံး အကြိမ်အဖြစ် ဂျာမနီနိုင်ငံ Condor လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမှု စတင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပထမဦးဆုံးအကြိမ် တိုက်ရိုက်ပြေးဆွဲမှု ခရီးစဉ်ဖွင့်ပွဲကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက် နံနက် ၄ နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သည်။


 ၎င်းလေကြောင်းလိုင်းမှ ခရီးသည် ၂၆၈ ဦးဆံ့ Boeing 767 300 ER လေယာဉ်ဖြင့် နိုင်ငံခြားသား ခရီးသည်များ စင်းလုံးပြည့် ပါဝင်သော ယင်းလေယာဉ်သည် ဖရန့်ဖတ်မြို့မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်သို့ ပျံသန်းပြီး ရန်ကုန်မှ ထိုင်းနိုင်ငံ ဖူးခက်သို့ ခေတ္တဝင်ကာ ဖရန့်ဖတ်မြို့သို့ ဆက်လက်ပျံသန်းကြောင်း၊ ပျံသန်းချိန် ၁၀ နာရီကျော် ကြာကြောင်း သိရသည်။ “ပြည်ပကပျံတဲ့ လေကြောင်းလိုင်းတွေ တိုးလာတယ်။ ခရီးသည်အရေအတွက် တိုးလာတယ်။ တိုက်ကြီးတွေကို ဖြတ်ပြီးလာတဲ့ လေကြောင်းလိုင်းအနေနဲ့ကတော့ Condor လိုမျိုး လောလောဆယ် မရှိသေးဘူး” ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက ပြောသည်။

Condor လေကြောင်းလိုင်းသည် လွန်ခဲ့သော ၁၉၉၆-၁၉၉၇ ခုနှစ်တွင် ပြေးဆွဲဖူးခဲ့ကြောင်း၊ သို့သော်လည်း တိုက်ရိုက်ပြေးဆွဲခြင်း မဟုတ်ဘဲ တစ်ဆင့်ခံဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၁၄ လိုင်းရှိရာမှ ယခုအခါ

  • ဂျပန်လေကြောင်းလိုင်း၊ 
  • ကာတာလေကြောင်းလိုင်း၊ 
  • ကိုရီးယားလေကြောင်းလိုင်း၊ 
  • တရုတ်လေကြောင်းလိုင်း၊ 
  • ဂျာမနီလေကြောင်းလိုင်း၊

 စသည်တို့အပါအဝင် စုစုပေါင်း လေကြောင်းလိုင်းသစ် ခြောက်လိုင်း ထပ်မံတိုးလာကြောင်း ဦးဝင်းဆွေထွန်းက ပြောသည်။



 Condor လေကြောင်းလိုင်း ခရီးစဉ်အတွက် ရန်ကုန်-ဖရန့်ဖတ် အသွားအပြန် လေယာဉ်လက်မှတ်မှာ Economy Class အတွက် အမေရိကန်ဒေါ်လာ တစ်ထောင်အောက်ခန့် ဈေးနှုန်းရှိကြောင်း၊ လေယာဉ်အတွင်း Economy Class အပါအဝင် Premium Economy Class၊ Business Class ဟူ၍ သုံးမျိုးပါရှိကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ