Nov 8, 2012

ပြည်ပမှ ဖုန်းဆက်သွယ်ရေး နိုင်ငံခြားကုမ္ပဏီ လေးခုအား လုပ်ကိုင်ခွင့် ချပေး

From:Popular News
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ပြည်ပမှ ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို နိုင်ငံခြားကုမ္ပဏီ လေးခုအား လုပ်ကိုင်ခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။ လုပ်ကိုင်ခွင့်ပေးလိုက်သည့် ကုမ္ပဏီများမှာ PCCW, NTT, HGC နှင့် DTAC ကုမ္ပဏီများဖြစ်ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။


 “မြန်မာ့ဆက်သွယ်ရေးရဲ့ ဝက်ဘ်ဆိုက်မှာ တရားဝင် ဖော်ပြထားပါတယ်။ ပြည်တွင်း ကုမ္ပဏီတွေကိုတော့ လုပ်ကိုင်ခွင့် မပေးထားဘူး။ ဒီလုပ်ငန်းရဲ့ သဘောသဘာဝကိုက ပြည်ပအဝင် ခေါ်ဆိုမှုတွေကို ကျွန်တော်တို့ ပြည်တွင်းကို တင်သွင်းရတာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုသာ ပေးအပ်ရတာပါ” ဟု ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးကျော်စိုးဝင်းက ပြောသည်။

အဆိုပါ လုပ်ပိုင်ခွင့်ရရှိသော ကုမ္ပဏီများမှာ တစ်လလျှင် ကုမ္ပဏီတစ်ခုကို အမေရိကန်ဒေါ်လာ နှစ်သန်းနှင့် အဝင်ပေးပို့မှု မိနစ် ၁၀ သန်း ပေးသွင်းရမည်ဖြစ်ပြီး ကုမ္ပဏီလေးခု ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် တစ်နှစ်လျှင် ကန်ဒေါ်လာ ၉၆ သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာနိုင်ငံသို့ တယ်လီဖုန်း အဝင်ခေါ်ဆိုမှုများအတွက် နိုင်ငံတကာ ကုမ္ပဏီ ၁၇ ခုမှ အဆိုပြုထားခဲ့ပြီး ယင်းအနက် သတ်မှတ်ထားသည့် နှုန်းထားများအား ပေးသွင်းမည်ဟု ကတိပြုသည့် ကုမ္ပဏီလေးခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီများအနေဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးပါက နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ တစ်နှစ်ထပ်မံ သက်တမ်းတိုးနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယခင်က မြန်မာနိုင်ငံသို့ ပြည်ပမှ တယ်လီဖုန်း အဝင်ခေါ်ဆိုမှု မိနစ်မှာ တစ်လလျှင် ၂၆ သန်းသာရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၅ သန်းခွဲ ရရှိခဲ့ကြောင်းသိရှိရပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ