တကယ် ပေါက်ပေါက်ရှာရှာပါပဲ။ တကယ်လည်း ဖြစ်နေပါတယ်။ စစ်တပ် တစ်ခုအနေနဲ့ စစ်ချီတေး ကိုယ်စီရှိနေကြပေမယ့် ဆဒန်ဟူစိန်ရဲ့ စစ်ချီတေး
ကတော့ ထူးခြားလို့ နေပါတယ်။
စစ်ချီတေးဆို ရှေ့တန်းမှာ စစ်တိုက်ရမယ့် စစ်သားများ စိတ်ဓာတ်ကြံ့ 
ခိုင်အောင်၊ ရဲသတ္တိ တိုးပွားလာအောင် ဆိုရတဲ့ သီချင်းရှိပါတယ်။ ဒီအတွက် ကမ္ဘာတစ်လွှားက နိုင်ငံတိုင်းမှာ စစ်ချီတေးကိုယ်စီ ရှိကြပါတယ်။ အမှန်တော့ အီရတ် စစ်တပ်မှာလည်း စစ်ချီတေးရှိပါတယ်။ သို့ပေမယ့် ဗြိတိသျှ၊ အမေရိကန်၊ နေတိုး အပေါင်းပါတပ်တို့ ထိုးစစ်ကို တန်ပြန်တိုက်ခိုက်ချိန် ဆက်ဒန်ဟူစိန်လည်း တိုက်ပွဲဝင်ခဲ့ပါတယ်။ သူတိုက်ပွဲဝင်စဉ် ဆိုတဲ့ စစ်ချီတေးကတော့ အီရတ် စစ်တပ်က စစ်ချီးတေး မဟုတ်ပဲ ဝစ်သနီဟော့စတွန်ရဲ့ I will always love ယူ အမည်ရ ပေါ့သီချင်းတစ်ပုဒ် ဖြစ်
ပါတယ်။
Country pop သီချင်းအမျိုးအစား ဖြစ်ပြီး မူရင်းအဆိုရှင်ကတော့ Dolly Parton ဖြစ်ပါတယ်။ ၁၉၇၄ ကစလို့ ယနေ့တိုင်အောင်မြင်တဲ့ သီချင်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပြန်ဆိုကြပြီး ဆီးရီးယား ပေါ့ပ်အဆိုတော် Mayyada Bselees ကလည်း အာရေဗီယျ ဗားရှင်းနဲ့ ပြန်ဆိုပါတယ်။ ဆဒန် ဟူစိန်ကတော့ အာရေဗိယျ ရော၊ အင်္ဂလိပ် ဗားရှင်းပါ ကြိုက်နှစ်သက်သူလို့ဖြစ်ပါတယ်။
မြန်မာမှာလည်း "ကိုယ်ဟာ.... ချစ်သော ရင်ခွင်ပျောက်သူ" ဆိုတဲ့ စာသား
ပါဝင်သော ချစ်သောရင်ခွင်ပျောက်သူ အမည်ရ သီချင်းနဲ့ သံစဉ်တူပါတယ်။ ဒါဆို ဘယ်သီချင်းလည်းဆိုတာ စာဖတ်သူတို့ ခန့်မှန်းလို့ရမယ် ယူဆပါ
တယ်။
(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။