Feb 21, 2013

တပ်မတော် အရာရှိတစ်ဦး ကြုံတွေ့ခဲ့ရသော မြေသိမ်းမှုဆိုခြင်း

 သာကေတဗလီကိစ္စ ကြားနေရတော့   ကျွန်တော်သိတာလေးတစ်ခုပြောပြချင်ပါတယ်
ရန်ကုန်က ကျွန်တော်နေခဲ့တဲ့တပ်မှာ တပ်ပိုင်မြေလေးရှိတယ် လှိုင်သာယာဘက်မှာပေါ့
ပေ ၃၀၀ ပါတ်လည်လောက်ရှိမှာပေါ့လေ။ ၁၉၉၀ လောက်ကတည်းကအိုးအိမ်က ပေးထားတာပါ
အဲ့မြေမှာ ဘယ်သူမှလဲ မနေပါဘူး ဘာမှလည်းမရှိပါဘူး ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ပြည့်နေတာပါ
တရက်တော့တပ်ကဂိုဒေါင်ဆောက်ဖို့အဲ့သည့်နေရာကိုစစ်သည်တွေနဲ့ရှင်းပါတယ် ခြံကကျယ်လဲကျယ် ခြုံလဲထူတော့ သုံးလေးရက်လောက် ရှင်းယူရပါတယ်။
 
ဒါပေမယ့်ရှင်းပြီး သုံးရက်အတွင်းပဲ 
ရန်ကုန်ကနာမည်ကြီး နိုင်ငံရေးအဖွဲ့အစည်းတစ်ခုက ရန်ကုန်မြို့စွန်က အိမ်ခြေမဲ့တွေကိုတစ်အိမ်ထောင်ငွေငါးသောင်းထုတ်ပေးပြီးဝါးတဲတွေအမြန်လာဆောက်ခိုင်းပါတော့တယ်
ဝါးတွေကို ညတွင်းချင်း ကားလိုက်လာချပြီး အလကားကိုပေးတာပါ။နောက်တရက် တပ်က ဂိုဒေါင်ဆောက်ဖို့လာကြည့်တော့ အိမ်ငါးဆယ်ကျော် လူ ၁၈၀ လောက်က အခန့်သားစောင့်နေကြပြီး ဒါကျွန်မတို့မြေပါ မသိမ်းပါနဲ့ ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီး လူးလှိမ့်ငိုပါတော့တယ်။ယောက်ျားသားတွေက တုတ်တွေဆွဲ ဓါးတွေဆွဲ တောက်တွေခေါက်ပေါ့ဗျာ ဆူညံပွက်လောရိုက်နေရော။ဒီကအဖွဲ့တွေကလည်း ကြောင်သွားတာပေါ့။
 



ဘာဆက်လုပ်ရမှန်းမသိတော့ ရဲခေါ် ထွေအုပ်ခေါ် နဲ့ ရှုပ်ကုန်ရော။ဆူညံဆူညံနဲ့ဆိုတော့ အနီးနားပါတ်ဝန်းကျင်က လူတွေပါဝိုင်းကြည့်လာတော့ ပြဿနာက ကြီးလာပြီ။အဲ့သည်မှာ ဘယ်တုန်းကတည်းက စောင့်နေတယ်မသိဘူး။အဲ့သည့်ပုဂ္ဂိုလ်နဲ့ သတင်းထောက် လေးယောက်လောက်ရောက်လာပါရော။သူက ရုတ်ရုတ်ဖြစ်နေတဲ့ လူအုပ်ရှေ့သွားရပ်လိုက်တာနဲ့ လူအုပ်က သူ့ပြေးဖက်တော့တာပဲ ကယ်ပါ ဘာညာပေါ့ ။

သူကလည်း ကယ်တင်ရှင်ကြီးပုံစံနဲ့ ဥပဒေနဲ့အညီဖြစ်စေရမယ် ဘာညာပေါ့။တပ်နဲ့ရဲဖက်ကိုလည်း လှမ်းပြောတယ်။သူညှိနှိုင်းပေးပါ့မယ် သူကဘယ်ကပါပေါ့။လူချင်းက ဆယ်ပေလောက်တောင်မဝေးပေမယ့် သူက အော်ကြီးဟစ်ကျယ်ကိုပြောနေတာ အပြင်က ဝိုင်းကြည့်နေတဲ့သူတွေကြားအောင်ကို အော်နေတာ။
ရဲကအမြင်ကတ်လာလို့တိုးတိုးပြောပါကြားပါတယ်ပြောယူရတယ်။သူနဲ့ပါလာတဲ့သတင်းထောက်တွေကလည်း အကယ်ဒမီပွဲရောက်နေသလိုပဲ ဟိုနားက ဟီးခနဲ ငိုလိုက်တာနဲ့ အသည်းအသန် ဝိုင်းဓါတ်ပုံရိုက် ဒီဘက်က ဟီးခနဲဆိုတာနဲ့ ပြေးဓါတ်ပုံရိုက်ဝိုင်းဗျူး ရှုပ်နေတာပဲ။

(ရယ်စရာအနေနဲ့ပြောရဦးမယ်အဲ့အထဲမှာ ကုလားတစ်ယောက်က အသေကုန်ငိုတာဗျာ ရှိုက်ကြီးတငင်နဲ့ကို ငိုတာဒါပေမယ့် ဘယ်သတင်းထောက်မှ ဓါတ်ပုံလာမရိုက် လာမဗျူးဘူး ။ဘယ်လာမတုန်း ကုလားငိုနေတဲ့ပုံတင်ရင် ဘယ်သူမှ သနားမှာ မဟုတ်ဘူးလေ။ကုလားခင်ဗျာ ငိုလိုက် ဟိုကြည့်ဒီကြည့်လုပ်လိုက် ငိုလိုက်နဲ့ပေါ့)။ရဲဘော်လေးတွေဆို ဒေါသထွက်လို့ အံတကြိတ်ကြိတ်နဲ့ ဒင်းတို့ကို ရိုက်မယ်ချည်းလုပ်နေတာပါလာတဲ့ဗိုလ်ကြီးကအခြေအနေသိတော့အားလုံးကိုခေါ်ပြီးပြန်လာရပါတော့တယ်။
 
ဒီကိစ္စ ပေါ့သေးသေးမဟုတ်ဘူးလေ။ဒုတိယ ၈၈၈၈ ထပ်ဖြစ်သွားနိုင်တာကိုး။
ဂိုဒေါင်လည်း မဆောက်ဖြစ်တော့ပါဘူး။ဒါတောင် အဆိုပါ ပုဂ္ဂိုလ်က တပ်အထိလိုက်လာပြီး ဂိုဒေါင်ကို အေးအေးဆေးဆေး ဆက်ဆောက်ပါ ပြဿနာမဖြစ်အောင် သူကူညီပါ့မယ်ဆိုပြီး လာပြောသေးတယ်။တပ်မှူးက အော်ထုတ်လိုက်လို့ ပွစိပွစိနဲ့ ပြန်သွားလေရဲ့ဗျာ။
ဒါက ကျွန်တော်သိတဲ့အဖြစ်ကိုပြောပြတာနော် ။ခုထိအဲ့မြေကွက်ကြီးမှာ ဝါးတဲတွေရှိနေသေးတယ် ။လူတွေတော့လာမနေကြဘူး။ကျွန်တော့်Postကနိုင်ငံရေးလုပ်နေတဲ့လူတွေကို စော်ကားချင်တာမဟုတ်ပါဘူး ။တကယ်တိုင်းပြည်ချစ်တဲ့ နိုင်ငံရေးသမားတွေကိုလည်း တွေ့ဖူးစကားပြောဖူးပါတယ် ။ယုတ်စွအဆုံး လေးစားလွန်းလို့ ထိုင်တောင်ကန်တော့ဘူးပါတယ်။

 
ဒါပေမယ့်
တိုင်းပြည်ပျက်ချင်ပျက် ငါနံမည်ကြီးပြီးရောဆိုတဲ့ ခါတော်မှီသမားတွေလဲ ရှိတယ်ဆိုတာကို လူထုကို အသိပေးလိုက်ချင်ပါတယ်ခင်ဗျား။


From:[_ Ko Ko Oo _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အမှန်အကန်ပါပဲ။တိုက်ပုံ ၀တ်လာမယ်။အော်ကြီးဟစ်ကျယ်နဲ့ ကယ်တင်ရှင်မျိုး ၀င်လာလုပ်မယ်ဆိုရင် ဘာမှမေးမနေနဲ့တော့။ အဲဒါနိုင်ငံရေး လုပ်တယ်လို့သာမှတ် ၊ နိုင်ငံရေးသမားလို့သာမှတ်။ လှိုင်သာယာမှ မြို့နယ် အုပ်ချုပ်ရေးမှူးအိမ်နားက မြေကွက်တွေတောင် ၀င်လုပြီး အခုပြောတဲ့ပုံမျိုး လုပ်နေကြပြီ။ ကျနော်တို့ မြန်မာလူမျိုးတွေကို ဒီမိုကရေစီ နဲ့ မင်းမဲ့စရိုက်ဆိုတာကို နားလည်အောင်ချပြသင့်နေပါပြီ။ အမှန်တော့ ပြည်သူတွေ ဘာမှ မ စ ပါဘူး။ အဲဒီ နာမည်ကြီး ပါတီတွေကပဲ စထောင် စခိုင်းနေတာပါ။ ဒီမိုကရေစီနဲ့ မင်းမဲ့စရိုက်ဆိုတာ လက်တစ်လုံးပဲ ခြားပါတယ်။ဒီမိုကရေစီဆိုတာ လွတ်လပ်ခွင့် ဆိုပေမဲ့ တပါးသူကို မထိခိုက်ရဘူးဆိုတာ နားမလည်ပဲလုပ်ရင်တော့ ၊ကိုယ်ကြိုက်တာ ကိုယ်လုပ်နေရင်တော့ မင်းမဲ့စရိုက်ဖြစ်သွားမှာပဲ။ အခု ပါတီတွေမှာရော ၊ရှစ်လေးလုံးဆိုတဲ့လူတွေဆီမှာရော NGO အဖွဲ့တစ်ချို့ဆီမှာရော မင်းမဲ့စရိုက်တွေပဲ တွေ့နေရလို့ ဒါတွေကို အချိန်မှီ မပြင်နိုင်ရင်တော့ ရှစ်လေးလုံးထက်ဆိုးမဲ့ အခြေအနေတွေ မင်းမဲ့စရိုက်တွေ အများကြီးပဲ မြင်နေရလို့ တွေးပူမိပါတယ်။ ထိန်းကြဖို့တော့ လိုနေပြီလို့ တင်ပြပါရစေ။

Anonymous said...

ဒီကောင်တွေတိုက်ပုံကလဲ ပင်နီတိုက်ပုံတဲ.ကွာ စုတ်ပြတ်နေတာပဲ..သူတောင်းစားတောင်သူ.ထက်သားနားမယ်ထင်တယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ