Feb 18, 2013

ဆယ်တန်းအောင်ပြီးသူများ SAT ရမှတ်မလိုပဲ အမေရိကန်ကျောင်း တက်ရောက်နိုင်

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ SAT ရမှတ်တင်ပြရန်မလိုပဲ အမေရိကန်ရှိ University Pathway Program သို့ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းက သိရသည်။ မြန်မာနိုင်ငံမှအခြခံပညာအထက်တန်း(ဆယ်တန်း)အောင်မြင်ပြီးသူများ IELTS 5.5 ရရှိယုံဖြင့် University Pathway Program သို့ SAT/GMAT ရမှတ်များ တင်ပြရန် မလိုပဲ လျှောက်ထား နိုင်ခြင်းဖြစ်သည်။

 မြန်မာကျောင်းသားများအနေဖြင့် အမေရိကန်ကျောင်းများသို့ လျှောက်ထားရာ၌ SAT အား မဖြစ်မနေလုပ်ဆောင် ရမည်ဟုထားရှိသည့် ယူဆချက်မှာ မှားယွင်းကြောင်း၊ SAT မပါပဲ အမေရိကန်ကျောင်း ကျောင်းလျှောက် ထားနိုင်ကြောင်း Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း က ဆိုသည်။



၁၀တန်းအောင်မြင်ထားသူများ University Pathway Program သို့ တစ်နှစ်တက်ရောက်ရန်အတွက် ကန်ဒေါ်လာ ၂၁၉၇၀ ကုန်ကျမည်ဖြစ်သည်။ အင်္ဂလိပ်စာဖြည့်စွက်သင်ကြား မည်ဆိုပါက ဒေါ်လာ(၁၀၀၀)ထပ်မံ ကုန်ကျမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

တက္ကသိုလ်တခုခုမှဘွဲ့ရရှိထားသူများအနေဖြင့်Pre Master လျှောက်ထားနိုင်ပြီး (၄)လ သင်ကြားရမည်ဖြစ်ကာ ကျောင်းလခ ကန်ဒေါ်လာ ၁၀,၉၈၅ ကုန်ကျမည် ဖြစ်သည်။


University Pathway Program မှာ နိုင်ငံတကာကျောင်းသားများအတွက် ရည်ရွယ်ထားသည့် program တစ်ခုဖြစ်ပြီး UMass Dartmouth ၏ ကျောင်းဝင်ထဲတွင် ဖွင့်လှစ်ထားသည့် Navitas တွင် ပညာသင်ကြားရမည်ဖြစ်သည်။

အဆိုပါကျောင်းမှာ UMass Dartmouth တက္ကသိုလ်မှ ပထမနှစ်နှင့်ညီမျှသော ဘာသာရပ်များ ဖြစ်သည့် စီးပွားရေး၊ အင်ဂျင်နီယာ၊ ကွန်ပြူတာဆိုင်းရင့်၊ လစ်ဘရယ်အက် Liberal Arts ဘာသာရပ် များအား သင်ကြားနိုင်ကြောင်း သိရသည်။


University Pathway Program (UPP)၌ သင်ယူပြီးနောက် ဒုတိယနှစ်သို့ တိုက်ရိုက်တက်ရောက် ကာ မိမိစိတ်ကြိုက်ဘာသာရပ်များအား ရွေးချယ်ခွင့်ရှိကြောင်းကိုလည်း သိရသည်။

တက္ကသိုလ်တခုခုမှ အသိအမှတ်ပြုဘွဲ့ရရှိထားသူများအနေဖြင့် Pre Master အား လျှောက် ထားနိုင်ပြီး Pre-Master Program သင်ယူပြီးနောက် MBAနှင့်တွဲဖက်ကာ စာရင်းအင်း၊ မားကတ် ကင်း၊ စီမံခန့်ခွဲမှုနင့် ဦီးဆောင်မှုပညာရပ်များ အပါအ၀င်အခြားဘာသာရပ်များကိုလည်း လေ့လာနိုင်ပြီး Pre-Master Program သင်ယူပြီး နောက် Master of Science ရွေးချယ်ကာ Civil & Environmental Engineering ၊ Computer Engineering၊ Computer and Information ScienceElectrical Engineering၊ Mechanical Engineering ၊ Physics ဘာသာရပ်များ ဆက်လက်သင်ယူနိုင်သည်။



UMass Dartmouth မှာ အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်း၊ မက်ဆက် ချူးဆက်ပြည်နယ် တောင်ပိုင်း၊ အတ္တလန်တစ် သမုဒ္ဒယာကမ်းခြေအနီးအနားတွင်တည်ရြှိ့ပီး ကျောင်းပရ၀ဏ်မှာ ဧက(၇၀၀) ကျော် ကျယ်ဝန်းသည်။

UMass Dartmouth သည် UMass System နှင့် ၁၉၉၁ ခုနှစ်တွင် ပူးပေါင်းခဲ့သည်။ UMass System ကြီးတွင် မက်ဆက်ချူးဆက်ပြည်နယ် ရှိနာမည်ကျော် အမေရိကန်တက္ကသိုလ်များ ဖြစ်သည့် UMass Boston ၊ UMass Lowell နှင့် UMass Dartmouth ဟူ၍ ကျောင်းသုံး ကျောင်း ဖြင့်ဖွဲ့စည်းထားသည်။

အသေးစိတ်သိရှိလိုသူများအနေဖြင့် CROWN Education၊ အမှတ်(၂၇၀) ၊ ပထမထပ်၊ အခန်း(1 C) ၊ မြေနီကုန်း၊ ပြည်လမ်း၊ ဖုန်း ၀၉-၇၃၂ ၇၂၃ ၇၇ ၊ ၀၉- ၅၀ ၈၅ ၁၈၅ သို့ဆက်သွယ်မေးမြန်းနိုင်သည်။

From:[_Ko Myo_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ