Feb 18, 2013

၈၈မျိုးဆက်သစ်ကျာင်းသား ကိုကိုကြီးနှင့် ကိုဂျင်မီတို့၏ ကျောင်းသား မလုပ်တော့မည် အဖြေ

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့သို့(၇.၂.၂၀၁၃)ရက် နေ့လယ်(၁း၃၀)အချိန် ရွှေကြာအင်း(၁)ရပ်ကွက် မကွေး လမ်း ဖောင်တော်ဦးစေတီဓမ္မာရုံ ပေါ်၌ တောင်တွင်းကြီးမြို့မှ NGO အဖွဲ့အများစုပါဝင်သော ပြည်သူ (၅၀)ဦးခန့်နှင့်(၈၈)မျိုးဆက်သစ် ကျောင်းသားကိုကိုကြီးနှင့်ကိုဂျင်မီတို့(၂)ဦးတွေ့ဆုံဆွေးနွေးပွဲတွင် တောင်တွင်းကြီးမြို့မှ ဦးစိုးမင်း (ခ) (စော်ဘွားကြီး)က (၈၈)မျိုး ဆက်သစ်ကျောင်းသားများ နာမည် ပြောင်းလဲဖို့ အစီအစဉ်ရှိပါသလား။

(၈၈)မျိုးဆက်သစ်ကျောင်းသား များ ဆိုသောစာသားမှာ စည်း ခြား၊ဘောင်ခတ်ထားသလိုခံစားရ ပါကြောင်း ကျွန်တော်တို့သည် (၁၉၇၂)ခုနှစ်က (၁၀)တန်းအောင် ပြီး (၁၉၇၇)ခုနှစ်တွင် ဘွဲ့ရရှိခဲ့ သည့်အတွက် ကျွန်တော်တို့နှင့် လုံးဝမဆိုင်ဟုထင်မိပါကြောင်း ပြောကြားဆွေးနွေးတင်ပြခဲ့ရာ၊ ကိုဂျင်မီက ကျောင်းသားများကို ဖြူတ်ပစ်မှာဖြစ်ပါကြောင်း၊(၈၈) မျိုးဆက်သစ်နာမည်ကတော့ (၈) လေးလုံးအရေးအခင်းကို ပြည်သူ တစ်ရပ်လုံးက ထောက်ခံခဲ့တဲ့ အတွက် ပြောင်းလဲဖို့အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

ထို့နောက်ဦးစိုးမင်း(စော် ဘွားကြီး)က ပွင့်လင်းလူ့အဖွဲ့အစည်း ကိုလည်း ပွင့်လင်း ရိုးသားလူ့အဖွဲ့ အစည်းဟု (ရိုးသား)ကိုထည့်သင့် ပါကြောင်း၊ပွင့်လင်းမြင် သာတယ် ဆိုပြီး ကိုယ့်အိတ်ကပ်ထဲထည့်၊ ကိုယ်ကျိုး ရှာမှုတွေကိုဆန့်ကျင်ရမှာ ဖြစ်ပါ၍(ရိုးသား)ကိုလည်းဖြည့် ဆည်းထည့် သင့်ပါကြောင်း အကြံ ပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

ဟင်္သာ(တောင်တွင်းကြီး)
From:[_ Hot News _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ