Feb 21, 2013

”ရဲဆိုတာဒါလား”


Hot News ဂျာနယ်တွင် စာလုံးမဲ ကြီးနှင့်ထင်ထင်ရှားရှား ”ရဲဆိုတာဒါလား”   ခေါင်းစဉ်ကြီးကို ဖတ်လိုက်မိယုံဖြင့် ခေါင်း   နဘန်းကြီးသွားမိပါသည်။ရဲဝန်ထမ်းဟောင်း  ဖြစ်ခဲ့သည်ကိုး၊လက်ရှိ တာဝန်ထမ်းဆောင်  နေကြသော ရဲဖွဲ့ဝင်များလည်း ရင်ထဲနင့်  ကနဲ စူးဝင်သွားပေလိမ့်မည်။ အများပူး ပေါင်း ဆောင်ရွက်ကြရသော တပ်ဖွဲ့ အနေနှင့်တစ်ယောက်မကောင်းလျှင် အားလုံးခံကြရတတ်သည် မဟုတ်ပါလား။



ဆောင်းပါးရှည်ကြီးကိုဆက်ဖတ် ကြည့်တော့လည်း မငြင်းနိုင်စရာတွေရှိ သကဲ့သို့ ငြင်းနိုင်စရာတွေလည်းတွေ့ရပါ သည်။မည်သို့ပင်ဖြစ်စေ။ ဆောင်းပါးရှင်   က သူ့အမြင်သူ့အတွေး သူ့အသိများဖြင့်    ရေးသားတင်ပြထားသည်မှာ အပြစ်ဆို  ဖွယ်ရာမရှိပါ။ဆောင်းပါးတစ်နေရာတွင်   ”ရဲတိုင်းကိုမဆိုလိုပါ”ဟုဖွင့်ဟထားသဖြင့်    ”တော်သေးသဟ”ဟု ယောင်ရမ်းရေရွတ်  လိုက်မိပါသည်။
တကယ်တော့လည်း ဤသြကာသ   လောကကြီးထဲမှာ အကောင်းနှင့်အဆိုး၊   အလင်းနှင့်အမှောင် အမြင့်နှင့်အနိမ့် အတက်နှင့်အဆင်း စသည်တို့သည်။ ဒွန် တွဲနေကြသည်သာဖြစ်သည်။အဆိုးတွေ   ကိုသာလိုက်ကြည့်ပါက အဟောင်းတွေ   ပျောက်နေသလိုဖြစ်နေပေလိမ့်မည်။ တ ကယ်တော့လည်း အဟောင်းကလည်း    သူ့နေရာနှင့်သူရှိနေလျက်ပါကြည့်တတ်   လျှင် ပြင်မည်သာဖြစ်သည်။
အကောင်းမြင့်ဝါဒနှင့်မျှမျှတတ်ကြည့်  ကြမည်ဆိုပါက အဆိုးသည် အဆိုးနည်း  ၍ အကောင်းသည်တစ်စိတ်တစ်ဒေသ     အလေးသာလာနိုင်မည်ဖြစ်ပါသည်။

အဆိုးကိုအဆိုးပဲဟု မြင်နေလျှင်ပိုမိုအ ကျည်းတန်သွားပေလိမ့်မည်။
အရာရာတို့သည် ကိုယ့်အတွေး၊ ကိုယ့်အမြင်၊ကိုယ့်အထိအတွေ့ပေါ်မှာ မူတည်ပြီး ကိုယ့်ဘက်ကမှန်သည်ဟု တွေးကြ၊တောကြ၊ပြောကြ၊ဆိုကြသည်မှာ ဓမ္မတာပါပဲ၊ဆိုကြပါစို့၊ဆင်ကောင်ကြီးကို    စမ်းမိကြတဲ့မျက်မမြင်ပုဏ္ဍား(၆)ယောက်  ဟာ၊ဆင်ကောင်ကြီးရဲ့အဆွယ်ကိုစမ်းမိတဲ့    သူက ဒါဟာ လှံကြီးလို့ဆိုပါသတဲ့။နှာ မောင်းကိုစမ်းမိသူက မြွေတစ်ကောင်လို့   ဆိုပြန်သတဲ့၊နားရွက်ကို စမ်းမိသူက ယပ် တောင်ကြီးပါဗျာလို့ပြောပြန်တယ်။ ကိုယ်  ထည်ကြီးကိုစမ်းမိသူကြပြန်တော့ နံရံကြီး    ဖြစ်တယ်လို့ဆိုပြန်သတဲ့ ချေထောက်ကို   ကိုင်မိသူက တိုင်ကြီးသာဖြစ်တယ်လို့ ပြောပြန်သတဲ့ နောက်ဆုံးဆင်၏အမြီးကို   စမ်းမိသူက ယောင်းရင်းတို့ရယ် အငြင်း     ပွားမနေကြပါနဲ့တော့ ဒါဟာ ကြိုးတစ် ချောင်းသာ ဖြစ်တယ်လို့ပြောပါသတဲ့။
ပုဏ္ဍား(၆)ယောက်ရဲက ကိုယ့်အတွေး  ကိုယ့်အသိ၊ကိုယ့်ထင်မြင်ချက်နဲ့ပြောတာ တွေဟာ တကယ်တော့ တစ်ခုမှမမှန်ပါ ဘူး။သို့သော်လည်း သူတို့တစ်တွေကို အပြစ်ပြောဖို့တော့ မသင့်ပါဘူ။ဘာကြောင့်  လည်းဆိုတော့ သူတို့ခမျာ မျက်စိမှမမြင် ကြတာပဲ ခွင့်လွှတ်ကြရမည်သာဖြစ်ပါ သည်။
ရဲတပ်ဖွဲ့ဆိုတာဘာလဲ ရဲတပ်ဖွဲ့ဝင် တို့၏ အရည်အချင်းနဲ့လုပ်ငန်းတာဝန်များ  ကို အနည်းငယ်ပြောလိုပါသည်။

ရဲတပ်ဖွဲ့   ဝင်ဆိုတာ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာ အေးချမ်းသာယာရေးတာဝန်များကို ဆောင်ရွက်ရသူများဖြစ်သည်။ အများ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို    ကာကွယ်စောင့်ရှောက်ရသည်။အကူအညီ ပေးကြရသည်။ဤမွန်မြတ်သော ရည်ရွယ် ချက်များဖြင့် ရဲတပ်ဖွဲ့ကို လွန်ခဲ့သောအနှစ်  ၁ဝဝကျော်ကပင် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်  ပါသည်။
ရဲတပ်ဖွဲ့ဝင်များသည် မိမိတို့၏ ရည် မှန်းချက်ပန်းတိုင်ကို မျက်ခြေပြတ်မခံပဲ၊ နိုးကြားတက်ကြွစွာဖြင့်ချီတက်နေကြပါ သည်။ တရားဥပဒေစိုးမိုးပြီး နယ်မြေအေး  ချမ်းသာယာမှသာလျှင် အများပြည်သူ  တို့အနေဖြင့် ဥပဒေဘောင်အတွင်း၌ စည်းကမ်းရှိရှိ လွတ်လွတ်လပ်လပ်နေနိုင် ကြမည်ဖြစ်သည်။နိုင်ငံတော်ကြီးလည်း ဖွံ့ ဇြိုးတိုးတက်စည်ပင်လာမည်ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များသည် လောဘ၊ဒေါ  သ၊တရားများထွန်းကားရေးအတွက် ဥပဒေ အမျိုးမျိုးဖြင့် အကာအကွယ်ပေးထား သည်။ ၄င်းအကာအကွယ်များကို မကျိုး  မပေါက်စေရေးအတွက် စောင့်ရှောက်ရန်  မှာ ရဲတပ်ဖွဲ့ဝင်တို့၏တာဝန်ဖြစ်သည်။  ရဲတပ်ဖွဲ့ဝင်တို့သည် လောကပါလတရား၊    ထွန်းကားရေးကို ကာကွယ်စောင့်ရှောက်  နေရသော အဖွဲ့အစည်းဝင်များလည်းဖြစ်     ကြသည်။
ရဲတပ်ဖွဲ့ဝင်များသည်ဒို့တာဝန်အရေးသုံးပါးကိုဦးထိပ်ပန်ထားကြသည်။နိုင်ငံ နှင့်လူမျိုးကိုချစ်တတ်ကြသည်။နိုင်ငံတော် နှင့်မိမိတပ်ဖွဲ့အပေါ်သစ္စာစောင့်သိရိုသေ    ကြသည်။မိမိလုပ်ငန်းတာဝန်များကိုမှန်ကန်ရဲရင့်ပြတ်သားစွာဆောင်ရွက်လျက်ရှိ ကြောင်း၊မိမိဦးခေါင်းထက်၌ တင်ထား သောဦးထုတ်တံဆိပ်တွင် ဖော်ပြထား သည့် သစ္စာ၊သမာဓိ၊သတ္တိဆိုသော ဆောင်ပုဒ်က သက်သေခံလျက်ရှိပါသည်။

ရဲတပ်ဖွဲ့ဝင်ဆိုသည်မှာ
ယဉ်ကျေးသိမ်မွေ့ခြင်း
အမိန့်နာခံတက်ခြင်း
သစ္စာရှိခြင်း
ထိုးထွင်းသိမြင်တတ်ခြင်း
သူရသတ္တိနှင့်ပြည့်စုံခြင်း
အရည်အသွေးတောက်ပြောင်ခြင်း
ဤသည်တို့သည် ရဲတပ်ဖွဲ့ဝင်တို့၏ အရည်အသွေးများပင်ဖြစ်သည်။




မည်သည့် အဖွဲ့အစည်းမည်သည့် ဌာန၊မည်သည့်တပ်ဖွဲ့မဆို ခြောက်ပြစ် ကင်းသဲလဲစင်ဆိုတာမျိုးတော့ဖြစ်ရန် ခဲယဉ်းမည်သာဖြစ်သည်။ပမာဆိုရသော်    ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတတ်သည်  တော့ရှိကြစမြဲဖြစ်သည်။ ထိုအနည်းငယ်   သော ကြွက်ချေးနှင့်တူသည့် အကျင့်ပျက်   တပ်ဖွဲ့ဝင်များကို တာဝန်ရှိသူများက ရှင်း လင်းဖယ်ရှားအရေးယူမြဲဖြစ်ပါသည်။
အကျင့်ပျက်တပ်ဖွဲ့ဝင်များလျော့နည်းပပျောက်စေရေးနှင့်ပြည်သူ့ဝန်ထမ်း   ဟောင်းများဖြစ်လာစေရေး၊ဆန္ဒဂတိ၊ဘ ယာဂတိ၊ဒေါသဂတိ၊မောဟဂတိများမရှိ   စေရေးအတွက် စည်းမျဉ်းဥပဒေညွှန်ကြား  ချက်များနှင့်ထိန်းချုပ်ထားပါသည်။မြင်သာ  ထင်သာသည့် အချို့ကိုတင်ပြလိုပါသည်။
ရဲတပ်ဖွဲ့ဝင်တိုင်းသည် မြန်မာပြည်   မည်သည့်နေရာဒေသတွင်မဆို တာဝန် ထမ်းဆောင်နိုင်ရမည် ၂၄နာရီတာဝန်ရှိ နေသည်ဟု မှတ်ယူထားရမည်။အကြောင်း မဲ့ခွင့်မဲ့ ပျက်ကွက်ပါက ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေပုဒ်မ ၁၄(က)အရ အရေး  ယူခံရမည်။

ဥပဒေအရ ဖမ်းဆီခွင့်မရှိသော သူ အားအကြောင်းမဲ့ ဖမ်းဆီးထားလျှင် ချုပ်   နှောင်ထားလျှင် ရဲစည်းကမ်းထိန်းသိမ်း   ရေးဥပဒေပုဒ်မ၁၄(က)အရ အရေးယူခံ ရမည်။
ဥပဒေအရ ဖမ်းဆီးခွင့်မရှိသော သူအားအကြောင်းမဲ့ ဖမ်းဆီးထားလျှင်   ချုပ်နှောင်ထားလျှင် ရဲစည်းကမ်းထိန်းသိမ်း   ရေးဥပဒေပုဒ်မ ၁၇(က)အရ အရေးယူခံ ရမည်။
တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည်  ရဲအရေးပိုင်သော ပြစ်မှုတစ်ခုကိုလာရောက်    တိုင်ကြားပါက နှောင့်နှေးကြံ့ကြာခြင်း မရှိစေပဲ။တိုင်ချက်ဖွင့်ပေးရန်တာဝန်ရှိ သည်။ အကယ်၍တစ်စုံတစ်ရာသော  အကြောင်းများကြောင့် အမှုကိုထိန်ချန်  ထားပါက ရဲတပ်ဖွဲ့မှအမြဲတမ်းထုတ်ပယ် ခြင်းခံရမည့်အပြင် ပြစ်မှုဆိုင်ရာဥပဒေ  ပုဒ်မ ၁၇၇နှင့်၂၁၈တို့အရလည်းအရေး ယူခံရမည်။


ပြစ်မှုတစ်စုံတစ်ရာဖမ်းဆီးချုပ်နှောင် ထားသူတစ်ဦးသည် မိမိကြီးကြပ်မှုအတွင်း  မှထွက်ပြေးလွတ်မြောက်သွားပါက ပြစ် မှုဆိုင်ရာဥပဒေပုဒ်မ ၂၂၃အရ အရေးယူ  ခံရမည်။
မိမိအချုပ်တွင် ချုပ်ထားသော တရားခံတစ်ဦးအားကိုယ်ထိလက်ရောက်    ကျူးလွန်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ    ၃၃ဝအရလည်းကောင်း၊အပြင်းအထန်   ဒဏ်ရာရရှိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၃၁အရလည်းကောင်းသေဆုံးသွားပါက   ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂အရလည်း ကောင်း အရေးယူခံရမည်။

ရဲတပ်ဖွဲ့ဝင်များသည် အဂတိလိုက် စားမှုများကိုလည်း အထူးရှောင်ကြဉ်ကြ  ရသည်။မိမိကိုယ်ကျိုးအတွက် တံစိုးလက် ဆောင်နှင့်လာဘ်ငွေများရယူပါက ၁၉၄၈   ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေပုဒ်မ၄(ခ) (ဂ)/၄(၂)အရ အရေးယိုခံရမည်သာဖြစ်သည်။
တပ်ဖွဲ့ဝင်များသည် အခြားအခြား  သော တပ်ဖွဲ့ဆိုင်ရာကျင့်ထုံးဥပဒေ၊ရဲ လက်စွဲဥပဒေ၊ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်လုပ်ထုံးလုပ်နည်းညွှန်ကြားချက်    များကိုလည်းစောင့်ထိန်းလိုက်နာကြရပါ သည်။

အကယ်၍ခြေချော် လက်ချော်ဖြစ် သွားပါက တာဝန်ရှိသူများအနေဖြင့် ဖော် ကြပါ။ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်းအရေးယူတော့သည်သာဖြစ်ပါသည်။မည်သူမှလျစ်လျူရှုမထားပါ။မျက်ကွယ်   ပြု၍မရပါ။စည်းကမ်းနည်းလမ်းအတိုင်း  အရေးယူကြသည်သာဖြစ်ပါသည်။စည်းကမ်းမလိုက်နာ၍ ကိုယ်ကျိုး   ရှာ အကျင့်ပျက်၍အရေးယူခံရပါက ပြစ် မှုအကြီးအသေးအပေါ်မူတည်၍ပြစ်ဒဏ် ခံကြရသည်။ရာထူးတစ်ဆင့်လျှောသူ လျှောသည်။ တပ်ဖွဲ့မှထုတ်ပယ်ခံရသူ လည်းရှိသည်။နောက်ဆုံးထောင်ကျသွား     သူများလည်းရှိသည်။ရေတွက်ကြည့်ပါက    လက်ချိုးရေတွက်ယုံဖြင့်မလုံလောက်နိုင် ပါ အများအပြားရှိနေပါသည်။

ဆိုလိုချင်သည်မှာ ရဲတပ်ဖွဲ့ဝင်များ သည် စည်းကမ်း၊ဥပဒေတွေ ထောင်အတွင်း       ရုန်းကန်လှုပ်ရှားနေကြသော်လည်း အကောင်းမြင်နည်းနေကြသေးသည်ကို တော့ဝမ်းနည်းစရာဖြစ်ပါသည်။
ဤစာစုလေးကို ရေးနေစဉ်မှာပဲ ငယ်ဆရာတစ်ဦးပြောခဲ့ဖူးသော စကား များကိုသတိရမိတော့သည်။
ဒို့ရဲတပ်ဖွဲ့ဆိုတာ အများအကျိုး ဆောင်ရွက်နေကြတဲ့ ပရဟိတသမားတွေ  ပါကွ ဆိုကြပါစို့ စိန်ရွှေငွေရတနာတွေ  ဓားပြတိုက်ခံရ၊အခိုးခံရတော့ ရဲစခန်း လာတိုင်ကြတယ်၊ဒို့ရဲတပ်ဖွဲ့ဝင်တွေက နေ့မအား၊ညမအားစုံစမ်းဖော်ထုတ်ကြရ တယ်၊အမှုလဲပေါ်၊တရားခံလဲဖမ်းမိ၊စိန်  ရွှေငွေရတနာတွေလဲပြန်ရတော့ ဘယ်သူ  ရသလဲ ပိုင်ရှင်တွေကိုပဲပြန်ပေးကြရတယ်   မဟုတ်လား။



ကုန်ကုန်ပြောမယ်ကွာ လင်မယား    ချင်းရန်ဖြစ်တော့လဲ ဒို့ဆီပဲရောက်လာ တယ်။ ခွေးချင်းကိုက်တာတောင်ခွေးချစ်   တဲ့ကိုယ်တော်ချောတွေက ရဲစခန်းလာ တိုင်သေးတယ်၊နောက်ဆုံးကွာ သူတို့ သမီးလင်နောက်လိုက်သွားတာတောင်   လာတိုင်လို့ ဒို့ကလိုက်ရှာပေးရသေးတယ်     မဟုတ်လား။
ဒါပေမဲ့ကွာ ဝမ်းနည်းစရာကောင်း  တာက၊ဒို့ရဲတပ်ဖွဲ့က ဘယ်လောက်ပဲ ကောင်းတာတွေလုပ်ပြပေမဲ့ အဆိုးမြင် ဝါဒသမားတွေက အကောင်းမမြင်တတ် ကြသေးဘူး။ ခပ်ရိုင်းရိုင်းပြောရရင်တော့   ဒို့ရဲတပ်ဖွဲ့ဟာ အိမ်သာနဲ့တူနေတယ်။ လူတွေဟာ ဗိုက်နာလာရင် အိမ်သာကို   အတင်းပြေးကြတာပဲ ကိစ္စ ဝိစ္စလဲပြီးရော    အိမ်သာပေါ်ကဆင်းပြီး နောက်ကိုလုံးဝ  လှည့်မကြည့်တော့ဘူးမဟုတ်လား။
ဆရာသမား၏ စကားများသည် ကွက်တိကျလှသည်မမေ့နိုင်စရာကောင်း သလို မှတ်သားစရာလည်းကောင်းလှပါ  တကားလို့ပဲ ရင်ထဲက ရေရွတ်လိုက်မိပါ  တော့သည်။



မောင်မောင်(ပိတောက်မြိုင်)


From:[_ Hot News _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ