Feb 23, 2013

ဗီယက်နမ် နိုင်ငံသည် ၎င်းတို့၏ ဆက်သွယ်ရေး ဂြိုဟ်တုများအား အပြည့်အဝ ထိန်းချုပ်နိုင်ရန် စီစဉ်

 ဗီယက်နမ် နိုင်ငံသည် ဂြိုဟ်တုစနစ် ထိန်းချုပ်မှုများအား ပြည်ပ အကူအညီ များဖြင့် နှစ်ပေါင်းများစွာ လုပ်ဆောင် ခဲ့ပြီးနောက် လာမည့်လမှ စ၍ ၎င်းတို့၏ ဆက်သွယ်ရေး ဂြိုဟ်တု နှစ်စင်းအား အပြည့် အဝ ထိန်းချုပ် နိုင်ရန်အတွက် စီစဉ်သွားမည် ဖြစ်ကြောင်း ဗီယက်နမ် စာတိုက်နှင့်ဆက်သွယ်ရေး အဖွဲ့ (VNPT) က ပြောကြားခဲ့သည်။


ဗီယက်နမ် နိုင်ငံသည် VINASAI-1 အမည်ရှိ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုအား ၂ဝဝ၈ ခုနှစ် အတွင်းက လွှတ်တင်ခဲ့ပြီး VINASAT-2 အမည်ရှိ ဒုတိယမြောက် ဆက်သွယ် ရေး ဂြိုဟ်တုအား ၂ဝ၁၂ ခုနှစ်က လွှတ်တင်ခဲ့သည်။ အဆိုပါ ဂြိုဟ်တု လုပ်ငန်းများ စတင် လည်ပတ်ချိန် တွင် ပြည်ပ အကူအညီ များအား လက်ခံ ရယူခဲ့သည်။ သို့ဖြစ်၍ VNPT နှင့် အမေရိကန် လော့ခ်ဟိဒ်မာ တင် ကုမ္ပဏီတို့ ပူးပေါင်း၍ ဗီယက်နမ် အင်ဂျင်နီယာ များအား လေ့ကျင့် သင်ကြားမှုများကို လုပ်ဆောင် ခဲ့ကြသည်။ ဆက်သွယ်ရေး ဂြိုဟ်တု နှစ်စင်း ပိုင်ဆိုင်သော VNPT မှ ဗီယက်နမ် အင်ဂျင်နီယာများသည် ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု VINASAT-1 အား ၂၇ လအတွင်း အောင်မြင်စွာ ထိန်းချုပ် နိုင်ခဲ့ကြောင်း သိရသည်။

VNPT သည် VINASAT-2 အား လွှတ်တင်ပြီး ကိုးလ အကြာတွင် လွှဲပြောင်း ရယူရန် ဆောင်ရွက် လျက်ရှိရာ ပြည်ပ အကူအညီများ မပါဘဲ ၎င်းတို့၏ ဆက်သွယ်ရေး ဂြိုဟ်တု နှစ်စင်း အား အပြည့်အဝ ထိန်းချုပ် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။


From:[_ မြဝတီ _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ