Nov 5, 2012

ကျော်စွာလင်း (မကွေးဆေးတက္ကသိုလ်)သိစေရန်နှင့် သူနာပြုဆရာမတစ်ဦးကို အပုတ်ချသော စာများဇာတ်လမ်းများ ဖြန့်ဝေနေခြင်းကို အဖြစ်မှန်ဖြေရှင်းခြင်း

ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံသတင်းကို အင်တာနက်မှဖတ်ရှုသူများရှင့် ။
ကျွန်မကတော့ ဖောင်းပြင်မြို့နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် အထက်တန်းသူနာပြု ဒေါ်မြလှိုင် ဖြစ်ပါတယ်။ ကျွန်မဟာဖောင်းပြင်မြို့သူဖြစ်တဲ့အပြင် မိဘများလည်း အသက်အရွယ်ကြီးမြင့်နေကြပြီမို့ အလုပ်စ၀င်ကတည်းက ဒီမြို့မှာဘဲ ယနေ့အချိန်ထိတာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်ရှင်။ (16.10.1998) ကအလုပ်စ၀င်ခဲ့တာဖြစ်ပါတယ် မိဘများနှင့်အတူ နေထိုင်လိုတာကြောင့် လုပ်သက် (9)နှစ်နေမှ ရာထူးတိုးယူ ခဲ့တာဖြစ်ပါတယ်ရှင်။

ကျွန်မအနေနဲ့ အခုလိုရေးပြတာကတော့ ကျွန်မရဲ့သူနာပြုလုပ်ငန်း ဂုဏ်သိက္ခာတို့ကို ကျဆင်းအောင်
 အင်တာနက်မှာတင်ထားတဲ့ ကျော်စွာလင်း (မကွေးဆေးတက္ကသိုလ်)ရဲ့ စာကြောင့်ပါဘဲ။ ဖောင်းပြင်ပြည်သူ့ ဆေးရုံ လက်ထောက်ဆရာဝန်နှင့် ဖြစ်ပေါ်သည့် ကိစ္စသည် သူနာပြုဆရာမဒေါ်မြလှိုင်နှင့် ဓာတ်ခွဲမှူးတို့၏ ချယ်လှယ်မှုတို့ကြောင့် သွေးလှူရှင်အဖွဲ့နှင့် အဆင်မပြေဖြစ်ရပါကြောင်းလို့ အင်တာနက်မှာ ဖြန့်ဝေထားပါတယ်

ဒ်ီသတင်းအရဆိုလျင် ကျွန်မဟာ သူနာပြုဆရာမအနေနှင့်တောင် ရပ်တည်ဖို့ မထိုက်တန်တော့ပါ့ဘူး။ လူနာအား သွေးလှူမည့်သူကို ကျွန်မကနေပြီး တားမြစ်တယ်ဆိုတာ အခြားကျန်းမာရေး ၀န်ထမ်းမဟုတ်တဲ့သူ လုပ်တာဆိုရင်တောင် အတော်ကိုတရားမဲ့နေပါပြီ။ ဆေးရုံကဘဲဖြစ်ဖြစ် ဆေးခန်းကပဲဖြစ်ဖြစ် လူနာဟာလူနာဘဲ မဟုတ်လား။ အားလုံးနားလည်အောင် ကျွန်မရှင်းပြပါရစေ။

လက်ထောက်ဆရာဝန်ဒေါက်တာ စိုးမိုးအောင်ဟာ ဖောင်းပြင်ဆေးရုံကို (18.8.2012)ရက်နေ့မှလို့ တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ သူရောက်ရှိလာချိန်မှာ မြို့နယ်ဆရာဝန်က တိုင်းရုံးသို့သွားနေချိန်ဖြစ် ပါတယ်။ သူတစ်ယောက်တည်းရှိချိန် ခွဲစိတ်မှုတွေမှာ အူအတတ်ဖြစ်တာဆိုရင် (9)မိနစ်နှင့်ပြီးပါတယ်။ ကျွန်မ တို့လည်း ငါတို့ဆေးရုံတော့ တတ်ကြွတဲ့လူငယ်ဆရာဝန်ရောက်လာတာ အားကိုးရမှာပဲလို့ ယုံခဲ့ကြပါတယ်။ ကျွန်မတို့မြို့လေးက သေးသေးလေးဆိုတော့ သတင်းတွေဟာ ချက်ချင်းပြန့်ခဲ့ပါတယ်။ အခုရောက်တဲ့ ဆရာဝန်လေးက တော်လိုက်တာတဲ့ပေါ့။ ……နောက်သူ အခန်းငှားလို့ရတော့ အပြင်ဆေးခန်းစဖွင့်ပါတယ်။ လူနာတွေအများကြီးသွားကြပါတယ်။ ဒါပေမယ့်မကြာပါဘူး ဆေးဖိုးယူတာများလိုက်တာလို့ သတင်းထွက်လာပါ တယ်။ မြို့နေလူထုတွေဆီက နာမည်ပြောင်ပေးထားတာကောကြားရပါတယ်။ လူနာတိုင်းကို ဆလိုင်းသွင်းလို့ ဆလိုင်းစိုးမိုးအောင်တဲ့ မြို့ရိုးမပါ စိုးမိုးဆီမလာရတဲ့။

ကျွန်မဂျာနယ်ဖိုးရှင်းရင်း ဈေးဝယ်ရင်း မြို့ထဲရောက်တော့ ဆင်းရဲတဲ့သူတွေက အတတ်နိုင်ကြလို့ ဆေးဖိုးလျှော့ပေးခိုင်းအုံးဆိုပြီး မြို့မိမြို့ဖလူကြီးတစ်ဦး၏ ဇနီးက ကျွန်မ ကိုပြော ပါတယ်။ ကျွန်မကအပြင်ဆေးခန်းပဲ ကိုယ်မတတ်နိုင်လျင် မသွားနဲ့ပေါ့။ ဆေးရုံလာခဲ့ရင်ရသားပဲ၊ ကျွန်မ က ဘယ်လိုပြောလို့ ရမလဲလို့ ပြန်ပြောခဲ့ပါတယ်။
နေစရာအိမ်ပါငှားလို့ရတော့ အတွင်းလူနာတွေပါတင်မယ်၊ ခွဲစိတ်ခန်းလည်းလုပ်မယ် သူ့ကိုကူပါဦးလို့ ဒေါက်တာစိုးမိုးအောင်က ကျွန်မကိုပြောပါတယ်။ ကျွန်မက အခြားအထက်တန်းသူနာပြုတစ်ယာက်နားရက်ပါ။ သူ့ကိုခေါ်လိုက်ပါဆိုတော့ မလာရင်လည်းရတယ် (Reason)မပေးနဲ့လို့ ပြန်ပြောပါတယ်။ အဲ့တာန့ ကျွန်မက ဆရာ ကျွန်မက ဒီဆေးရုံမှာ အကြီးဖြစ်နေပါတယ် ကျွန်မကတော့ အပိုဝင်ငွေတွေရလို့ ကျန်တဲ့သူတွေမရရင် ဘယ်သူကမှတာဝန်မပေးပေမဲ့ ကျွန်မဘာသာ တာဝန်မကျေသလို ခံစားရမှာပါ။ အဲ့ဒီတော့ ကျန်တဲ့ဆရာမ တွေကိုရောမေးပြီး အားတဲ့သူ သွားလုပ်မယ် ရတာကို လကုန်တဲ့အခါကျမှ ခွဲယူမယ်။ အားလုံးကဲအဲ့လိုသ ဘောတူရင် ကျွန်မများများကူရပါစေ ရတယ်လို့။ အဲ့ဒီအချိန်ရှိနေတဲ့ ဆရာမတွေလည်းကြားကြပါတယ်။

ဒါဆိုလည်း ခင်းဗျားတို့ နပ်အစည်းအဝေးထိုင်ကြဦးပေါ့ဆိုပြီး ပြောသွားပါတယ်။ အဲ့ဒီနောက်ဘာခွဲတာလဲ ကျွန်မမသိပါဘူး။ အဲ့ဒီခွဲစိတ်မှုမှာ သွားကူးတဲ့ အထက်တန်းသူနာပြု နှင့် သူနာပြုများက သူတို့လုပ်တာသူတို့ပဲ ယူမယ်ဆိုတဲ့ သဘောထားကို ကျွန်မတဆင့်  စကားကြားရတဲ့ အချိန်မှာ ဒေါက်တာစိုးမိုးအောင်ရဲ့ ကိုယ်ပိုင် ဆေးခန်း မှာခွဲစိတ်ခြင်းကို ကျွန်မလုံးဝ စိတ်ပါဝင်စားခြင်းသော်မှ မရှိခဲ့ပါဘူး။(18.9.2012)ရက်နေ့ မနက်(8;55) မိနစ်မှာ လူနာ မာမာအေး အသက် (28)နှစ်ဟာ (3)ယောက်မြောက် ကိုယ်ဝန်နှင့်ရောက်လာပါတယ်။ သားကြောဖြတ်ချင်လို့တဲ့ အဲ့ဒါနဲ့ ကျွန်မက အသက်လည်းမပြည့်သေးတော့ လျောက်လွာလည်းမတင်ရသေးတော့ ဖြစ်လို့ရမှာတော့မဟုတ်သေးဘူး ဒါပေမဲ့ လိုအပ်တဲ့ ကုသမှုရအောင် ဆရာဝန်လာအောင်စောင့်ဦး မေးဦးလို့ပြောထားပါတယ်။ အဲ့ဒီလူနာကို နောက်တစ်နေ့မှာ ဆေးရုံဆင်းပေးပါတယ်။

 ကျွန်မရှေ့မှာတော့ လျှောက်လွှာတင်လိုက်ပါဦး ဘာညာပြောလိုက်ပါတယ်။ ကျွန်မကလည်း ဟုတ်တယ် ငယ်သေးတယ် တစ်ခြားနည်းတွေနဲ့ တားထားလည်းရတာဘဲလို့ ၀င်ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာဘဲ ဓာတ်ခွဲမှူးက မာမာအေးတော့ ဆေးခန်းရောက်သွားပြီဗျလို့ လာပြောတော့ ကျွန်မလုံးဝလက်မခံခဲ့ပါဘူး။ ကိုယ့်ရှေ့မှာတင် ဆေးရုံဆင်းပေးခဲ့တာကိုး။ နောက်အဲ့ဒီလူနာ မာမာအေးရဲ့ အစောင့်က (21.9.2012) သောကြာနေ့ မနက် (10;00)နာရီမှာ ဗိုက်ခွဲမွေးပြီး သားကြောဖြတ်ပြီးသွားပြီ လျှောက်လွှာတင်ချင်လို့ဆိုပြီး ရုံးခန်းမှာ လာဝယ်မှ ကျွန်မက ဓာတ်ခွဲမှူးပြောတာ အမှန်ဆိုတာကိုသိပြီး အံ့သြခဲ့ရပါတယ်။ ဒီလောက်ထိ တရားလက်လွတ်နိုင်မယ်လို့ မထင်ခဲ့တာကိုး။

သွေးလှူရှင်အဖွဲ့နှင့် အဆင်မပြေဖြစ်ကြတယ်ဆိုတဲ့ (ကျော်စွာလင်းအရေး)အကြောင်း ဖြစ်ပေါ်လာတာက လူနာ ဒေါ်ရီအသက် (42)နှစ်ကို ခွဲစိတ်တဲ့အချိန်မှာ ဖြစ်ပါတယ်။ အဲ့ဒီလူနာက ကျွန်မတို့ ဖောင်းပြင်မြို့နယ် မင်းနားတာရွာက ဖြစ်ပါတယ်။ အဲ့ဒီဆေးခန်းက ဆရာဝန်လေးက အနာကြီးကြည့်ပြီးတော့ သူမကုဘဲ ဆေးရုံကိုသွားခိုင်းလိုက်ပါတယ်တဲ့။ အဲ့ဒီလူနာကိုသူ့ဆေးခန်းမှာခွဲတာပါ။ (23.8.2012)ရက်နေ့မှာ မခွဲခင်လိုအပ်တဲ့ စစ်ဆေးမှုများပြုလုပ်တော့ ဟေမိုဂလိုဘင်(Haemoglobin) 8.4 gm% ဘဲရှိတယ်။ ကင်ဆင်လို့ယူဆနိုင်တဲ့ အနာမျိုးနှင့်တူတဲ့ သွေးအားနည်းနေတဲ့ လူနာကို ခွဲစိတ်ပြီး သွေးထွက်များတော့မှာ သူခေါ်ထားတဲ့ကလေးကို ဓာတ်ခွဲမှူးကိုအခေါ်လွှတ်တယ်။ အဲ့ဒီအချိန် ဆရာဝန်ကြီးကလည်း ညဘက်လူနာလာ ကြည့်နေတော့ ဓာတ်ခွဲမှူးက အရေးကြီးတဲ့လူနာလည်းရှိနေတော့ လိုက်မသွားခဲ့ပါဘူးလို့ပြောခဲ့ပါတယ်။

 အဲ့ဒီအကြောင်းတွေကို ဒီမနက်မှ စုံစမ်းသိရှိတာဖြစ်ပါတယ်။ သွေးလှူရှင် ရ-မရ၊ သွေးရ-မရ ကျွန်မဘာမှ မသိနိုင်ပါဘူး။ အဲ့ဒီအချိန် Night Duty ကျနေတာက သူ့ဆေးခန်းကို သွားကူတဲံဆရာမပါ။ ကျွန်မနောက်နေ့ ဆေးရုံသွားမှ ညက အဲံဒီလိုလာခေါ်ရသေးတယ်ဆိုတာပဲ သိရပါတယ်။ အဲ့ဒီနောက်ပိုင်း ကျွန်မတို့ရဲ့ ဆရာဝန်ကြီးကို မြို့နေလူတစ်ဦးက သွားပြီး အခုလိုခွဲစိတ်တဲ့ အကြောင်းတွေ အန္တာရယ်များတဲ့အကြောင်းတွေ သွားပြောပြတော့ ဌာနအကြီးအကဲ တစ်ဦးအနေနဲ့ ရှေ့ဆက်မခွဲစိတ်ဖို့ ဆေးခန်းလိုင်စင်လျှောက်ပြီးမှသာ လုပ်ကိုင်ဖို့ အမိန့်စာကို ဒေါက်တာစိုးမိုးအောင်ကို လိပ်မူပြီး တိုင်းရုံးနှင့် သက်ဆိုင်ရာဆရာမတွေကို မိတ္တူပို့ ခဲ့ ပါတယ်။

အဲံဒီလိုစာထုတ်ပြန်တော့ စာရေးမကို နောက်ကွယ်မှာ အမျိုးမျိုးပြောကြတယ်ဆိုပြီး လာပြောပြရင် သူတို့အထင်လွှဲလို့ပြောတာပါကွယ်။ သည်းခံလိုက်ပါလို့ ဖျောင်းဖျခဲ့ပါတယ် တစ်ခါ နန်းယွန်းအထိသွားပြီး ရာထူးတိုးယူထားတဲံ ညီမလေးကအဲ့ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လာပြောရင်လည်း ကျွန်မနားထဲကို မ၀င်အောင် နေခဲ့ပါတယ်။ သစ်တုံးကြီးပြောနေတာကြလို့ဆိုပြီး ဒေါကန်တောင်ခံရပါသေးတယ်။ သူကပြဿနာ တတ်ကြရင် အကုန်လုံးအပြစ်ပေးခံရမှာ ကြောက်နေတာ အဲ့ဒါနဲ့ ကျွန်မကဘာဆိုင်တာလဲ ကိုယ်ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူးလို့ နှစ်သိမ့်ပေးခဲ့ပါတယ်။ ကျွန်မမကောင်းပြောကြရင်လည်း သည်းခံဖို့ သတိထားပြီးနေခဲ့ပါတယ်။

သူတို့စိတ်မကောင်းလို့ လျှောက်တွေးပြီး ပြောနေကြတာ အချိန်တန် အေးသွားမှာပဲလို့ တွေးလည်းတွေး ခဲ့ပြောလည်းပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလောက်ကင်းအောင်နေခဲ့ပါလျက်နဲ့ ကျွန်မရဲ့ သူနာပြုအလုပ်ကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် စွပ်စွဲခံရတဲ့အတွက် ကျွန်မအနေနဲ့ ပြန်လည်ဖြရှင်းရတာ ဖြစ်ပါတယ်ရှင့်။ ကျွန်မကို လူများသိအောင်အသရေဖျက် စွပ်စွဲရေးသားတာနဲ့ ပတ်သက်ပြီး
ကျော်စွာလင်း (မကွေးဆေးတက္ကသိုလ်) ကို မေးခွန်းလေးတွေ မေးချင်ပါတယ်။ ဖြေကြားပေးပါ။.
၁။ ကျွန်မကိုဘယ်လိုသိတာလဲ။
၂။ ဘာဖြစ်လို့ အခုလို အသရေဖျက်ရေးသားပါသလဲ။
ကျွန်မကတော့ သွေးကူညီမှုအသင်းက လူငယ်များနဲ့ အရွယ်လည်းမတူလို့ မရင်းနှီးပါဘူး၊
ဘယ်သူတွေ ပါမှန်းလည်း သေချာတောင်မသိတဲ့အတွက် ချယ်လှယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အခုရေးတဲ့အတိုင်း မှန်/မမှန်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး အချိန်မရွေး စုံစမ်းနိုင်ပါတယ်လို့ ကျော်စွာလင်း (မကွေး)ထံ အကြောင်းပြန်ပါတယ်။
ဒီစာကို ထည့်ပေးကြတဲ့ ဂျာနယ်အယ်ဒီတာများ ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်စွာဖြင့်………

ဒေါ်မြလှိုင်
အထက်တန်းသူနာပြု
ဖောင်းပြင်မြို့။

(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ခင်ဗျားတို့နှစ်ယောက်လုံးကိုမယုံဘူး။ တကယ်သေချာကြတယ်ဆို နှစ်ယောက်လုံး လေးဆူဓာတ်ပုံရွှေတိဂုံမှာ သစ္စာတိုင် ...မှားတဲ့သူ အောက်ပိုင်းသေ...အစားမဝင်ဖြစ်..ခံစားရပြီး နောင် နှစ် ၂၀ (နှစ်ဆယ်)ကျော်မှ သေပါစေ....ပြီးဖြစ်လေရာဘဝ အသက် ၄၀ ကျော်မှ လေငန်းဖြတ်ပါစေ(ငယ်ငယ်နဲ့သေရင် မိဘတွေ ခံစားရမှာ) ကျွေးမွေးစောင့်ရှောက်မယ့်သူမရှိပါစေနဲ့။သေရင်တောင် သင်္ဂြိုလ်မယ့်သူမရှိဘဲ ခွေးစာ၊ ဝက်စာနဲ့သေပါ့စေ။ဘဝ နှစ်ဆယ်(၂၀) ခံရပါစေလို့ ကျိန်ပြော.....သေသမျှ သူတပါးလုံ့လဝီရိယကြောင့်ပဲဖြစ်ပါစေ....(ကဲ...ဘယ်လိုလဲပြော မှန်တယ်ဆို ရင် ပြန်ချေပပေါ့ စောင့်ဖတ်မယ်)ကန်တော့ပွဲနဲ့ ရွှေတိဂုံမှာ သစ္စာဆိုနေတဲ့ပုံတင်ပေးရင် ဖုန်းနံပါတ်ပေးမယ်)

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ