Nov 10, 2012
မြိတ်မြို့ရှိ ဓါတ်အားပေးစက်ရုံကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲ(ဓါတ်ပုံ ၁၁ ပုံ)
မြိတ်မြို့ ကျောက်ဖျာ ကျေးရွာအုပ်စ လော့လော ကျေးရွာတွင် တည်ဆောက်မည့်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ကန့်ကွက်သူများက (၄)ရက်နေ့တွင် တရားဝင် ဆန္ဒ ဖော်ထုတ် ကန့်ကွက်ခဲ့ ပြီးနောက် တစ်ပတ်အကြာ ယနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် အင်အား ထောင်ချီ ပါဝင်သော မြိတ်လူထုက ပုလဲရတနာ ခန်းမကာ စတင်ကာ ကမ်းနားလမ်း တစ်လျှောက် ကန်ကြီးလမ်းဆုံ (တြိဂုံအ၀ိုင်း) အထိ ချီတက်ပြီး ငြိမ်းချမ်းစွာ စုဝေးလှည့်လည် ချီတက် ဆန္ဒ ဖော်ထုတ်ကြသည်။
ပေါ်ထွန်းလာရေး၊ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ အလုပ်လက်မဲ့ဦးရေ လျော့နည်း ပပျောက်ရေး၊ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုအောင်မြင်ရေး၊ စသည့် ကြွေးကြော်သံများ ဖြင့် ကမ်းနား လမ်းတစ်လျှောက်ချီတက် ဆန္ဒ ဖော်ထုတ်ခဲ့ကြပြီးနောက် နံနက် (၈)နာရီ (၄၅) မိနစ်ခန့်တွင်
ဆန္ဒဖော်ထုတ်မှု အား ရုပ်သိမ်းလိုက်ကြသည်။
ဆန္ဒဖော်ထုတ်သူများသည် မြိတ်ခရိုင် လူထု၏ သဘောထားကြေညာချက်ခေါင်းစဉ်ချက်ဖြင့်တောင်းဆိုချက် (၂) ခုပါဝင်သော ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။မြိတ်မြို့တွင် ယခုလက်ရှိ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး အဖွဲ့ ၁၀)ခုဖြင့်ဒီဇယ်သုံးဓာတ်အားပေးစက်ရုံ ၁၃ရုံဖြင့်မြိတ်မြို့တွင်လျှပ်စစ်ဓာတ်အားပေးလျက် ရှိပြီး ဓာတ်အားခ တစ်ယူနစ်လျှင် ဒီဇယ်ပေါက်ဈေးအရ တစ်ယူနစ် ပျှမ်းမျှခြင်း (၄၅၀) ကျပ် နှုန်း ကောက်ခံလျက်ရှိသည်။
ှု(ကိုရဲ ပေးပို့သည်)
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ