Nov 9, 2012

ကမ္ဘာ့ပထမဆုံး နျူစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အင်တာပရိုက် တာဝန်မှအနားယူ

From:.ခေတ်လူငယ်....//
၁၉၆၂ ခုနှစ် ကျူးဘားဒုံးပျံအရေးအခင် နောက်ပိုင်း အမေရိကန်ပြည်ထောင်စု၏ အဓိက စစ်ရေးပဋိပက္ခများတွင် ပါဝင်ခဲ့သော ယူအက်စ်အက်စ် အင်တာပရိုက်စ် လေယာဉ်တင်သင်္ဘောကြီးသည် ၄င်း၏ ပင်လယ်ပြင် စစ်ရေးတာဝန်များကို နိုဝင်ဘာ ၄ ရက်က အဆုံးသတ်လိုက်ပြီဖြစ်သည်။



ကမ္ဘာ့ပထမဆုံး နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောအဖြစ် စာရင်းဝင်ခဲ့သော ယူအက်စ်အက်စ် အင်တာပရိုက်စ်သည် ဗာဂျီးနီးယားပြည်နယ် နော်ဖော့်ခ်ရေတပ်စခန်း ဆိပ်ခံတံတား၌ ဆိုက်ကပ်ပြီးနောက် ၄င်း၏ နျူကလီးယား ဓာတ်ပေါင်းဖိုရှစ်လုံး လည်ပတ်မှုကို စတင်ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ယူအက်စ်အက်စ် အင်တာပရိုက်စ်သည် (၂၅)ကြိမ်မြောက်နှင့် နောက်ဆုံးအဖြစ် ပင်လယ်ပြင် စစ်ရေးဖြန့်ကြက်မှု တာဝန်ကို ရှစ်လကြာ ထမ်းဆောင်ခဲ့ပြီးနောက် ၄င်းအခြေစိုက်ရာ ဗာဂျီးနီးယား ပြည်နယ် နော်ဖော့ခ်ရေတပ်စခန်းသို့ နိုဝင်ဘာ ၄ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့သည်။


ယူအက်စ်အက်စ် အင်တာပရိုက်စ်ပေါ်မှ တိုက်လေယာဉ်များသည် အာဖဂန်စစ်ပွဲကာလအတွင်း အမေရိကန်နိုင်ငံနှင့် နိုင်ငံတကာ မြေပြင်တပ်ဖွဲ့များအား အထောက်အကူပေးသည့် အနေဖြင့် တိုက်ပွဲဝင်ပျံသန်းမှုအကြိမ်ရေ ၂၂၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ဗုံးအလုံးရေ ၅၆ လုံး ကြဲချခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် စူးအက်တူးမြောင်းကို ဖြတ်သန်းခဲ့သော ပထမဆုံး နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောဖြစ်သည့် ယူအက်စ်အက်စ် အင်တာပရိုက်စ်သည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု ဖြစ်စဉ်ကို ပထမဆုံး တုံ့ပြန်ခဲ့သော လေယာဉ်တင်သင်္ဘောလည်း ဖြစ်သည်။

(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ