Nov 4, 2012

အားဖြည့်အချိုရည်သောက်ပြီး သေဆုံးသွားသည့်အတွက် အချိုရည်ထုတ်စက်ရုံကို တရားစွဲထား

Anais Fournierဆိုတဲ့ ၁၄နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အားဖြည့် အချိုရည်သောက်ပြီး သေဆုံးသွားတာကြောင့် သူမရဲ့မိဘတွေဟာ ကယ်လီဖိုးနီးယားမှ အချိုရည်ထုတ်စက်ရုံကို တရားစွဲဆိုထားကြောင်း သိရပါတယ်။

သူမအနေနဲ့ ၂၄နာရီအတွင်း အားဖြည့်အချိုရည် နှစ်ဘူးသောက်ပြီး နောက်ပိုင်းမှာ နှလုံးတိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သူမသောက်တဲ့ အားဖြည့်အချိုရည် နှစ်ဘူးမှာပါဝင်တဲ့ ကဖင်းပမာဏဟာ ကိုကာကိုလာ၁၄ဘူးမှာ ပါဝင်တဲ့ပမာဏနဲ့ တူညီနေတယ်လို့ ရှေ့နေတွေကဆိုပါတယ်။ အဲဒီအားဖြည့်အချိုရည်ကို ထုတ်လုပ်သူအနေနဲ့ ပါဝင်တဲ့အန္တရာယ် ဖြစ်နိုင်လောက်တဲ့ ကဖင်းပမာဏကို လူထုကိုဖော်ပြမှုမရှိတာကြောင့် တရားစွဲဆိုခံရတာ ဖြစ်တယ်လို့သိရပါတယ်။..
(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ