Nov 10, 2012

မြိတ်မြို့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုမိန့် ရရှိပြီဖြစ်သဖြင့် ဆန္ဒဖော်ထုတ်ကြတော့မည်

အစိုးရ လုပ်သမျှ စီမံကိန်း တိုင်းကို တမင် ရွှဲ့ကာ ကန့်လန့်တိုက်ပြီး ဖျက်လိုဖျက်ဆီး ဆန္ဒဖြင့် နောက်ကွယ်မှ ကြိုးကိုင်ကုန်သော နိုင်ငံရေးသမားများနှင့် ပရော်ဖက်ရှင်မဟုတ်သော သတင်းထောက်များ ဂျာနယ်များသွေးထိုးမှုကြောင့် ပြည်သူများမှာ အစိုးရလုပ်သမျှကို ဆန္ဒပြနေတော့သည် .။ သို့သော် ယခုအခါ မြိတ်မြို့တွင် ဆောက်လုပ်မည့် ကျောက်မီးသွး ဓါတ်အားပး စက်ရုံကို ရေရှည်မြင်သော ပြည်သူများက ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မည်ဖြစ်ပါသည် ။


မြိတ်မြို့ ကျောက်ဖျာကျေးရွာအုပ်စ လော့လော့ ကျေးရွာ တွင် တည်ဆောက်မည့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုအား ကန့်ကွက် ဆန္ဒဖော်ထုတ် မှုများ
ဖြစ်ပေါ်ခဲ့ပြီး (၆) ရက်အကြာတွင် ထို ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှုကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးထံ တင်ပြထားခြင်းအား ရဲတပ်ဖွဲ့မှူးရုံးမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း အတွက် ခွင့်ပြုမိန့် (အမှတ်စဉ် - ၂/၂၀၁၂) ဖြင့် နိုဝင်ဘာ (၇) ရက်နေ့တွင် လူအင်အား (၂၅၀) ဦးဖြင့် (၁၀)ရက်နေ့ နံနက် (၀၉၀၀) နာရီမှ (၀၉၃၀) နာရီ အချိန်ထိ မြိတ်မြို့ ပုလဲရတနာခန်းမမှ ကမ်းနားလမ်းအတိုင်း တြိဂံလမ်းဆုံ (ကန်ကြီးလမ်းဆုံ) အထိ စီတန်းလှည့်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါသည် ။

ထိုသို့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခြင်းနှင့်စုဝေးခြင်းကို ဦးမြင့်စိုး ၆/မအရနိုင်)-133382) ပါရမီ (၁) ရပ်ကွက်နှင့် ဦးစိုးနိုင် (၆/မအရ(နိုင်)083895)မြိတ်တောင်နယ်မြေတို့မှဦးဆောင်ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ရာတွင်အသုံးပြုမည့်ကြွေးကြော်သံနှင့်ပိုစတာ၊ဆိုင်းဘုတ် စာတမ်းများမှာ-
 
  •  လျှပ်စစ်ဓာတ်အား ဈေးနှုန်း ကျဆင်းရေး(ဒို့အရေး)၊
  •  လျှပ်စစ်ဓာတ်အား အပြည့်အ၀ ရရှိရေး (ဒို့အရေး)၊
  •  မြိတ်ခရိုင်ဖွံ့ဖြိုးတိုးရေး (ဒို့အရေး) ၊ 
  • အလုပ်ရုံ၊ စက်ရုံများ ပေါ်ထွန်းလာရေး(ဒို့အရေး)၊
  •  ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး (ဒို့အရေး)၊
  • အလုပ်လက်မဲ့ ဦးရေ လျော့နည်း ပပျောက်ရေး (ဒို့အရေး)၊
  •  ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှု အောင်မြင်ရေး (ဒို့အရေး)၊
  • ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုကို (ကြိုဆို ပါသည်/ထောက်ခံပါသည်) 
တို့ အသုံးပြုမည် ဖြစ်ကြောင်း သိရှိရပါသည် ။
 
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ