Nov 5, 2012

ပိတောက်ပင် ရေနံမှော်၌ မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ သရက်မြို့နယ် ပိတောက်ပင် ရေနံမှော် ရွှေရာသီ ကုမ္ပဏီ ရေနံလက်ယက်တွင်းတိမ် ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ လုပ်ကွက်အတွင်း နိုဝင်ဘာ ၂ ရက် နံနက် ၆ နာရီ မိနစ် ၄၀ ခန့်က (၁၂)ကြိမ်မြောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 ဖြစ်စဉ်မှာ ရွှေရာသီကုမ္ပဏီ လုပ်ကွက်အတွင်းရှိ တွင်းအမှတ် MS-20 ရေနံတွင်း၌ ရေနံခပ်လုပ်သား အောင်ကျော်မိုး(၃၂) နှစ် ဝါးခယ်မမြို့ ဧရာဝတီတိုင်းဒေသကြီး နေသူသည် ရေနံခပ်ယူနေစဉ် ရေနံခပ်ခွက်နှင့် တွင်းကာပိုက်တို့ ပွတ်တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ရေနံတွင်းအမှတ် MS 11/12/13/19 တွင်းများသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ရေနံတွင်း ငါးတွင်းမှ ရေနံခပ်ပစ္စည်းများဖြစ်သော ကလပ်ခုံ အင်ဂျင်စက်ငါးစုံ၊ ဆီစုပ်ပန့် တစ်စုံ၊ ဆိုင်ကယ်တစ်စီး၊ စက်ဘီးတစ်စီး၊ ရေနံခပ်လုပ်သား နားနေတဲသုံးလုံး၊ ခပ်ယူပြီး ရေနံပီပါနှင့် ယာယီမိုးကာ လှောင်ကန်အတွင်းရှိ ရေနံစိမ်းပီပါ ၅၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ သရက်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးမြင့်နိုင်ထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင် ၁၇ ဦးတို့က မီးသတ်ယာဉ်နှစ်စီး၊ ဆီမီးသတ်ဆေးရည်တို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်မှု ဖြစ်ပွားစေရန် ပေါ့ဆစွာပြုလုပ်သူ အောင်ကျော်မိုး ၃၂ နှစ်အား သရက်ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
From:ခေတ်လူငယ်......
(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ