Nov 5, 2012

စီအိုင်အေတို့ သူလျှိုကြောင် တစ်ကောင်အတွက် ဒေါ်လာ သန်း ၂၀ ရင်းခဲ့ဖူး

From:...International news for myanmar...
၁၉၆၀ ခုနှစ်နောက်ပိုင်း စစ်အေးကာလက ဖြစ်ပါတယ်။ ဆီုဗီယက်တို့ရဲ့  ကွန်မြူနစ် လွမ်းမိုးမှုကို တားဆီးရန် သူလျှိုအမြောက်အများ မွေး ထုတ် စေလွတ်ပါတယ်။ တာဝန် ထမ်းဆောင်စေပါတယ်။ ယင်း သူသျှိုတွေထဲ မှာ ကြောင်တွေလည်း ပါဝင်ပါတယ်။

ရည်ရွယ်ချက်က ဒီလို ဖြစ်ပါတယ်။ ရန်သူတို့ရဲ့  တိတ်တဆိတ် ဆွေးနွေး ပွဲ တွေမှာ ယင်းကြောင်ကို စေလွတ်ပြီး သတင်း အချက်အလက်များ မှတ်သားလာစေဖို့ ဖြစ်ပါတယ်။ ဒီအတွက် ကြောင်ရဲ့  ခန္ဓာကိုယ်ထဲကို ဝါယာကြိုးများ စက်ပစ္စည်းများ တပ်ဆင်စေပါတယ်။ ဒီအတွက် ကြောင်ရဲ့  ကျန်းမာရေးနဲ့ အသက် အန္တရာယ်ကိုလည်း မထိခိုက်စေ ပါဘူး။ အမြီးကိုတောင် အင်တာနာ တစ်တိုင်လို လိုင်းဖမ်းလို့ ရအောင် ဖန်တီး လိုက်ပါတယ်။ ကြောင်တစ်ကောင် အခန်းထဲ ဝင်ရင် ဘယ်သူမှ အရေးတယူ မလုပ်ဘူးဆိုတဲ့အချက်အကြောင့်မို့ သူသျှို တစ်ကောင် ဖြစ်အောင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ သူ့ကို Acoustic Kitty လို့တောင် နာမည် ပေးထားပါတယ်။


ဒီအတွက် ကုန်ကျစရိတ်ကို တစ်ကောင်ကို အမေရိကန်ဒေါ်လာ သန်း ၂၀ ရှိပါတယ်။ ၁၉၆၁ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ခရီးမရောက်ပါဘူး။ အဓိကအချက်ကတော့ ယင်း ကြောင်ဟာ ဗိုက်ဆာတဲ့အခါ သူလိုရာကို စိတ်ကြိုက်သွားလာ တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ကြောင်ကို Command ပေးနိုင်မယ့် နည်းပညာ တွေ ကြိုးစားရှာပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် သန်း ၂၀ တန် ကြောင်သူလျှို စီမံကိန်းကြီး ပျက်ဆီးခဲ့ရပါတယ်။

ကြောင်တစ်ကောင်ကို ဒေါ်လာ သန်း ၂၀ ရင်းပြီး သူသျှိုအဖြစ် မွေးထုတ် ခဲ့တဲ့ သတင်းကတော့ စီအိုင်အေမှာ ရယ်စရာ တစ်ခုအနေနဲ့ ကျန်ရှိနေခဲ့ ပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ