Nov 7, 2012

ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ထောက်ခံကြောင်း နိုဝင်ဘာ(၁၀)ရက်နေ့တွင် မြိတ်လူထု စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည်

မြိတ်မြို့နယ် လော့လော့ကျေးရွာတွင် တည်ဆောက်မည့် (50) MW ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့် လုပ်ငန်းအား ပြီးခဲ့သည့် (၄) ရက်နေ့ တနင်္ဂနွေနေ့တွင်အင်အား (၂၅၀) ဦးခန့်က ကန့်ကွက်ပြီးနောက် အဆိုပါ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ တည်ဆောက်မည့် ကိစ္စအား ထောက်ခံကြောင်းနှင့်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုကြောင့် ရရှိလာမည့်
အကျိုးကျေးဇူးများအား ကြိုဆိုကြောင်း  မြိတ်ခရိုင် လူထုမှ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခြင်းကိုနိုဝင်ဘာလ (၁၀) ရက်နေ့ (စနေနေ့)တွင် မြိတ်မြို့၌ ပြုလုပ်မည် ဖြစ်ကြောင်းသိရှိ ရသည်။



အဆိုပါ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှု အတွက် စုဝေးခြင်းနှင့် လှည့်လည်စီတန်း ဆန္ဒ ဖော်ထုတ်ခြင်းကို (၁၀)ရက်နေ့ နံနက် (၇) နာရီတွင် မြိတ်မြို့ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမ အရှေ့တွင် စုဝေးပြီးနောက် နံနက် (၈း၃၀)နာရီအချိန်တွင် ပုလဲရတနာ ခန်းမမှ ကမ်းနားလမ်းအတိုင်း  သဲကွင်းကုန်တိုက်အထိ စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်မည် ဖြစ်ပြီး နံနက် (၁၀)နာရီခန့် အချိန်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရှိရသည်။

စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ရာတွင် အသုံးပြုမည့် ကြွေးကြော်သံနှင့်ပိုစတာ ၊ ဆိုင်းဘုတ် စာတမ်းများမှာ--
  •  လျှပ်စစ်ဓာတ်အား ဈေးနှုန်း ကျဆင်းရေး
  • (ဒို့အရေး)၊ လျှပ်စစ်ဓာတ်အား အပြည့်အ၀ ရရှိရေး (ဒို့အရေး)၊
  •  မြိတ်ခရိုင်ဖွံ့ဖြိုးတိုးရေး (ဒို့အရေး) ၊ 
  • အလုပ်ရုံ၊ စက်ရုံများ ပေါ်ထွန်းလာရေး(ဒို့အရေး)၊
  •  ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး (ဒို့အရေး)၊
  • အလုပ်လက်မဲ့ ဦးရေ လျော့နည်း ပပျောက်ရေး (ဒို့အရေး)၊
  •  ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှု အောင်မြင်ရေး (ဒို့အရေး)၊
  • ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုကို (ကြိုဆို ပါသည်/ထောက်ခံပါသည်) ၊


တို့ အသုံးပြုမည် ဖြစ်ကြောင်း ဦးဆောင်နေသူ တစ်ဦးက
ပြောကြားသည်။

ထိုသို့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခြင်းနှင့်
စုဝေးခြင်းကို
  •  ဦးမြင့်စိုး (၆/မအရနိုင်)-133382) ပါရမီ (၁) ရပ်ကွက်နှင့်
  •  ဦးစိုးနိုင် (၆/မအရ(နိုင်)083895) မြိတ်တောင် နယ်မြေ

 တို့မှဦးဆောင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ