Nov 5, 2012

ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ ငွေကြေးစစ်ပွဲသစ်လား


အခုဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံအတော် များများရဲ့ ဈေးကွက်ထဲမှာ အတိုးနှုန်း က သုညနားကပ်နေပြီ။ ဒါကြောင့် အတိုးနိမ့်တဲ့နေရာကချေးပြီး မြင့်တဲ့ နေရာသွားအပ်ဖို့ မဖြစ်နိုင်ဘူး။ ဝင် ငွေမြင့်မားစေရမယ်လို့ အားကိုးလို့ ရနိုင်တဲ့ သြစတြေးလျ ဒေါ်လာတောင် မှ သိပ်ပြီး ဆွဲဆောင်နိုင်စွမ်းမရှိတော့ ဘူး။ အောက်တိုဘာ ၂ ရက်တုန်းက သြစတြေးလျဘဏ်က အတိုးနှုန်းကို ၃ ဒသမ ၂၅ ရာခိုင်နှုန်းလို့ ပြောင်းပြီး သတ်မှတ်လိုက်ပြီ။ သြစတြေးလျရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးတာကို တုန့်ပြန်တဲ့အနေနဲ့ပေါ့။ ဒါကြောင့် အခု ဆိုရင် သြစတြေးလျ ဒေါ်လာဟာ အားမကောင်းတော့ဘူး။

          ကာလတိုမှာ အတိုးနှုန်းတွေ သိပ် မကွာကြတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေ က ငွေချေးစာချုပ်ဈေးကွက်ထဲက အတိုးနှုန်း (Yield) ခြားနားချက်တွေ ကို ကြည့်ကြပြန်တယ်။ ဟိုတုန်းကလို ဈေးကွက်မှာဖြစ်နေတဲ့ အတိုးနှုန်းတွေ ကိုမကြည့်ကြတော့ဘဲ ငွေဖောင်းပွမှု ကို နှုတ်ပြီးသား အမှန်တကယ်အတိုး နှုန်းခြားနားတာကို ပြောင်းပြီးကြည့် လာကြတယ်။ အမေရိကန်နဲ့ ဗြိတိန် မှာ၊ အမှန်တကယ်အတိုးနှုန်းတွေဟာ အနှုတ်လက္ခဏာဖြစ်နေတယ်။ ဒါပေမဲ့ ဂျပန်နဲ့ ဆွစ်ဇာလန်မှာ ငွေကြုံ့တွမှု ဖြစ်နေတော့ သူတို့ရဲ့ အမှန်တကယ် အတိုးနှုန်းက အပေါင်းလက္ခဏာရှိ တယ်။ ဒါကြောင့် ဂျပန်နဲ့ ဆွစ်ဇာလန် ရဲ့ ငွေကြေးကို စိတ်ဝင်စားမှုများလာ နိုင်တယ်။

          ယူရိုငွေပေါ်ပေါက်လာတာ ကြောင့်လည်း ဈေးကွက်ရဲ့ လှုပ်ရှားပုံ ပြောင်းလဲလာတယ်။ ၁၉၇ဝ ပြည့်လွန် နှစ်အစောပိုင်းနှုန်းရှင်မျှောတဲ့စနစ်ကို စတင်ကျင့်သုံးချိန်ကနေ ၁၉၉၉ မှာ ယူရိုငွေစတင်ကျင့်သုံးချိန်အတွင်း ဥရောပမှာ ငွေတန်ဖိုးအတော်လေး မတည်မငြိမ်ဖြစ်တယ်။ ဥရောပ ဒေသ တွင်းမှာ ငွေကြေးတစ်ခုကို အခြားငွေ ကြေးတစ်ခုနဲ့ ချိတ်ဆက်ဖို့ကြံစည်တဲ့  Exchange Rate Mechanism လို အစီအစဉ်မျိုးဟာ သက်ဆိုင်ရာ နိုင်ငံ တွေရဲ့ စီးပွားရေးတိုးတက်မှု ကွာခြား တာတွေကြောင့် မအောင်မမြင်ဖြစ်ခဲ့ ရတယ်။

          ဥရောပခေါင်းဆောင်တွေက တစ် ခုတည်းသော ငွေကြေးကို တီထွင်ခြင်း အားဖြင့် သူတို့ဟာ ဈေးကွက်ထက် ပိုတော်တယ်လို့ထင်ကြတယ်။

          ဒါပေမဲ့လည်း တစ်နိုင်ငံနဲ့ တစ် နိုင်ငံစီးပွားရေးတိုးတက်မှုတွေက ဆက်ပြီးကွဲပြားနေသေးတယ်။ အဲဒီ ခြားနားချက်က ငွေချေးစာချုပ် ဈေး ကွက်မှာလာပြီးပေါ်တယ်။ လောလော ဆယ်မှာ ယူရိုနဲ့ ဒေါ်လာ လဲလှယ်နှုန်း ကို ကြိုတင်တွက်ဆခန့်မှန်းချင်ရင် စပိန်နဲ့ အီတလီက ငွေချေးစာချုပ်တွေ အပေါ်ပေးတဲ့အတိုးနှုန်း (Yield) ကို ကြည့်ပြီးပြောနိုင်တယ်။ အဲဒီအတိုး နှုန်းတွေတက်နေရင် ယူရိုငွေတန်ဖိုးကျ တော့မယ်ဆိုတဲ့ သဘောပဲ။

          ပြောင်းပြန် ပြန်တွက်ရင်လည်း မှန်တယ်။ မကြာသေးမီနှစ်တွေ အတွင်းက ဥရောပ ဗဟိုဘဏ်က သမားရိုးကျမဟုတ်တဲ့ နည်းတွေကို ကျင့်သုံးတဲ့အတွက် ယူရိုငွေရဲ့တန် ဖိုးကျဆင်းမယ်လို့ တွက်ကြတယ်။ ဗဟိုဘဏ်က နဂိုမူလ ခပ်တင်းတင်း ခပ်မာမာအနေအထားမျိုးကနေ လမ်း ခွဲခဲ့ပြီး တကယ်တော့ မှန်းသလိုဖြစ် မလာဘူး။ ယူရိုငွေပြိုလဲတော့မယ်လို့ မျှောင်လင့်တဲ့အချိန်မျိုးကျမှ ယူရိုငွေ တန်ဖိုးကျတတ်တယ်။ ဒါကြောင့် အခု ကတည်းက ယူရိုငွေဟာ တန်ဖိုးအနိမ့် ဆုံးအဆင့်သို့ရောက်ပြီးသားဖြစ်နေ တယ်။ ၂ဝ၁ဝ မေလတုန်းက ဥရောပ ဗဟိုဘဏ်ဟာ စပိန်နဲ့ အီတလီချေးငွေ စာချုပ်တွေလိုက်ဝယ်တယ်။ ငွေချေး စာချုပ်ဈေးကွက် အစီအစဉ်ကို စတင် အကောင်အထည်ဖော်တယ်။ အကန့် အသတ်မရှိ ငွေချေးစာချုပ် ဝယ်ယူမှု အပါအဝင် လိုအပ်တာတွေအားလုံး လုပ်မယ်လို့ ကြေညာထားတယ်။ ၂ဝ၁၂ ဇူလိုင်လမှာ ယူရိုငွေအား ပြန်ကောင်းတာလေးတွေ တွေ့လာရ တယ်။ ယူရိုငွေပြိုကွဲတော့မယ်ဆိုတဲ့ အရိပ်အယောင်တွေလျော့သွားတာကိုး။

 ငွေကြေးစစ်ပွဲဟာကောင်းသလား

          ငွေကြေးအရောင်းအဝယ်ဆိုတာ သူ့သဘာဝကိုက တစ်ယောက်နိုင်ရင် တစ်ယောက်ရှုံးတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံ တွေက လုပ်ထုံးလုပ်နည်းအသစ် အဆန်းတွေကြောင့် လူတွေမျှော်လင့် ထားသလို တစ်နိုင်ငံရဲ့ ငွေကြေးဟာ တခြားနိုင်ငံရဲ့ ငွေကြေးနဲ့ယှဉ်ရင် ကျ တာမျိုး မတွေ့ရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ချမ်းသာတဲ့နိုင်ငံအစိုးရတိုင်း လိုလိုက အနည်းနဲ့အများဆိုသလို မူဝါဒအတူတူပဲ ချမှတ်နေကြတာကိုး တကယ်လို့ ချမ်းသာတဲ့ နိုင်ငံတွေရဲ့ ငွေကြေးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ငွေကြေးတွေနဲ့ ယှဉ်လိုက်လို့ တန်ဖိုး တွေကျနေတယ်ဆိုရင်လည်း သိပ် အံ့ သြစရာတော့မဟုတ်ဘူး။

          ၂ဝ၁ဝ စက်တင်ဘာလတုန်းက ဘရာဇီးဘဏ္ဍာရေး ဝန်ကြီးကိုယ်တိုင် ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကြားရှည်မလိုလားအပ်တဲ့ ငွေကြေးစစ် ပွဲဖြစ်နေပြီလို့ပြောခဲ့တယ်။ ဆိုလို တာက ငွေကြေးအရေအတွက် တိုးပွား လာအောင် လျှော့ပေးတာ Exchange Rate Mechanism ဟာ ကိုယ်ကျိုး စီးပွားကာကွယ်ရေး မူဝါဒ ပုံသဏ္ဌာန် တစ်မျိုးဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဈေးကွက်ဝေစုကို လုယူဖို့ဖြစ်တယ်လို့ ပြောလာတာတွေ့ရတယ်။ သူပြောပြီး တဲ့နောက် ဘရာဇီးအစိုးရက ပြည် တွင်းဝင်ရောက်လာတဲ့ နိုင်ငံခြားငွေ တွေကို အခွန်ကောက်ခဲ့တယ်။ ဒါပေမဲ့ အခုလိုလုပ်လို့ အောင်မြင်သလားလို့ မေးရင် ပြောရခက်တယ်။ သူ သုံးသပ် ချိန်ကထက် ဘရာဇီးငွေတန်ဖိုးဟာ ကျလာတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာ တရုတ်ယွမ်ငွေဟာဒေါ်လာထက်တက် လာခဲ့တယ်။ ကိုရီးယားငွေဟာလည်း ၂ဝဝ၉ ခုနှစ် အစောပိုင်းမှာ စွန့်စား မြှုပ်နှံချင်တဲ့စိတ်တွေပြန်ပေါ်လာတော့ တန်ဖိုးပြန်တက်လာတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ငွေကြေးတွေ အားလုံးကို ထည့်တွက်မယ်ဆိုရင် ဒေါ်လာငွေရဲ့တန်ဖိုးဟာ လီမင်ဘရား သားစ် ပြိုလဲတဲ့အချိန်ကလောက်ပဲ ရှိနေတာတွေ့ရတယ်။



          ဖွံ့ဖြိုးဆဲ နိုင်ငံအတော်များများ ဟာ ပို့ကုန်အခြေခံတဲ့ စီးပွားရေးမူဝါဒတွေ ရှိကြတယ်။ ဒေါ်လာနဲ့ ယှဉ်ရင် သူတို့ရဲ့ ငွေကြေးတွေ သိသိသာသာ တန်ဖိုးမတက်ဖို့၊ ပို့ကုန်တွေ ဈေးကွက် ထဲရောင်းစွံဖို့၊ တရားဝင်ပဲဖြစ်ဖြစ်၊ အလွတ်သဘောပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ငွေလဲနှုန်းတွေကို စီမံခန့်ခွဲကြရတယ်။ ဒီတော့ အမေရိကန်မှာ သုံးနေရတဲ့ ငွေပေါတဲ့ မူဝါဒဟာ အတိုးနှုန်း နိမ့်တဲ့ နည်းနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပါ ကူး စက်ပြန့်နှံ့စေတယ်။ ဝယ်လိုအားကို မြှင့်ပေးတော့ ကုန်ပစ္စည်းတွေရဲ့ ဈေး နှုန်းတွေတက်ကုန်တယ်။ လီမင်ဘရား သား ပြိုကွဲချိန်ကထက် ရွှေဈေးဟာ နှစ်ဆတက်လာခဲ့ပြီး ယူရိုငွေနဲ့ တွက်ရင်အမြင့်ဆုံးစံချိန်သစ်ကိုရောက် လာခဲ့တယ်။ တချို့ ရင်းနှီးမြှုပ်နှံသူ တွေက အခုလိုအတိုးနှုန်းတွေ ချပေး တဲ့နည်းဟာ ချမ်းသာတဲ့ နိုင်ငံတွေက ငွေကြေးတွေကို တန်ဖိုးချပစ်ချင်တဲ့ စိတ်ကြောင့်လားလို့ စိတ်ပူကြတယ်။ ဒီအတိုင်းဆို ငွေဖောင်းပွမှုဖြစ်မယ်။

          ဒါပေမဲ့ ဟိုတုန်းကလို ငွေဖောင်း ပွမှုမြင့်ရင် ငွေလဲနှုန်းကျသွားမယ်လို့ တော့ သေချာပေါက်ပြောလို့မရတော့ ဘူး၊ တခါတလေမှပဲဖြစ်တတ်တယ်။ ဥပမာ ဇင်ဘာဘွေရဲ့ အလွန်အမင်း ငွေ ဖောင်းပွချိန်တုန်းက သူတို့ရဲ့ ငွေလဲ နှုန်းလည်းကျသွားခဲ့တယ်။ ဒါပေမဲ့ ငွေဖောင်းပွမှုမြင့်မားတဲ့နိုင်ငံတွေအ နေနဲ့ ပို့ကုန်တွေအရောင်းသွက်ချင်ရင် ငွေလဲနှုန်းနှိမ့်ထားရမယ်ဆိုတဲ့ ယေ ဘုယျ အယူအဆကို ထောက်ခံတဲ့ သာဓက သိပ်မတွေ့ရပါဘူး။

ဇင်ဘာဘွေမှာ ဘီလီယံ ၁၀၀ ရှိရင် ကြက်ဥ ၃လုံးပဲ စားရပါမယ်

          လွန်ခဲ့တဲ့အနှစ် ၂ဝအတွင်း ငွေ ဖောင်းပွမှုမြင့်မားလာတဲ့ ငွေကြေးတွေ ဝယ်ယူမြှုပ်နှံပြီး ငွေဖောင်းပွမှု နိမ့်တဲ့ ငွေကြေးတွေကို ထုတ်ရောင်းတာဟာ အမြဲတမ်း အမြတ်ထွက်တဲ့ မဟာဗျူ ဟာတစ်ရပ်ဖြစ်တယ်။

  သာမန်ထက်မြင့်တဲ့ငွေဖောင်းပွ နှုန်းရှိတဲ့ နိုင်ငံတွေဟာ သာမန်ထက် မြင့်တဲ့အတိုးနှုန်းတွေ ပေးကြတာ ကြောင့်လည်း အခုလို အမြတ်ထွက် တာဖြစ်နိုင်တယ်။ ပြီးတော့ကုန်သွယ် ရေး လိုငွေပြတာဟာလည်း အရင် ကလိုအရေးမပါပြန်ဘူး။ အမေရိကန် ဟာ ကုန်သွယ်ရေးလိုငွေတွေ တောက် လျှောက်ပြနေပေမယ့် ဟိုတုန်းကလို ငွေလဲနှုန်းအပေါ် ကြီးမားတဲ့ အကျိုး သက်ရောက်မှုရှိပုံ မပေါ်ဘူး။ ဂျပန်ရဲ့ ကုန်သွယ်ရေး ပိုငွေလျှော့လာပေမယ့် ဥရောပမှာ ကုန်သွယ်ရေး ပိုငွေတွေ ပြနေပေမယ့် ထူးထူးခြားခြား အကျိုး သက်ရောက်မှုမရှိဘူး။

          တိုတိုပြောရရင် ငွေဖောင်းပွမှု မြင်တာတို့၊ ကုန်သွယ်ရေးလိုငွေပြ တာတို့လို အကျင့်ဆိုးတွေကို နိုင်ငံခြား ငွေလဲဈေးကွက်က ဟိုတုန်းကလို အပြစ်မပေးတော့ဘူး။ ဒါကြောင့် အစိုးရတွေက ငွေကြေးဈေးကွက် ကျေ နပ်အောင်မလုပ်ကြတော့ဘဲ ဘဏ္ဍာ ရေး ဈေးကွက်တည်ငြိမ်ရေး။ အလုပ် လက်မဲ့လျော့ပါးရေးတို့ကို ဦးစားပေး အာရုံစိုက်လာကြတယ်။ အဲဒီ ရည်ရွယ် ချက်တွေကို ပိတ်ပင်တားဆီးတဲ့အခါ မျိုးမှာ ငွေကြေးကိစ္စအရေးပါတယ်။

ခင်မောင်ညို(ဘောဂဗေဒ)
 (အီကောနောမစ်ဒေါ့တ်ကွင်း)
.
(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ