Nov 8, 2012

လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး ရန်ကုန်ဆိပ်ကမ်းကို စုံစမ်းစစ်ဆေးမည်

လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရေးအတွက် ရန်ကုန်ဆိပ်ကမ်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်တော့မည်ဟု စီးပွား/ကူးသန်း ဝန်ကြီးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

လာဘ်စားသည့်ကိစ္စများ ကြောင့် ပြဿနာတက်နေသည့် ရန်ကုန်ဆိပ်ကမ်းအား လာဘ်ပေး လာဘ်ယူမှုများ ပပျောက်စေပြီး စားသုံးသူများကို ကာကွယ်ပေးနိုင် ရေးအတွက်ကို ရှေးရှုကာ ယခုကဲ့ သို့ စစ်ဆေးရန်စီစဉ်ဆောင်ရွက်ရ ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

''ကျွန်တော်တို့က စားသုံးသူ ကာကွယ်ပေးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်မှာဖြစ်တယ်။ အဲဒီဟာက ကျွန်တော်တို့ဌာနမှာ လုပ်ပိုင်ခွင့်ရှိ တယ်။ ဒါကို ဘယ်သူမှငြင်းလို့မရ သလို အကောက်ခွန်ကလည်း ငြင်းလို့မရဘူး။ အဲဒီတော့ ကျွန် တော်တို့ကတရားမဝင်ကုန်သွယ်မှု တားဆီးရေးခေါင်း စဉ်ရဲ့အပေါ်မှာ စားသုံးသူ ကာကွယ်ပေးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်မှာဖြစ်ပါတယ်''ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ယင်းသို့စစ်ဆေးရေးအတွက် ကို တရားမဝင်ကုန်ပစ္စည်း စုံစမ်း စစ်ဆေးရေးအဖွဲ့မှ တာဝန်ယူ စစ် ဆေးမည်ဖြစ်ကာ ယခုအခါ အဆို ပါအဖွဲ့သည် ပထမဆုံးအနေဖြင့် မူ ဆယ်နယ်စပ်ဂိတ်များသို့ သွား ရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရ သည်။

''မြန်မာနိုင်ငံကရနေတဲ့ ကုန် သွယ်ခွန်တွေမှာ နယ်စပ်ဂိတ်တွေ က ဝင်တာ ၂ဝ ရာခိုင်နှုန်းပဲရှိပြီး ကျန်တဲ့ ၈ဝ ရာခိုင်နှုန်းကတော့ ရန်ကုန်ဆိပ်ကမ်း ကနေပဲ ဝင်နေတာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် အခု စစ်ဆေးမှုတွေ လုပ်နေတဲ့ ခြေလှမ်းရဲ့နောက်ဆုံးရည်ရွယ်ချက် က ဆိပ်ကမ်းကိုစစ်ဆေးဖို့ပါပဲ''ဟု ၄င်းက ထပ်လောင်းပြောသည်။

လက်ရှိအနေအထားတွင် အ ဆိုပါ ရန်ကုန်ဆိပ်ကမ်းအတွင်း၌ ကုန်သည်နှင့် အာဏာပိုင်များ ပူးပေါင်းကာ တရားမဝင်ကုန်ပစ္စည်း များ တင် သွင်းမှုနှင့်လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်လျက်ရှိနေ ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်များအရ တရားမဝင် လာဘ်ပေးလာဘ်ယူ မှုပြုလုပ်ကာ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ၁၉၉၈ ခုနှစ် မော်ဒယ်ကားများကို ၂ဝဝ၂ ခုနှစ် မော်ဒယ်အဖြစ်ပြောင်းလဲကာ အ ထက်သို့ လိမ်လည်တင်ပြမှုကို စစ် ဆေးတွေ့ရှိသည့်အတွက် ဆိပ်ကမ်း နှင့်သက်ဆိုင်သည့် ၁၅ ဦးထက်မ နည်းသော အကောက်ခွန်ဝန်ထမ်း များကို စုံစမ်းစစ်ဆေး၍ အရေးယူ မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စံကျော်

ဓာတ်ပုံ အောင်နိုင်စိုး ( ကစ္ဆပ )
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ