Nov 9, 2012

KIA ရင်း ၆ တပ်တွေ ကားလမ်းပ်ါတတ် အေးဓါးပြ တိုက်ကုန်ပြီ

မိုးကောင်း၊ ဖါးကန့်လမ်းကြောင်းပေါ်ရှိ နန့်ဟိုင်ကျေးရွာတွင် KIA ရင်း ၆မှတပ်ဖွဲ့ဝင်အချို့နှင့် အလုပ်လက်မဲ့ရွာသား အချို့သည်သေနတ်ကိုင်ပြည်သူ့စစ်အသွင်ဖြင့် ခရီးသည်တင်ကားတစ်စီး ၁၀၀၀၀ိ/
ကုမ္ပဏီကားတစ်စီးလျင် ၅၀၀၀၀၀ိ/ အရပ်သားကားတစ်စီးလျင် ၅၀၀၀ိကောက်ခံနေကြောင်း

ခရီးသွားများနှင့် ကားသမားများစိတ်ညစ်နေကြောင်းကောက်ခံသသည့်အဖွဲ့မှာ KIA ကာကာအဖွဲ့မှဖြစ်ကြောင်းKIAလက်မှတ်မပါသောကားများကို အဓိကထားကောက်သော်လည်း လက်မှတ်ပါသောကားများကိုပါသေနတ်ပြပြီးစေတနာရှိသလောက်ပေးသွားဟုပြောကာကောက်ခံ
နေကြောင်း သိရသည်၊၊

ကျွန်တော်တို့ကားက သူတို့ဆီမှာ တစ်နှစ်စာ အခွန်ဆောင်ပြီးသားကိုလည်းအခုလိုထပ်တောင်းနေတော့ စိတ်ညစ်ရတာပေါ့ဗျာ၊ အတင်းတောင်းတာမဟုတ်ပေမဲ့စေတနာရှိသလောက်ထောက်ပံ့သွားဆိုတော့ မထောက်ပံ့ ဘဲ မနေရဲတော့ ၅၀၀၀၊ ၁၀၀၀၀တော့ပေးနေရတာပဲလေ ဟု ကားသမားတစ်ဦးက ပြောကြားသွားသည်။ ကားတွေ၊ လူတွေပိုက်ဆံတောင်းတော့ သယ်ပို့စရိတ်တွေမြင့်လာတာပေါ့၊ ဒါပေမဲ့ ကျမတို့ကတော့ဈေးတင်လိုက်ရုံပါဘဲ။ စားသုံးတဲ့ပြည်သူတွေကတော့ ဈေးကြီးပေးဝယ်စားရတာပေါ့
ဟု ကားပေါ်တွင်လိုက်ပါလာသော ကုန်သည်အမျိုးသမိးတစ်ဥိးက ပြောကြားသွားခဲ့သည်။

KIA ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က စစ်နည်းဗျူဟာအရ၊တံတားများဖျက်ဆီးခြင်း၊ ကားလမ်းများပိတ်ဆို့ခြင်း၊ရထားလမ်းများမိုင်းခွဲခြင်းများပြုလုပ်ရခြင်းဖြစ်သည် ဟုအင်တာဗျူးတစ်ခုတွင် ဖြေကြားသွားခဲ့သော်လည်း အဓိကထိခိုက်သူများများကချင်ပြည်သူသာဖြစ်သဖြင့် KIA အနေဖြင့် ကချင်ပြည်သူတို့၏အကျိုးစီးပွားကို အမှန်တကယ်လိုလားပါက ကချင်တို့၏ဒုကကို စာနာသင့်ကြောင်း၊
အခြားနေရာများတွင် ၁၀၀၀ ကျပ်ပေးရသော စားစရာကို ကချင်ပြည်သူများက ၅ ဆမျှပေးဝယ်နေရခြင်းသည် လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုကြောင့်ဖြစ်ကြောင်း၊
ထိုအချက်ကို သဘောပေါက်ပြီးအဖျက်လုပ်ငန်းများကို မလုပ်ဆောင်သင့်ဟုငြီးတွားပြောဆိုနေကြကြောင်း သတင်းရရှိသည်။

(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ