Mar 6, 2013
တရားမ၀င်ကာမစိတ်ကြွဆေး ရောင်းချမှုဖြင့် အရောင်းဝန်ထမ်း မိန်းကလေးနှစ်ဦးကိုသာ အရေးယူပြီး လုပ်ငန်းပိုင်ရှင်အား အရေးမယူသော ဖြစ်စဉ်ပေါ်ပေါက်ခဲ့
စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange)ဆးကောင်တာတို့မှ တာဝန်ကျဝန်ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချသည်ဟုဆိုကာ သက်ဆိုင်ရာမှ တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိဝန်ထမ်းတစ်ဦးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါတာဝန်ရှိသူက ပြောကြားရာတွင် တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချမှုကို တားဆီးရန် ပညာပေးကာလအဖြစ် ၅ ရက်ကြိုတင်အကြောင်းကြားပြီးဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လွန်၍ စိစစ်အရေးယူဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ကာမစိတ်ကြွဆေးများသည် တရားဝင်ခွင့်ပြု
ထားသော ဆေးဝါးများမဟုတ်ကြောင်း ပြောကြားသည်။
တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာမှ တာဝန်ကျအမျိုးသမီးက
 “ကျွန်မ ဒီတော်ဝင်စင်တာ (Orange) ဆေးကောင်တာမှာ တာဝန်ထမ်းဆောင်တာ တစ်လခွဲခန့်သာ ရှိသေးတယ်။ လခကတော့ ငါးသောင်းကျော်ရပါတယ်။ ကျွန်မတာဝန်က ဆေးကောင်တာဆိုတော့
ရောင်းနေတဲ့ဆေးတွေက တရားဝင်ဆေးဟုတ်၊ မဟုတ်ဆိုတာ ဘယ်သူမှပြောမထားဘူး။ ယူထားတဲ့ တာဝန်က ဒီကောင်တာမှာရှိတဲ့ပစ္စည်း တွေကိုလာဝယ်တဲ့သူရှိရင် ရောင်းဖို့ပဲ။ ၀န်ထမ်းဆိုတာ ကုမ္မဏီက ပေးတဲ့တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်ရတာ။ လာဝယ်တဲ့ ပစ္စည်းကို မရောင်းချင်ဘူးလို့ငြင်းခွင့်မရှိဘူး။ ပေးတာယူ၊ ခိုင်းတာလုပ်ရတာ ကျွန်မတို့ ၀န်ထမ်းတွေပါ။တောမှာ အနေအထားခက်ခဲလို့ မြို့တက်ပြီး သင်တန်းတွေ တက်ရင်း ၀န်ထမ်းလုပ်ခါမှ အချုပ်ခန်းထဲရောက်ရတာ ရင်နာလို့ မဆုံးပါဘူးရှင်။ မိကောင်းဖခင် သားသမီးတစ်ယောက်ပါ။ ဖြစ်စဉ်တွေကို နယ်ကမိဘတွေ စိတ်ဆင်း ရဲမှာကြောက်လို့ မိဘတွေကို အသိမပေးခဲ့ဘူး။ ဒီပစ္စည်းပိုင်ရှင်က ကျွန်မ မဟုတ်ဘူး
” ဟု ပြောသည်။
စိန်ဂေဟာ ဆေးကောင်တာမှ အရောင်းမန်နေဂျာ အမျိုးသမီးက “ဆေးတွေ
မိတော့ တာဝန်ကျနေတဲ့ ညီမလေးတွေက ငိုပြီး ကျွန်မထံကိုပြေးလာတော့ သက်ဆိုင်ရာ စစ်ဆေးတဲ့ ၀န်ထမ်းတွေက သက်သေခံအဖြစ်ဒီစာရွက်တွေပေါ်မှာ လက်မှတ်ထိုးပြီးရင် စခန်းခဏ လိုက်ခဲ့ပါဆိုပြီး စခန်းရောက်တော့ အချုပ်ထဲမ၀င်ရင် ဆွဲသွင်းမယ်ပြောပြီး အချုပ်ထဲရောက်ခဲ့ရတယ်။ ဥပဒေ၀န်ထမ်းတွေ၊ ၂၄ နာရီ ပြည်သူ့ဝန်ထမ်းတွေက ဒီပစ္စည်းရဲ့ ပိုင်ရှင်ကို မသိတာလား။ ကျွန်မတို့က ၀န်ထမ်းပါ အထက်ကခိုင်းရင်တော့ လုပ်ရမှာပဲ။ ကိုယ်က လုပ်အားရောင်းတယ်။ အလုပ်ရှင်က လုပ်အားဝယ်တယ်။ အဖြေကရှင်းပါတယ်
” ဟုပြောသည်။
ဥပဒေပညာရှင်တစ်ဦးကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “ကျွန်တော်
တစ်ခါ ကြုံဖူးတယ်။ ကာစီနိုကစားနည်း အကြွေတွေနဲ့ ဆော့တဲ့ကစားနည်းလေ။ ပိုင်ရှင်က တိုင်းတစ်ပါးသား၊ ၀န်ထမ်းတွေက မြန်မာပြည်သူတွေ၊ တကယ်တမ်းအဖမ်းခံရတော့ ကိုယ့်မြန်မာလူမျိုးတွေပိုင်ရှင်ကသံတမန်နည်းအရကင်းလွတ်ခွင့်ရပြီးသူ့နိုင်ငံပြန်သွားတယ်။ဒီအတွက်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလ ရင် မြန်မာနိုင်ငံက ၀န်ထမ်းတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေဆိုတာ မရှိတော့ဘူးလား။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးတဲ့အတွက် လူသားချင်း စာနာထောက်ထားပြီး ကာကွယ်ပေးဖို့ ဥပဒေပြင်ဆင်တာ ပြဋ္ဌာန်းတာတွေကို လွှတ်တော်မှာ လုပ် ဖို့သင့်ပြီ
” ဟု သုံးသပ်ပြောဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်များကို ဒဂုံ မြို့နယ်ရဲစခန်းမှ (ပ)၃၃/၁၃ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အမျိုးသား ဆေးဝါးဥပဒေပုဒ်မ၁၈ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုမြောက်ပါက ထောင်ဒဏ် တစ်ရက်မှ ခုနစ်ရက်အထိ ဖြစ်စေ၊ ငွေဒဏ်ငါးထောင်မှ ငါးသောင်းအထိဖြစ်စေ ပြစ်ဒဏ်
ချမှတ်နိုင်ကြောင်း ထပ်မံပြောကြားခဲ့သည်။
အလုပ်သမား နစ်နာမှုများကို ကူညီဆောင်ရွက်ပေးသူ ကြည့်မြင်တိုင်မြို့နယ်မှ ကိုထွန်းအောင်ကျော်က ၀န်ထမ်းတွေ မနစ်နာရေးအတွက် ILO ရုံးများကို တင်ပြပြီး ရှေ့နေများဖြင့် ကြိုးစားဆောင် ရွက်ပေးသွားမည်ဟု ပြောကြား
ခဲ့သည်။
From:[_ Myanmar Tandawsint Newspaper _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF
3 ယောက် ဆွေးနွေးခဲ့တယ်:
Anonymous said...
Anonymous said...
အကိုင်းတခက်လောက် ချိုးပြထား ပြီးတော့ ပင်စည်ကို ရေမှန်မှန်လောင်းပေးနေပါလား..
Anonymous said...
၇ရက်တဲ့နဲနဲများနေသလားလို့
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ