Mar 8, 2013

ဥရာပ (၅)နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သောနိုင်ငံတော်သမ္မတကြီးအား ပြည်သူများနှင့် အနုပညာရှင်များက လေဆိပ်တွင် စောင့်ကြိုနေကြ

နိုင်ငံတော်သမ္မတကြီးသည်မတ်လ(၈)ရက်နေ့နံနက်ပိုင်းတွင်ထိုင်းနိုင်ငံသုဝဏ္ဏဘုမ္မိအပြည်ပြည်ဆိုင်ရာ
 လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်(၈)နာရီ (၁၅)မိနစ်တွင် ဆိုက်ရောက်ပါသည်။ နိုင်ငံတော်သမ္မတသည် နော်ဝေ၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ အီတလီ နိုင်ငံများသို့ ဖေဖေါ်ဝရီလ ၂၅ ရက်မှ စတင်ကာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်သည်။



သမ္မတကြီးကိုချစ်သော ပြည်သူများနှင့် အနုပညာရှင်များလည်း တတ်ရောက်ခဲ့ပါသည် ။ကြိုဆိုသည့်ပွဲသို့ ဒီအခန်းဖြတ်ဟုဆိုကာ အရင်အစိုးရ အဖွဲ့လုပ်ဆောင်မှုများ အားလည်းကောင်း ယခုနှစ်အကယ်ဒမီပေးပွဲအားလည်းကောင်း ဝေဖန်ပြောဆို တုံပြန်ခဲ့သော ဒါရိုက်တာ ဝိုင်းသည်လည်း မျက်နှာသုံသုံမှုန်မှုန်ဖြင့် ထူးခြားစွာ လာရောက်ခဲ့သည် ။









 ယခုတစ်ခေါက်ကြိုဆိုမှုသည် သမ္မတကြီး ပထမဦးဆုံးပြည်ပ ခရီးစဉ်အား ကြိုဆိုစဉ်ကထက်ပိုမိုစည်ကားခဲ့
ပြီး အဖွဲ့အစည်းများ ကုမ္မဏီများ ကျောင်းသား/သူ များကလည်း တူညီဝတ်စုံများနှင့် လာရောက်ကြိုဆိုခဲ့ကြ
သည် ။ ၄င်းတို့သည် -
"ကမ္ဘာပေါ်မှာ မြန်မာဆိုတဲ့ ဂုဏ်သတ္တိကို ပြန်လည်မွေးဖွါးစေခဲ့သူ"

"အခက်အခဲနှင့် အကျပ်အတည်းတွေကြားမှာ ပြည်သူတွေအတွက် အပြုံးမပျက်တဲ့ ကြိုးပမ်းနေတဲ့ သမ္မတကြီးရဲ့ နှလုံးခုန်စက်လေး အမြဲတမ်း အားပြည့်နေပါစေ"

"ကွဲပြားမှူတွေ ရှိနေပေမယ့် ခွဲခြားမှူတွေမရှိတဲ့ မြန်မာနိုင်ငံတော်သစ်ကို ထုဆစ်ပုံဖော်မယ့် ဗိသုကာ သမ္မတကြီးကို ကြိုဆိုပါတယ်"

"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသူ/သားများအား နိုင်ငံရေးပြေပြစ်ပြီး စီးပွါးရေး လူမှူရေး ပြောင်းလဲတိုးတတ်စေရေးအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွှက်ပေးခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါသည် "

" Our President " -" Our Pride "                   " We Love Our President "

အစရှိသည့် စာတမ်းများ ကို သမ္မတကြီး ဥရောပ ခရီးစဉ်အတွင်းရိုက်ယူသော ဓါတ်ပုံများနှင့် ချင်းပြည်နယ် သို့သွားရောက်ခဲ့စဉ်က ဓါတ်ပုံများ ပေါင်းစပ်ကာဗီနိုင်းများ ပိုစတာများ ရိုက်နှိပ် ကိုင်ဆောင်ပြီး နိုင်ငံတော် အလံငယ်များ ဝှေ့ယမ်းကိုင်ဆောင်ကာ စည်းကမ်းရှိစွာ အဆင့်အတန်းရှိရှိ ကြိုဆိုခဲ့ကြသည် ။






















(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

long live the president

Anonymous said...

သမတကြီးတစ်ယောက် နိုင်ငံတစ်ကာလှည့်ပြီး သူ့ပြည်သူတွေ ကောင်းစားရေးအတွက် ဆောင်ရွက်ခဲ့သည်အား ကျေးဇူးသိတတ်စွာဖြင့် ကြိုဆိုခဲ့သော ပြည်သူများ၏ တုန့်ပြန်မှု့အား ဓာတ်ပုံများပေါ်တွင်တွေ့ရသဖြင့် မျက်ရည်ဝိုင်းမတတ် ဖြစ်မိပါတယ်။ ဒီလိုပဲ ကျေးဇူးမသိတတ်စွာဖြင့် ကိုယ့်အကျိုး အတÅအတွက် သမတအား တရားစွဲရန်ပြင်ဆင်နေသော လူ့စိတ်မရှိသော အညာသူမ တစ်စုအား ဒီနေရာမှ ပြစ်တင်ရှုံ့ချနေပါတယ်။ အသိဥာဏ်နည်းသူ ၊ ဆင်ခြင်တုံတရားနည်းသူတွေ ၊ အသုံးချခံသူတွေ မဖြစ်စေဘို့ ဆုတောင်းပေးနေပါတယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ