Mar 8, 2013

ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ချောက်လို့ လေတပ်က ပါ ဗုံးကြဲဆုံးမနေရတဲ့ မလေးရှားနိုင်ငံ

 ထိုင်းတောင်ပိုင်းနဲ့ ဖိလစ်ပိုင် တောင်ပိုင်းက ဒေသတွေဟာ မလေးရှားအပိုင်တွေပါလို့ ကြွေးကျော်ခဲ့ကြပီး မသိမသာကော သိသိသာသာပါ ထောက်ပံ့ စွက်ဖက်နေတဲ့ မလေးရှားအတွက် မိုရိုတို့ ဆာဘားကျွန်းကို သူတို့ဘိုးဘွားတွေရဲ့အပိုင်လို့ ကြွေးကျော်ပီး သိမ်းပိုက်ဖို့ ကြံစည်တာကို ခံလိုက်ရတာဟာ အရှိုက်ကို ထိုးနှက်ခံလိုက်ရသလို ဖြစ်သွားတာပါပဲ….. အခြားသူများကို လူသားခြင်းစာနာမှု လူ့အခွင့်အရေး အစရှိတာတွေကို တွင်တွင်အော်တဲ့ မလေးရှားအစိုးရ သူစိုက်ပျိုးတဲ့ အသီးအပွင့်ကို သူစားသုံးရချိန်မှာတော့ ဟန်မဆောင်နိုင်တော့ပဲ လေယာဉ်နဲ့ ဗုံးကျဲ မော်တာနဲ့ထုလို့ အသည်းအသန် ဖြေရှင်းရတော့တာပါပဲ…….။
မလေးရှားတို့၏ F18 ဂျက်တိုက်လေယာဉ်များအသုံးပြု၍ နယ်မြေလုသူများအား ဗုံးကြဲခဲ့သည်

ဖြစ်စဉ်ပြ မြေပုံ


ထိုင်းတောင်ပိုင်းက အကြမ်းဖက် ဖြစ်ရပ်တွေကို ထောက်ခံခဲ့တဲ့လူတွေ၊ ဖိလစ်ပိုင် မိုရိုတွေဟာ သူတို့လွတ်လပ်ရေးအတွက် ကြိုးပန်းတာ ဟိုးဘိုးစဉ်ဘောင်ဆက် ကတည်းက နေလာတာလို့ လော်ဘီလုပ်ခဲ့သူတွေဟာ မလေးရှား ဖြစ်ရပ်မှာတော့ အာစေးထည့်ထားသလို ဆွံ့အလို့နေပါတယ်….. ထိုင်းတောင်ပိုင်းနဲ့ ဖိလစ်ပိုင် တောင်ပိုင်းတို့ဟာ မလေးတို့အရင်ကတည်းက နေထိုင်လာတဲ့အတွက် မလေးတို့ ရသင့်တယ်လို့ တွင်တွင်ကြွေးကျော်ရင်း ဘင်္ဂါလီတွေဟာ ရခိုင်မှာ အရင်ကတည်းက နေလာတာလို့ လော်ဘီလုပ်နေသူတွေလည်း အခုကိစ္စမှာ ပါးစပ်ပိတ်နေကြပါတယ်…. တစ်ခုခုဆိုရင် အမြဲလိုလို ရှေ့တန်းက ပါလေ့ရှိတဲ့ OIC လည်း အခုကိစ္စမှာ သူ့လူအချင်းချင်း ဖြစ်လေတော့ ၀င်ရောက် ဖြန်ဖြေခြင်း၊ ကျေအေးခြင်းတောင် လုပ်နိုင်စွမ်း မရှိတာ ပေါ်နေပါတယ်….။


အခုဖြစ်ရပ်မှာ တရားသည် မတရားသည် ဆိုတာထက် စစ်နိုင်သူက သမိုင်းကို ပြင်ယူသည်ဆိုတဲ့ စကားအတိုင်း မိုရိုတို့ ကျင့်သုံးဖို့ ကြိုးစားလာတာ တွေ့ရပါတယ်….. ပထမဦးဆုံး သူ့လူ အယောက် ၂၀၀ လောက်ကို လက်နက်အပြည့်အစုံ တပ်ဆင်ပီးတော့မှ ဆာဘားကျွန်းစုဘက်ကို လွှတ်လိုက်တာပါပဲ…… အဲ့ဒါတွေကြောင့် မလေး ဒေသန္တရတပ်တွေ မခံနိုင်တော့လို့ လေတပ်က အသည်းအသန် ပစ်ကူပေး၊ ဗုံးကျဲရတဲ့အထိ အခြေအနေကို ရောက်ခဲ့ရတာပါ…… မလေးတပ်သာ အရောက်နောက်ကျပီး မိုရိုတပ်တွေ သိမ်းပိုက်နိုင်သွားရင် ဖြစ်ရပ်က တစ်မျိုးပြောင်းလဲ သွားနိုင်ပါတယ်…… အရင် မိုရိုတို့ ဖိလစ်ပိုင်တောင်ပိုင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းခဲ့စဉ်က မလေးအစိုးရ ပြောခဲ့တဲ့ စကားတွေနဲ့ သူ့ကို ပြန်ချည်သွားရင် ငါးပါးမှောက်မှာပါ…..။
မလေးရှား ဆဘား ပြည်နယ် ဘော်နီယို ကျွန်းကို တစ်ချိန်က ဆူလူး ဆူလ်တန် ပိုင်ခဲ့ ပြီး ဖိလစ်ပိုင် ၏ နယ်မြေ ဖြစ်ခဲ့သည် ဟူသည့် အကြောင်း
ပြချက် ဖြင့် လက်နက် အပြည့် အစုံ ဖြင့် ၀င်ရောက် လာသည့် ဖိလစ် ပိုင်
ကျုးကျော် သူများ နှင့် ဆွေးနွေးရန် ကုလသမဂ္ဂ ၏ ပန်ကြားချက် ကို မလေးရှား 
က ပယ်ချ လိုက်သည်။ ဖိလစ်ပိုင် ကျုးကျော်သူများ ကို ဆက်လက် တိုက်ခိုက် နေ ပြီး တိုက်ပွဲများ အတွင်း ဖိလစ်ပိုင် ဘက် မှ ၅၀ ခန့်  ကျဆုံး
သည်။

မိုရိုအဖွဲ့က အီဘရာဟမ်ကတော့ သူ့လူတွေဟာ လုံးဝလက်နက်မချဘူး၊ ဗုံးကျဲတာလည်း မသေပဲ လွတ်သွားတယ်လို့ ဆိုလာပါတယ်…. သူနဲ့ အဲ့ဒိကို တိုက်ဖို့သွားတဲ့အဖွဲ့က ကီရမ် ညီအစ်ကိုတွေနဲ့ ဖုန်းပြောခဲ့တုန်းက အားလုံး အခြေအနေကောင်းတယ်လို့ သူသိရပါတယ်တဲ့…. သူတို့ကို ဗုံးကျဲဖို့ လာတာကို သူတို့နိုးနိုးကြားကြား ရှိနေလို့ ရှောင်နိုင်တယ်….. အခုလို နေရာမှာ နိုးနိုးကြားကြား ရှိမနေပဲ ဘယ်လိုသွားတိုက်မလဲလို့ ဆိုလာပါတယ်….. နောက်ဆုံး တစ်ယောက်ကျန်တဲ့အထိ သူတို့ ဘိုးဘေးတွေ နေခဲ့တဲ့ နေရာကို ရအောင်ယူမယ်လို့လည်း ကြွေးကျော်ခဲ့ပါတယ်…. လိုအပ်ရင် စစ်ကူတွေထပ်လွှတ်ဖို့လည်း အဆင်သင့်လို့ ဆိုပါတယ်…. အဲဒိအချိန်မှာ ဘန်ကီမွန်းက သူ့ထုံးစံအတိုင်း အချင်းချင်း ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းလုပ်ဖို့ ပြောလိုက်ချိန်မှာ မိုရိုတို့ အကြီးအကဲက အထာနပ်စွာပဲ အပစ်အခတ် ရပ်ဆဲရအောင်လို့ လေသံပစ်လာပါတယ်…….. တစ်လက်စတည်းမှာ မလေးတို့အနေနဲ့ အဆိုပါဒေသတွေအတွက် ငှားရမ်းခ သူတို့ကို ပေးသင့်တယ်လို့ အသံတွေ ထွက်လာပါတယ်……။




မလေး ၀န်ကြီးချုပ် နာဂျစ်ကတော့ သူတို့မွေးထားတဲ့ မျောက်ရဲ့ အထာကို နပ်ပုံရပါတယ်…… အပစ်အခတ် ရပ်ဆဲတာကို လုံးဝလက်မခံဘူးလို့ ခပ်ပြတ်ပြတ်ပဲ ဆိုလိုက်ပါတယ်….. အဲ့ဒိ ကျူးကျော်မှုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ ဒေသကို ရောက်တုံးမှာပဲ သူပုန်တွေဟာ ချွင်းချက်မရှိ လက်နက်ချရမှာကိုပဲ ငါတို့အလိုရှိတယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်….. လုံးဝ လက်နက်မချရင်တော့ ဘယ်လောက်ပဲ ကြာပါစေ လုံးဝကို အပြတ်ရှင်းပစ်မယ်လို့ ဆိုလိုက်ပါတယ်….. လက်နက်မချပဲ ငြိမ်းချမ်းရေး ယူလိုက်ခြင်းရဲ့ အကျိုးဆက်တွေဖြစ်တဲ့ အခြားတစ်ဖက်က စစ်ကူတွေ မလိမ့်တပါတ် ဖြည့်တင်းလာခြင်း၊ ယခု အသာစီးရနေတဲ့ စစ်ရေးအရှိန်ကို လျော့ကျသွားမှာကို စိုးရိမ်တဲ့အတွက်လည်း ပါဝင်ပုံ ရပါတယ်…..။

ဖောပြပါပုံပါ သံချပ်ကာကားများနှင့် သူပုန်တို့အားတိုက်ခိုက်ခဲ့သည်
နာဂျစ်ကတော့ ပြည်သူလူထုမှတောင်းဆိုသော နိုင်ငံတော်၏ ဂုဏ်၊ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် အစိုးရအနေဖြင့် လိုအပ်သည်များကို အရေးယူမှု ဆောင်ရွက်မှုများကို လုပ်ဆောင်သွားရမယ်လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်…… သူပြောခဲ့တဲ့ စကား အပြည့်အစုံကတော့ “The government has to take the appripriate action to protect national pride and sovereignty as our people have demanded.” လို့ပဲ ဖြစ်ပါတယ်….. အခုလက်ရှိမှာတော့ မလေးအစိုးရအနေနဲ့ ဆာဘား ဒေသမှာ တစ်အိမ်တစ်ဆင်းကို အဲ့ဒိ ကျူးကျော်သူ လက်နက်ကိုင်တွေကို လိုက်လံရှင်းလင်းနေတာ ဒီနေ့အထိ နောက်ထပ် ရှင်းလင်းခဲ့တာ ၃၁ ယောက်ရှိပီး အကြမ်းဖက် ဖြစ်ရပ် စဖြစ်ခဲ့ချိန်မှာ ၁၉ ယောက်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်……… အချို့သောသူများကတော့ အဆိုပါ ရှင်းလင်းခဲ့သူများထဲမှ အများစုဟာ တိုက်ပွဲအတွင်း သေဆုံးခြင်းလား၊ လက်နက်ချပီးမှ အသတ်ခံရခြင်းလား ရှင်းရှင်းလင်းလင်း မသိရှိရဘူးလို့ ဆိုပါတယ်…….
ရဟတ်ယာဥင်္များ များစွာသုံးပြိး တိုက်ပွဲဝင်မလေးရှားစစ်သည်တို့ကို ထောက်ပံ့ပေးထားသည်

အခုဖြစ်ရပ်ဟာ မလေးနိုင်ငံပိုင် ဆာဘားကျွန်းကို ဖိလစ်ပိုင်တောင်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တော်ဝင် ဆူလူးတပ်မတော်လို့ သူတို့ကို သူတို့သုံးနှုံးထားတဲ့ မိုရိုလက်နက်ကိုင် အုပ်စုက ကျူးကျော်သိမ်းပိုက်ဖို့ ကျိုးစားတာ ဖြစ်ပေမယ့်လည်း မီဒီယာတွေပေါ် ရောက်သွားချိန်မှာတော့ မလေးရှားနဲ့ ဖိလစ်ပိုင် ဖြစ်သွားပါတယ်….. မော်ရိုတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် အသိအမှတ်ပြုလိုက်ရတဲ့ ဖိလစ်ပိုင် အစိုးရလည်း ဒီကိစ္စမှာ ပဠိပက္ခ အမြန်ဆုံး ရပ်ဆဲသွားဖို့ ဖိအားပေး ခံနေရပါတယ်…… ဖိလစ်ပိုင် သမ္မတ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရစ်ကီကတော့ မလေးရှားမှာ ရောက်နေစဉ်အတွင်း ပြောဆိုခဲ့တာကတော့ ဒီဖြစ်ရပ်တွေကို ရှောင်ကျဉ်နိုင်ဖို့ ငါတို့ဘက်က လုပ်နိုင်သလောက် လုပ်ပီးသွားပီ၊ ဒါပေမယ့် အဆုံးသတ်ကတော့ ကီရန်ရဲ့ လူတွေက သူတို့လမ်းကို သူတို့ရွေးနေတာပဲ လို့ ဆိုလိုက်ပါတယ်…. ဖိလစ်ပိုင် သမ္မတ အကွီနိုကလည်း မိုရိုတို့ ခေါင်းဆောင် ဂျမာလူးကို အပြစ်ပေးချင်တယ်လို့ ထုတ်ဖော်ပြောလာပါတယ်……။.

အခုဖြစ်ရပ်ကို သုံးသပ်ကြည့်ရင်တော့ ကိုယ်မွေးတဲ့မျောက် ကိုယ်ပြန်ချောက်ခံရတဲ့ မလေးရှားဟာ သူကိုယ်တိုင် မီးခဲကိုင်မိချိန်မှာတော့ ဘယ်သူ့မျက်နှာမှ မထောက်တော့ပဲ ချွင်းချက်မရှိ လက်နက်ချ၊ မချရင် အပြုတ်တိုက်မယ်လို့ ထုတ်ဖော်ပြောလာတဲ့အပြင် သူ့နိုင်ငံရဲ့ ဂုဏ်၊ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အရေးယူမှု မှန်သမျှ လုပ်သွားမယ်လို့ကို ခပ်ပြတ်ပြတ်ပဲ ဆိုလာပါတယ်….. မလေး သတင်းတွေကလည်း ဆာဘားကို တရားမ၀င် ကျူးကျော်လာသူတွေဟာ မလေးရှားနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပီလို့ တညီတညွတ်တည်း ထွက်ဆိုလာကြပါတယ်…… ဒါတွေကို သင်ခန်းစာယူရင်း ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ကျူးကျော်သူ စစ်တကောင်းသား ဘင်္ဂါလီ ခေါ်တောများနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာ ခပ်ပြတ်ပြတ် ဖြေရှင်းဖို့ လိုနေပီဆိုတာ မိုရိုတို့ အခြေပြု စတင်ခဲ့သည်မှသည် အခုလုပ်ရပ်တွေကို ကြည့်ရင်း သင်ခန်းစာယူဖို့လိုပြီလို့ပဲ ဆိုပါရစေ……။

From:[_ James Mint]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ