Nov 8, 2012

တောင်သာမြို့နယ် ကျောက်ကာ ကျေးရွာတွင် NLDပါတီမှ ရုံးဖွင့်ပွဲ ပြုလုပ်ရာ တရွှာလုံးထွက်ဆန္ဒပြပြီးကန့်ကွက်ခဲ့ကြ

တောင်သာမြို့နယ် ကျောက်ကာ ကျေးရွာတွင် NLDပါတီမှ ရုံးဖွင့်ပွဲ ပြုလုပ်ခြင်း အခမ်းအနားကို ၃/၁၁/၂၀၁၂  နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ကာကျေးရွာ မှ ဒေသခံပြည်သူများမှ NLD ပါတီသည် မိမိတို့ ဒေသအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း မရှိဘဲ
"အခုမှ ရုံးလာဖွင့်တာ ငါတို့နယ်မှာ NLD ပါတီကို မလိုလားဘူး၊ ငါတို့နယ်ကို ကောင်းအောင် ကြည့်ပေးတဲ့လူကိုဘဲငါတို့အ၀င်ခံ နိုင်မယ်၊ ငါတို့ရွာမှာ NLD ပါတီအ၀င် မခံနိုင်ဘူး၊ တို့ရွာမှာ 3 ယောက်လောက်ဘဲ NLDလုပ်တာနဲ့ တို့ရွာမှာ စိတ်ဝမ်းကွဲ မခံနိုင်ဘူး"ဟု ပြောဆိုကာ နံနက် ၈ နာရီခန့်မှစပြီး ရွာအ၀င်မှ ကျေးရွာပြည်သူ ၂၀၀ ဦးခန့်သည် ငြိမ်းချမ်းစွာဖြင့် “ တို့ရွာ တည်ငြိမ်း အေးချမ်းမှုကို ပျက်စီးအောင် မလုပ်ပါနဲ့၊ NLDအလိုမရှိဘူး၊ ” ဟူသော လက်ကိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖေါ်ခဲ့ ကြောင်းသိရသည်။



ကျေးရွာတွင် NLD ပါတီဆိုင်းဘုတ် တင်သော သူ၏ အရည်အချင်းမှာ
- ဦးနန်းတင် (အဖ) ဦးလှမောင်၊ အသက်(၅၃) ၊ ပညာအရည်အချင်း (၇) တန်းသည် စစ်တပ်မှ စစ်သားအဆင့်ဖြင့် စာရိတ္တ ဖောက်ဖျက်မှုဖြင့် ထုတ်ပယ်ခြင်း ခံရသူတစ်ဦး ဖြစ်ပါတယ်။ ယခုအခါမှာလည်း မယားငယ်နှင့် ပေါင်းသင်းနေသူဖြစ်ပြီး အဖေ အရင်း ခေါက်ခေါက် ကိုဓါးကြိမ်းကြိမ်းပြီး ငါကိုင်တုတ်ဆဲ ရေးတိုင်းထွာမှုများ ရှိခဲ့ဖူးပါတယ်။ ၁၉၉၈ ခုနှစ် ရ.ယ.က ဥက္ကဋ္ဌ လုပ်စဉ်က လည်း ထန်းသမား ကိုတိုးကြည်၏ ဇနီးအားဆံပင်ဆွဲ ပါးရိုက်သော ကိစ္စဖြင့်ထောင် ကျမလိုဖြစ်ကာ ရ.ယ.က ဥက္ကဋ္ဌ ဘ၀မှရပ် နားခဲ့ရပါတယ်။


 ယခု ကျေးရွာတွင်လည်း သာရေး/နာရေး ကိစ္စများတွင် ၄င်းအားဘယ်သူမှ မသုံးဘဲ ကျေးရွာမှ ပစ်ပယ်ထား သူဖြစ်ကြောင်း သိရှိရပါတယ်။ ယခုကိစ္စများကို ကြည့်ခြင်းအားဖြင့် NLD ပါတီသည် ရပ်ကွက်/ကျေးရွာများ တွင်ရုံးခန်းဖွင့် လှစ်ရာတွင် အများပြည်သူနှင့် မတည့်ူသူများ၏ နေအိမ်များ တွင်ရုံးဖွင့်လှစ်နေ ရကြောင်း သိရှိရပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ