Nov 7, 2012

နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် ဗြိတိန်နိုင်ငံသားတစ်ဦး တစ်ည၀င်အိပ်ခဲ့

နေပြည်တော်ဥတ္တရသီရီမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အောက်တိုဘာလ နောက်ဆုံးအပတ်က ဗြိတိန်နိုင်ငံသားတစ်ဦး လာရောက် အိပ်စက်သွားခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်တွင် လာရောက်အိပ်စက်သွားတဲ့သူကတော့ ဗြိတိန်နိုင်ငံသားMr.RobertSanPeဆိုသူဖြစ်ပြီး မြန်မာနိုင်ငံကို အောက်တိုဘာလတတိယပတ်အကုန်မှာ ရောက်ရှိလာတာလို့လည်းသိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့အရမ်းခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်လို့သိရပြီး နောက်တစ်နေ့ညနေပိုင်းမှာ နေအိမ်ကနေ ပြန်သွားတယ်လို့အနီးပတ်ဝန်းကျင် မြင်တွေ့သူများက ပြောပြပါတယ်။အဲဒီရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်ထဲမှာပဲ ရှိနေတယ်လို့လည်း သိရပါ တယ်။ ၂၀၀၉ ခုနှစ် မေလတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ အင်းလျားကန်စောင်းရှိ အိမ်ထဲကို အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထောဆိုသူသည် အင်းလျားကန်ထဲကနေ ရေငုပ်ပြီး လာရောက်ခဲ့တယ်လို့ သိရပါတယ်။ ယက်ထောဟာ မေလ ၃ ရက်မှ ၅ ရက်နေ့ထိ ၂ ညနဲ့ ၃ ရက် နေထိုင် ခဲ့ပါတယ်။ အဲဒီတုန်းကလဲ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ဖောက်ဖျက်မှုပုဒ်မ(၂၂)နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၃)နှစ် အပြစ်ပေးခဲ့ပါသေး တယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လူသိရှင်ကြားဘယ်တော့မှထုတ်ဖော်ပြောပြလေ့မရှိခဲ့ပါဘူး။ မေးမြန်းတာတို့လည်း မကြိုက်ပါဘူး။ ယခုနေပြည်တော် မိမိမှာ ဧည့်သည်ဗြိတိန် သားကိစ္စကိုလည်း ပြည်တွင်းမီဒီယာများက လွန်စွာစိတ်ဝင်စားနေကြပေမယ့်လည်း ဦးဆောင် ပြီး မေးမြန်း မယ့်သူကိုစောင့်ဆိုင်းနေကြပါတယ်။ ယခင် ၀ီလျံယက်ထော ကိစ္စတုန်းကလည်း ပြန်လည်ရှင်းပြခြင်း မရှိ သလို ယခု ဗြိတိန်နိုင်ငံသား ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်မှ မေးမြန်းခြင်းလုံးဝလက်မခံကြောင်း သိရပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

မြေလတ်သားnnn said...

သွားမေးတဲ့ သတင်းထောက်တော့ ထက်ထက်မိုးဦး ကို
သွားမေးမိတဲ့ သတင်းထောက်လို ပါးရိုက်ခံနေရဦးမယ်
နော် ပြစ်ဒဏ်ကလည်း ပါးတစ်ချက်မှတစ်ထောင်ကျပ်ဆို
တော့ နိုဘယ်ဆုရထားတဲ့ ဒေါ်လာ တစ်သန်းဘိုး ဆိုအချက်တစ်သန်း လောက်ရိုက်လို့ရတယ်။ ကျမဖာသာ
ကျမ Boy friend ထားတာဘာဖြစ်လဲ ဆိုပြီးပြန်မေးမှခက်လိမ့်မယ်။ သူတို့တွေက ညသန်းခေါင်
လောက်မှ ထထစားတဲ့ အကျင့်ရှိတယ်လေ ( ညဥ့်နက်စာ
စားတာပြောတာပါ) စားပြီးသောက်ပြီးမှ အင်း --အင်း
ဘယ်လို ပြောရမလဲ အဆိုတော် သဇင်လို လုပ်ချင်လည်း
လုပ်ကြမှာပေါ့လေ ။ အမေ အမေ နဲ့ ကိုယ့်အမေကျော်ပြီး
မိထွေးတော်ချင် တဲ့ကောင်တွေ မင်းတို့ ရဲ့ပထွေးကို လမ်း
တွေ့ရင်ခေါ် နိုင်အောင်သေချာကြည့်ထား။ ခေါင်ထိအကုန်
ပဲလို့ မင်းတို့ပထွေးက လုပ်လာရင်တော့ မင်းတို့ပါ ခရေပွင့်
ကြွေကုန်လိမ့်မယ် သတိသာထား။

thanthanusoe said...

တော်လှချဉ်လားဗျာ ခင်ဗျားတို့ကအပ်ကျတာတောင်သိနေသလိုဘဲ

shwemyoaung said...

အင်း...ဒါဆိုရင်....

Anonymous said...

ဒါလဲ ဒီမိုကရေစီပဲ လေ လွတ်လပ်စွာ ကဲ ခွင့် ရှိတယ် ဟုတ်ဘူးလား

Anonymous said...

thanthansoe လီးပဲကွာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ