Nov 19, 2012

ဥပဒေအထက်တွင်မည်သူမျှမရှိစေရဆိုသော်လည်း ဥပဒေထက်တွင် NLD ရှိသည်ဟုဆိုကာ သူတို့အမှူသည်ကို အနိုင်မပေးရင် တတိုင်းပြည်လုံးသပိတ်မှောက်အောင်လုပ်ပစ်မယ်လို့ ခြိမ်းခြောက်လို့ တရားသူကြီးနဲ့ရှေ့နေတွေ အမှူကိုလက်လွတ်(အဖြစ်မှန်)

စိတ်မကောင်းစရာလေးပါ .....
သီရိလိုက်တဲ့အမှုတစ်ခု .... မြေကြီးကိစ္စအငြင်းပွားတာ အရောင်းအဝယ်မလုပ်ရလို့တားထားထဲ့ မြေကွက်တစ်ကွက်ကို လက်တစ်ဝါးသာသာလောက်ရှိတဲ့စလစ်လေးကို အထောက်အထားပြုပြီး အရောင်းအဝယ်လုပ်ရင်းကဖြစ်တဲ့ပြဿနာ ...... တရားလိုအမျိုးသမီးဘက်က သီရိကို ငှားတယ်၊ တရားပြိုင်ဘက် တခြားရှေ့နေကိုငှားတယ်။ ...

အမှုစပြီးသိပ်မကြာပါဘူး ဟိုဘက်အမှုသည်တရားပြိုင်က မြို့နယ် NLD ရုံးကိုသွားတိုင်တယ် ဆင်းရဲသားကို တရားစွဲပြီး နှိုပ်စက်နေပါတယ်ဆိုပြီးတော့တဲ့။ ...... အဲဒိအမှုစစ်တဲ့နေ့တိုင်း ပင်နီတိုက်ပုံနဲ့ ပုဂ္ဂိုလ်ကြီးတွေ တရားရုံးမှာခြေချင်းလိမ်လို့ ......။ Rule of Law ဆိုတဲ့စားလုံးတွေလည်း ပလူပျံ .....။ တရားစီရင်ရေးကို ဘယ်သူမှ သြဇာလွှမ်းမိုးတာ မရှိစေရဘူးဆိုပြီး တရားသူကြီး တစ်ယောက်ထဲထိုင်တဲ့နားနေခန်းထဲ ဥဒဟိုဝင်ထွက် ....။ အမှန်တရားမပေါ်ပေါက်ဘူးဆိုရင် လူထုကိုပါစည်းရုံးပြီး ဆန္ဒဖေါ်ထုတ်ပွဲတွေလုပ်မယ်လို့လည်း ကြုံးဝါးနေလေရဲ့။ သီရိကိုလည်း ငွေရှင်ကြေးရှင်ရဲ့လက်ပါးစေဆိုပြီး မကြားတကြားလည်း ပြောလေသေးရဲ့ .....။ အဲဒါတွေကိုအမေစုမြင်စေချင်တယ်ရှင် .......
တရားဥပဒေအထက်တွင် NLD ပင်နီဝတ်များရှိသည်

သိပ်မကြာပါဘူး သီရိ အမှုသည်အမျိုးသမီးက အလွန်ဥပတိရုပ်ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို သီရိဆီကို ပင့်လာပါလေရဲ့ ... ချဉ်ဖတ်ရောင်းတဲ့ပါတီကြီးရဲ့ လွှတ်တော်အမတ်တဲ့ .... လွတ်တော်တက်နေလို့ နေပြည်တော်ကတောင်သွားပင့်ရဆိုပဲ။ ပြည်ထောင်စုအဆင့်ဝင်ကော်မတီကြီးမှာလည်း အဖွဲ့ဝင်အဖြစ်ပါတယ်တဲ့။

.... အနှီပုဂ္ဂိုလ်ကြီးက သီရိကို .... တရားစိရင်ရေးမဏ္ဍိုင်ကို သူတို့ကတည့်မတ်အောင်လုပ်နေရကြောင်း။ တရားသူကြီးတွေဟာ အဂတိလိုက်စားကြကြောင်း ....။ တရားဥပဒေစိုးမိုးရေးအရေးကြီးကြောင်းတွေ ခရားရေလွှတ် တတွတ်တွက်ပြောပြီး .... အခု မ×××× တရဲ့အမှုကိုလည်း အမှန်တရားအတိုင်းဖြစ်စေချင်ကြောင်း အမှန်အတိုင်းဖြစ်စေရေးအတွက် သူအစွမ်းကုန်ကူညီမှာဖြစ်ကြောင်းပြောပါတယ်။ ..... သီရိက အမှန်တရားဆိုတာ ဘာကိုဆိုလိုသလဲဆိုတာနဲ့ ဘယ်လိုကူညီမှာလဲဆိုတော့။................

မ××××× ဟာမတရားခံနေရတဲ့အတွက် သူ့အမှုအနိုင်ရရှိရေးဟာ အမှန်တရားဖြစ်ပြီး။ သူ့အမှုအနိုင်ရရှိရေးအတွက်ု လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရိန်ကိုသုံးလို့ရကြောင်း .... ၄င်းတို့အမတ်များဟာ တရားသူကြီးများကို ရာထူးတိုးမပေးနိုင်သော်လည်း ရှိရင်းစွဲရာထူးများမှ ပြုတ်သွားအောင် ဝေးလံခေါင်းပါးသောဒေသများကို ပြောင်းရွှေ့သွားရအောင်လုပ်နိုင်ကြောင်း ...။ အခုဆိုလျှင် တရားသူကြီးများက ၄င်းတို့ အမတ်များကို ကြောက်နေရကြောင်း ......
ပထမအနေနဲ့ ၄င်းက အခုအမှုကိုစစ်တဲ့တရားသူကြီးကိုသွားတွေ့ပြီး အမှုမှန်ကိုရှင်းပြမှာဖြစ်ကြောင်း ...
တရားရုံးကိုတောင်ခြယ်လှယ်လို့ရပြီဟုဆိုကာ အောင်ပွဲခံနေသည့် NLD ပါတီဝင်များ

ဒုတိယအနေနဲ့ တရားသူကြီးဘယ်လိုဆုံးဖြတ်တယ်ဆိုတာ ကြည့်ပြီး အမှန်အတိုင်းမဆုံးဖြတ်ဘူးဆိုရင် ကျန်တဲ့တရားသူကြီးတွေပါ မှတ်လောက်သားလောက်ရှိအောင် ဒီအမှုကို လွှတ်တော်မှာတင်ပြီး တရားရုံးချုပ်ကို ခေါ်မေးမယ်။ တရားသူကြီးကို အရေးယူဖို့ တရားရုံးချုပ်ကို ဖိအားပေးမယ်တဲ့။ နောက်ပြီးပြောသွားသေးတယ်။ ..... ဦးတို့အမတ်တွေက ဒါမျိုးဆိုညီတယ်နော် တဲ့ ...။

ကဲ .... အရပ်ကတို့ရေ ....

NLD က ပုဂ္ဂိုလ်ကြီးများ နဲ့ လွှတ်တော်အမတ်မင်းကြီးရဲ့ အမှန်တရားဆိုတာ ဘာလဲ ?

ကိုယ့်လူ အမှုရှုံးတာနဲ့ တရားစီရင်ရေးတမ်းစောင်းလေသတည်းလား ?

စိတ်မကောင်းပါဘူး ..... သီရိ အဲဒိအမှုကို ရှေ့နေကိုယ်စားလှယ်စာ ပြန်ုရုတ်သိမ်းခဲ့တယ်။ ရှေ့နေခလည်းတပြားမှမယူလိုက်ပါဘူး .... သီရိတို့ရှေ့နေလောကမှာတော့ ပါဝါပြန်ရုတ်တယ်ခေါ်တာပေါ့။ သူငယ်ချင်းတွေကမေးတယ် ... နင်ဘာလို့ဒီလိုလုပ်လိုက်တာလဲတဲ့။ သီရိပြန်ဖြေလိုက်ပါတယ် ........ လွတ်လပ်စွာတရးစီရင်ရေး Judicial Independence ကိုတည်ဆောက်တဲ့နေရာမှာ ငါမပါဝင်နိုင်ပေမဲ့ လွတ်လပ်စွာတရးစီရင်ရေး ကိုဖျက်စီးတဲ့လုပ်ရပ်ကိုတော့ ငါ့အနေနဲ့ အားပေးအားမြှောက်မလုပ်နိုင်ပါဘူးလို့ ....။ သူတို့ကပြောကြတယ်။ ... နင်ဂေါက်နေပြီတဲ့ ....။
ဟုတ်ပါတယ် ... သီရိဟာ တခါတရံမှာဂေါက်ပါတယ် ......
(မသီရိ)
https://www.facebook.com/thiri.minkyaw/posts/108100706021430

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

7 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မြို့နယ်တရားရုံးတစ်ခုမှာ လွတ်လပ်စွာတရားစီရင်နိုင်လွန်းလို့၊ အမိန့်ချတဲ့နေ့ကတရားသူကြီးဖတ်တဲ့အမိန့်သုံးသပ်ချက်နဲ့ တရားရုံးမှတ်တမ်းပြုထားတဲ့အမိန့်စာပါတရားသူကြီးရဲ့လက်ရေးသုံးသပ်ချက်ကလုံးဝတစ်ထပ်တည်းမကျဘူးတဲ့။
ဒီလိုဘဲ လွတ်လပ်စွာတရားစီရင်ချင်ကြတာလား။ သိက္ခာမထိန်းတဲ့သူတွေကြောင့်ဒီလိုဖြစ်ကြရတာပါ၊၊
လွတ်လပ်လွန်းလို့ အမုန်းခံဝင်ထိန်းကြတာပါ။
အားလုံးသောတရားရေးဝန်ထမ်းများမထိခိုက်ရအောင် ၊သိက္ခာမထိန်းတဲ့သူတွေကို အမည်ဖေါ်ပြပြီး၊နောင်မလုပ်ရဲအောင် တရားရေးဝန်ထမ်းများဝိုင်းဝန်းရှုံ့ချကြရင်ကောင်းမယ်။

innyatara said...

NLD တွေက အရင်ကတည်းက ဌာနဆိုင်ရာအပေါက်ဝ စောင့်ပြီး တိုင်စာထိုင်ရေးနေတဲ့ကောင်တွေပါ။ အလကားကောင်တွေ ပြည်သူလူထုအကျိုး ဘာမှ မယ်မယ်ရရမလုပ်ဘဲ ဌာနဆိုင်ရာတွေကို ပြဿနာလိမ့်ရှာနေတဲ့ကောင်တွေ။ ကြံ့ခိုင်ရေးကကောင်တွေက ပြည်သူလူထုအကျိုးတာဘာမှမလုပ်တာ ပြဿနာတော့ သိပ်မရှာဘူး။ ခုံတော်မောင်ကျဘမ်းလိုဖြစ်နေပြီ။ ခုံတော်မောင်ကျဘမ်းက စကားတတ်တော့ သူရှေ့နေလိုက်တဲ့ အမှုမှန်သမျှနိုင်နေတော့ တရားစီရင်ရေးမဏ္ဍိုင်ပြိုလဲသလိုဖြစ်နေတော့ သူ့ကို ခုံသမာဓိ(တရားသူကြီး)ရာထူးပေးလိုက်တော့ အမှုတွေလည်း မှန်သွားတယ်။ ဒါ့ကြောင့် NLD ကကောင်တွေ နည်းနည်းစာတတ်တဲ့ကောင်တွေကို တရားသူကြီးခန့်လိုက်။ အခုတရားသူကြီးလုပ်နေတဲ့ကောင်တွေ ရှေ့နေလုပ်စားလိုက်။ အဲဒီကောင်တွေ ဘယ်လိုတရားစီရင်မယ်ဆိုတာ ကြည့်နေလိုက်မယ်။ ဟားဟားဟား အီဖေကို အကြံပိုင်လိုက်တာ။

oswin oo said...

တရားဥပဒေစိုးမိုးရေးလို့အော်နေပြီးတရားဥပဒေရဲ့သဘောတရားကိုမသိတဲ့လူတွေကပျက်စီးအောင်လုပ်နေကြတဲ့လုပ်ရပ်တွေသာဖြစ်လို့မသီရိလိုလူတွေအများကြီးလိုတာအမှန်ပါပဲ

oswin oo said...

အမှု၁၀၀မှာနိုင်သူက၅၀ရှုံးသူက၅၀ရှိတယ် နိုင်သူကကျေနပ်ပြီး ရှုံးသူအချို့ကမကျေနပ်ကြဘူး
ဒီတော့ရာခိုင်နှုန်းနဲ့ကြည့်ရင်မကျေနပ်သူဟာအိုဘားမားကိုမထောက်ခံသူတွေထက်ပိုမများပါဘူး
အခုအမေရိကန်ကိုဦးဆောင်ဖို့အရွေးခံရတာအိုဘားမားပါ
ဒီသဘောတရားကိုကြည့်ပြီးကိုယ်လိုသလိုဆွဲယူပြီးစော်နေသူတွေရပ်ဖို့ကောင်းပြီ

oswin oo said...

Anonymous said...

Anonymous said...

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ