Nov 18, 2012

လုံခြုံရေးများ ဖိနပ်မချွတ်နိုင်သည့်အတွက် ကန်သမ္မတ၏ ရွှေတိဂုံဘုရား ခရီးစဉ်ဖျက်သိမ်း

From:..စူးရှ...//

.မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် ရောက်ရှိမည်
ဖြစ်သော အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်၌ သမိုင်းဝင်
ရွှေတိဂုံစေတီတော်ကြီးအား သမ္မတကြီးဦးသိန်းစိန်က လိုက်လံပို့ဆောင်မည့် အစီအစဉ်အား
ဖျက်သိမ်းလိုက်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ရွှေတိဂုံစေတီတော်သို့ သွားရောက်မည့် ခရီးစဉ်ဖြတ်သိမ်းလိုက်ရခြင်းမှာ အမေရိကန် သမ္မတဖြစ်သူ
အိုဘားမားက မြန်မာ့ ဓလေ့ထုံးတမ်းအရ ဘုရားရင်ပြင်တော်အတွင်း ၎င်းတို့ ဖိနပ်ချွတ်ရမည်
ဖြစ်သော်လည် ၎င်းတို့၏ လုံခြုံရေးများအနေဖြင့် ဖိနပ်မချွတ်နိုင်သောကြောင့် ခရီစဉ်အား
ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“သမ္မတကြီးက ရွှေတိဂုံဘုရားကို လိုက်ပို့ဖို့ စီစဉ်ထားတယ်။ အိုဘားမားက ဖိနပ်ချွတ်နိုင်ပေမယ့်
သူရဲ့လုံခြုံရေး တာဝန်ယူ တဲ့သူတွေအနေနဲ့ ဖိနပ်မချွတ်နိုင်တဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်း
လိုက်ရတယ် ” ဟု ၎င်းကပြောကြားသည်။

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း နေ့လည် ၂ နာရီခန့်တွင် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရပြီး
အဆိုပါ မိန့်ခွန်းပြောရန် နေရာအား သမ္မတကြီးဦးသိန်းစိန်မှပင် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း
ထပ်မံသိရသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဟုတ်လဲမဟုတ်ဘူး ရှောက်ပြောနေတယ်..

http://sphotos-b.xx.fbcdn.net/hphotos-ash4/483426_453236344713994_2050862855_n.jpg

Anonymous said...

လျှောက်မပြောပါနဲ့ ဟယ် .....

Anonymous said...

http://prntscr.com/k3grs

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ