Nov 18, 2012

မြန်မာနိုင်ငံဝန်ထမ်းတွေ ငွေသန်းနဲ့ချီပြီးအလွဲသုံးစားလုပ်မိလား- ပြန်လျော်လိုက်ပြီးရင် အငြိမ်းစားပေးခြင်းခံယူလိုက်တာနဲ့ ကိစ္စပြီးပြီ

အမယ်မင်း..ပြောရတော့မယ်ဟဲ့.ပြောရတော့မယ် ဆိုပြီး မောင်ကျောက်ခဲ ငိုချင်းချမိပါတယ်။သစ်တပင်ခုတ် ထောင် ၃နှစ် ၊တတောလုံးခုတ်တော့ သူဌေးဖြစ်ဆိုတဲ့ သရော်စကားများ တကယ်ဖြစ်နေသလားကွယ်ရို့။
သစ်ပင်လေးတစ်ပင်ခုတ်တော့ ထောင် ၃ နှစ်တဲ့ ။လမ်းဘေးဆိုင်းဘုတ်ရိုက်ခွဲတော့ ခြောက်တစ်နဲ့ ထောင်၆လလောက်ကျပါတယ်ကွယ်။ငွေလည်း ၂သိန်း ၃သိန်း ယူသုံးမိလို့ထောင် ၅နှစ်လောက်ကျတဲ့ ဝန်ထမ်းတွေတွေ့ဖူးပါရဲ့။


အခုတော့ကွယ်ကမာရွတ်မြို့နယ်ပညာရေးမှူးရုံး ငွေစာရင်းကျွမ်းကျင်ဆိုသူကဘယ်နှစ်ခါတောင်တွတ်ထားမှန်းမသိတဲ့ ငွေပေါင်း ၅ ဒသမ ၅၅၂ သန်း အလွဲသုံးစားလုပ်တာ ပြန်လည်ပေးသွင်းလိုက်တာနဲ့ အငြိမ်းစားပေးပြီး အနားယူခိုင်းလိုက်တာ အပြစ်က ကျေပါရောတဲ့လားကွယ် ။ ကျောက်ခဲ တွေ့ဖူးတဲ့ ဝန်ထမ်းတစ်ချို့များ------ အမလေးလေ ပြောရင်းနဲ့တောင် ကြက်သီးတဖြန်းဖြန်းထတယ် ။ကဲကဲ..ဝန်ထမ်းတို့ ခိုးကြပေရော့ ဝှက်ကြပေရော့ ပြန်ဆပ်ရင်ရတယ်ကွယ့် ။ပြန်ဆပ်နိင်ရင်အလွန်ဆုံး အငြိမ်းစားပေါ့ကွယ် ။စာရင်းကိုင်သင်တန်းလေးများ ပြီးထားလို့ အလုပ်မရရင် ဒီဌာနကိုသွား ။ငွေသန်းနဲ့ချီပြီးပျောက်ထားတာတောင် အလျော်ပေးရင် အငြိမ်းစားနဲ့ပြီးမှတော့ စာရင်းကိုင်လေးတွေ စာရင်းမှားတာ သုညတစ်လုံးတိုးတာ လျှော့တာမျိုးကိုတော့ သား/သမီးလေး မမှားရဘူးနော် ဆိုပြီး နဖူးလေးပွတ် ကျောလေးသပ်ပြီး သင်ပြမဲ့ဌာနကြီးဆိုတာ ဒီအမှူကြည့်ပြီး ယုံလိုက်ပေရော့။ဒီလောက် သက်သာတဲ့ နေရာ ဘယ်နေရာရှိသေးသတုန်း။ကိုင်း......။

(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ