သာသနာ သက္ကရာဇ် ဟာ အခုဆိုရင် ၂၅၅၆ နှစ်ရှိပါပြီ ။ ဘုရားသာသနာ ခေတ်ပြီးလို့ သိကြား သာသနာ ဘက်ရောက်လာတော့ ဘုန်းကြီးတွေလည်း နည်းနည်း ပလပ်တွေ လွတ်ကုန်တော့တာပဲ ။ ပြောရင် ရှည်ပါတယ်လေ ။
ခုပဲကြည့် ။ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တွင်းမှာ ဘုရားသားတော် သံဃာတော်တွေ ကြွလာရင် စကြဝတေးမင်းတောင် ဦးတိုက်လို့ ကြိုရပါသတဲ့ ။ကွယ်..ခုများတော့ လူပုဂ္ဂိုလ်တစ်ယောက်ကို ဘုန်းဘုန်းတို့က မနက်အစောကြီး အာရုဏ်ဆွမ်းတောင် ကမန်းကတန်း ဘုဉ်းပေးပြီး ဆိုင်းဘုတ်တွေလာကိုင်ပြီး ကြိုနေရမှတော့ ..ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေ ဗုဒ္ဓသားတော်တွေရဲ့ အဆင့်အတန်းတွေ ဘယ်ရောက်ကုန်သတုန်း ။ဒါကြောင့် မြတ်စွာဗုဒ္ဓက ဟောခဲ့တာ ။သိကြားသာသနာ နှစ်ကုန်ခါနီးလေ ။ရဟန်းတွေပျက်စီးလာလေ ။ရဟန်းက လူတွေနဲ့တူတဲ့တစ်နေ့ ဗုဒ္ဓဘာသာကွယ်မယ် ။နောက်ဆို လက်မောင်းမှာ အနီစ ပတ်ရင် ရဟန်းလို့တောင် ခေါ်တွင်ရမည် လို့ ဗျာဒိတ်မှတ်ခဲ့သေးတာပဲလေ ။
(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________

5 ယောက် ဆွေးနွေးခဲ့တယ်:
ဘုန်း ကြီး က ဘုန်း မ ကြီး လို့ လူ ကို ကြို တာ နေ မှာ ပေါ့
မှားပါတယ် ဘုန်းဘုန်းရယ်..
ဟုတ်ပါတယ် မဖြစ်သင့်ပါဘူး
ဆက်ပြီလဲ မပြေားချင်ပါ
အင်း... ကောင်းပါတယ်..ကောင်း. ပါ . တယ်...
ခေတ်ကာလကလည်းပြောင်းလာပြီနော်
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။