Nov 23, 2012

ဒီတစ်ခါလည်းမုဒိန်းမှုပါပဲ(၃)

နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ်
ပြုပြင်ပြောင်းလဲမှုအများအပြားကိုတွေ့မြင်ကြရမှာဖြစ်ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အခြေခံအကျဆုံးဖြစ်သည့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ကြရန်၊ တရားဥပဒေသည်
ပြည်သူလူထု၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြစ်ရန် အမြှော်အမြင်ကြီးမားလှသောဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဒီမိုကရေစီဘက်တော်သားများက မမောနိုင်မပန်းနိုင်တိုက်တွန်းနှိုးဆော်လျှက်ရှိနေသည်ကို ရေဒီယို၊ ဂျာနယ်၊ အင်တာနက်စသည့် မီဒီယာမျိုးစုံတွင် မကြာခဏတွေ့မြင်ကြားသိနေရပါသည်။

ဒီမိုကရေစီဘက်တော်သားများက မည်မျှပင်တိုက်တွန်းနှိုးဆော်စေကာမူ ပြည်သူလူထုနေ့စဉ်ကြုံတွေ့နေရသည့် မတရားမှုများကလျှော့သွားသည်မရှိ။ တန်စိုးလက်ဆောင်ကြောင့် အမှန်တရားကိုမျက်ကွယ်ပြုကာမလုပ်သင့်မလုပ်ထိုက်သည်ကိုလုပ်ခြင်း၊မိမိတို့၏ကျင့်ဝတ်သိက္ခာကိုစောင့်စည်း၍ အပြစ်မဲ့ပြည်သူလူထုကို အကာအကွယ်ပေးရမည့် ဥပဒေဘက်တော်သား ဝန်ထမ်းများက ငွေမျက်နှာတစ်ခုတည်းကြည့်၍အဂတိလိုက်စားခြင်းများသည် ခုတလောပြောနေကြသည့် ခေါက်ရိုးကျိုးနေသည့် အကျင့်ဆိုးများပင်ဖြစ်ပေသည်။

အဆိုပါပြည်သူလူထုနေစဉ် ကြုံတွေ့နေရသည့် မတရားမှုများအနက် ပြင်ဦးလွင်မြို့တွင် လက်ရှိဖြစ်ပေါ်
နေသည့် ဖြစ်ရပ်တစ်ခုက အနာဂါတ်ဒီမိုကရေစီ ပန်းတိုင်ကြီးအတွက် ရင်လေးစရာပင်။ ဖြစ်စဉ်မှာ
မြို့ခံအထက်တန်းရှေ့နေတစ်ဦးကို ဥပဒေဘက်တော်သားဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်း၍ မမှန်မကန်
အမှုတည်ဆောက်ပြီး တရားစွဲဖမ်းဆီးချုပ်နှောင်ထားခြင်းပင်ဖြစ်သည်။ မမှန်မကန်အမှုတည်ဆောက်
ထားကြောင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားသည်မှာလည်းအလွန်ထင်ရှားနေကြောင်းတရားလွှတ်တော်
ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်ကိုလည်း မောင်မျိုးချစ်ကိုယ်တိုင်နားထောင်ခဲ့ရပါသည်။

ရှေ့နေတစ်ဦးကို တရားစွဲဆိုသည်မှာ အနည်းငယ်ထူးဆန်းနေပေသည်။ တရားစွဲခံရသော ရှေ့နေနှင့်
ပတ်သက်၍ အနည်းငယ်လေ့လာကြည့်သောအခါ ၄င်းရှေ့နေသည် ဆင်းရဲသားပြည်သူလူထုက
ရှေ့နေခငွေမတတ်နိုင်၍ အကူအညီတောင်းခံလာသော နစ်နာဆုံးရှုံးမှုများကို တရားဥပဒေအကြောင်းအရ
အမှန်တရားဘက်မှ ရပ်တည်ပေးသူပရဟိတရှေ့နေတစ်ဦးဖြစ်ကြောင်း၊၄င်းလိုက်ပါဆောင်ရွက်ပေးနေသော
အမှုများမှာ တရားရုံးကြားနာစစ်ဆေးမှုများအရ မကြာမီအမှုမှန်ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း၊
အမှုမှန်ပေါ်ပေါက်လာပါက သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် ၄င်းတို့၏ ရာထူးစည်းစိမ်ကို ထိခိုက်နိုင်ကြောင်း၊၄င်းရှေ့နေသည်
 ဒီတစ်ခါလည်း မုဒိန်းမှုပါပဲ(၁)(ဒီနေရာတွင် ပြန်လည်ကြည့်ရှူပါ-http://www.mgkyautkhae.com/2012/09/blog-post_7.html)နှင့်
“ဒီတစ်ခါလည်း မုဒိန်းမှုပါပဲ” အပိုင်း(၂) http://www.mgkyautkhae.com/2012/09/blog-post_9.html

 ပါအနိုင်ကျင့်စော်ကားခံရသည့် မိန်းကလေးဘက်မှအခကြေးငွေမယူဘဲ လိုက်ပါဆောင်ရွက်ပေးသူဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ အဆိုပါရှေ့နေ၏ဇနီးဖြစ်သူ ဒေါ်စံဂီသား(ကျောင်းဆရာမ) နိုင်ငံသား
စီစစ်ရေးကဒ်ပြားအမှတ်(၉/မမန(နိုင်)ဝ၄၄၃၁၁၊ အ.မ.က(၁၄)ကျောင်းဝင်း၊ ဟော်ကုန်းရပ်၊ ရ.က.က(၃)၊
ပြင်ဦးလွင်မြို့နေသူ ဖုန်းအမှတ် ဝ၉-၄ဝ၂၆၄ဝ၇၁၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရှိရပါသည်။

မောင်မျိုးချစ်(ပြင်ဦးလွင်)
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ