Nov 18, 2012

မန်း-မြစ်ကြီးနား မီးရထားလမ်းကြော ပင်ဟဲနှင့် မော်လူးကြား တံတားအမှတ် ၄၇၈ မိုင်းခွဲခံရ

မန်း-မြစ်ကြီးနား မီးရထားလမ်းကြော ပင်ဟဲနှင့် မော်လူးကြား တံတားအမှတ် ၄၇၈
တွင် ယမန်နေ့ည ၁၀နာရီခွဲခန့်က မိုင်းခွဲဖျက်ဆိးခံခဲ့ရသည်။

အဆိုပါသတင်းနှင့်ဆက်စပ်ပြီး ကချင်ပြည်နယ် ပိန်းခွန်ယန် အခြေစိုက်တပ်ရင်း ( ၅) မှ ကေအိုင်အေ
တပ်ဖွဲ့မှ ကြယ်နှစ်ပွင့်နှင့်အရာရှိတစ်ဦးက " ဒီဖြစ်စဉ်က ကေအိုင်အေကလုပ်တာမဟုတ်ပါဘူး။ ဖွဲ့စည်းပေးထားတဲ့ပြည်သူ့စစ်တွေလုပ်သွားတာပါ။ပြီးခဲ့တဲ့လက တပ်မ (၃၃) က ရထား ၃ စီးနဲ့တက်သွားတာကျွန်တော်တို့ဆီကဘာမှမလုပ်နိုင်လို့ဗဟိုဌာနချုပ်လိုင်ဇာကဖိအားတော်တော်ပေးခံခဲ့ရတယ်။ကချင်ပြည်နယ်ထဲမှာလုပ်ဖို့ကမလွယ်တော့ဘူး။စစ်တပ်ကလုံခြုံရေးတွေတိုးချလိုက်သလို နယ်မြေခံတွေကလည်းတားတယ်။ အခုစစ်ကိုင်းတိုင်းထဲမှာလုပ်တော့ နယ်မြေခံပြသနာမရှိဘူး။လုံခြုံရေးလဲမရှိသလောက်ဆိုတော့အရမ်းလွယ်တယ်။ကချင်ပြည်နယ်ထဲမဟုတ်တော့ကေအိုင်အေလုပ်တာမဟုတ်ဘူး။ အခြားလူထုတွေပါအဖျက်အမှောင့်လုပ်ငန်းလုပ်တာ။ စစ်တပ်ကသူ့ဖာသူပြန်လုပ်ပြီး
ကေအိုင်အေကိုပုံချတာ စသဖြင့် နိုင်ငံရေးအမြတ်လည်းထုတ်လို့ရတာပေါ့"
ဆိုပြီး ဗဟိုကတာဝန်ပေးချက်အရ ကေအိုင်အေ ရင်း၅ မှ ဖွဲ့စည်းပေးထားသောပြည်သူ့စစ်များက 
ဖောက်ခွဲခဲ့ကြောင်း မော်ဟန်မှ ကေအိုင်အေတပ်ဖွဲ့နှင့်အကျွမ်းတဝင်ရှိသူ (အမည်ဖော်ပြရန် ငြင်းဆိုထားသူ) တစ်ဦးအပြောအရသိရသည်။ 

  
ကေအိုင်အေတို့အနေဖြင့် နန်စီးအောင်မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် လုံခြုံရေးတပ်ဖွဲ့များ
များပြားပြီး မပြတ်ကင်းလှည့်ခြင်းများ လုပ်ဆောင်နေသဖြင့်လည်းကောင်း၊
စစ်ကိုင်းတိုင်းအတွင်းအဖျက်အမှောက်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့်စစ်တပ်အင်အားကို ကချင်ပြည်နယ်အတွင်းမှလျော့ချစေရန်ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ဒေသခံများနှင့်
အဆက်အစပ်မရှိသဖြင့်မျက်နှာနာစရာမလိုသဖြင့်လည်းကောင်းစစ်ကိုင်းအတိုင်းအတွင်း မီးရထားလမ်းကြောင်းကို မိုင်းခွဲခြင်းဖြစ်ကြောင်း ထိုသူကပင်ဆက်လက် သုံးသပ်ပြခဲ့သည်။

(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ