From:..7Day News Journal...
(မောင်ကျောက်ခဲ အဖွဲ့)
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် သမကုန်းအ၀ိုင်းအနီး (၁၁)ရပ်ကွက်ရှိ လူနေအိမ်နှစ်လုံး ယနေ့နံနက် ၉ နာရီကျော်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အမှတ်(၁၁)ရပ်ကွက် မန္တလေးလမ်းနှင့် ခိုင်သဇင်လမ်းထောင့်ရှိ တရားမ၀င် ဓာတ်ဆီသိုလှောင်နေသော လူနေအိမ်မှစတင်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။
ဓာတ်ဆီများအား ပုံးတစ်ခုမှတစ်ခုသို့ လဲလှယ်ရာမှ စတင်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဓာတ်ဆီလဲလှယ်သည့် အိမ်ရှင်အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။
မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ် ၂၂ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီးဖြင့် ငြိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၆ သိန်းကျော် မီးလောင်ကျွမ်းခဲ့ကြောင်း အထက်ပါအရာရှိကပင် အတည်ပြုပြောကြားသည်။

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။