Nov 21, 2012

မြန်မာ့လျှပ်စစ်ဓာတ်အား ဘင်္ဂလားဒေ့ရှ်သို့ မရောင်းတော့

From:oppositeyes
ယခင်က သဘောတူညီမှုရှိခဲ့သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား လျှပ်စစ် ဓာတ်အား ရောင်းချရေးကို မြန်မာဘက်က ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ၁၄-၁၁-၂၀၁၂ ရက်က သိရသည်။
မီးရောင်ထိန်ထိန်လင်းနေသည့် မုန်တိုင်း၊ငလျင်၊လူဦးရေ ဒုက္ခပေါင်းစုံနိုင်ငံ
အဆိုပါ ပယ်ဖျက်မှုကို ခြောက်ကြိမ်မြောက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက်ရေး ကော်မရှင် အစည်း အဝေးတွင် မြန်မာဘက်က ပယ်ဖျက် လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာ များ တွင်  ဖော်ပြ ပါရှိသည်။

“ကျွန်တော်တို့ နိုင်ငံမှာလည်း လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိဖို့ လိုအပ်တယ်။ မီးမလာလို့ ဖယောင်းတိုင် မီး ထွန်းတာတွေ မဖြစ်စေ ချင်ပါဘူး” ဟု မြန်မာ့လျှပ်စစ်မှ တာဝန်ရှိ သူ တစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၁၁ ရက်မှ ၁၂ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်တွင်  ပြုလုပ်ခဲ့သော မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ရှိနေ၍ ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချပေးတော့မည် မဟုတ်ကြောင်း မြန်မာဘက်က ပြောကြားသွားသည်ဟု သိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ စိုင်တင်ရေအားလျှပ်စစ်နဲ့ ချင်းပြည် နယ်နဲ့ ရခိုင်ပြည်နယ်အကြားမှာ တည်ဆောက်နေတဲ့ လေးမြို့ရေအား လျှပ်စစ် စီမံကိန်းက ကီလိုဝပ် ၅၀၀ ဝယ်ယူဖို့ အရင်က မြန်မာနဲ့ ပဏာမ သဘောတူညီခဲ့တာပါ” ဟု အင်ဂျင်နီယာချုပ် ဦးစိုးလှိုင်က ပြောသည်။ ရခိုင်ပြည်နယ် စိုင်တင်ရေအား လျှပ်စစ်မှာ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး လေးမြို့ရေ အား လျှပ်စစ်စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။ ထို့ပြင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိသဖြင့် မြန်မာအပြင် အိမ်နီး ချင်းနိုင်ငံများဖြစ်သည့် ဘူတန်၊ အိန္ဒိယ၊ နီပေါ နိုင်ငံတို့မှ ဝယ်ယူရရှိရန် ကြိုးပမ်းနေ သည်ဟု သိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာထက် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲ  တယ်လို့ ခန့်မှန်းလို့ရပါတယ်” ဟု ဦးစိုးလှိုင် က ဆက် လက်ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လျှပ်စစ် ဓာတ်အား ဝယ်ယူ၍ မရရှိသော် လည်း နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက် တိုက်ရိုက်  လေကြောင်းလိုင်း၊ ရေကြောင်းလိုင်းများ တိုးချဲ့ရန် စီစဉ်နေသည်ဟု သတင်းများ တွင် ဖော်ပြပါရှိကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ် တွင် ဖော်ပြထားပါသည်။

Khit Lu Nge.(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ