Nov 21, 2012

ရန်ကုန် တက္ကသိုလ်တွင် ၁၇ နှစ်ကြာ တက်ရောက်ခွင့် ရပ်ဆိုင်းထားခဲ့သည့် ဂုဏ်ထူးတန်း လာမည့်ပညာသင်နှစ်တွင် ပြန်လည်စတင်မည်

From:...မင်းသုအောင်..//
၁၉၉၆ ခုနှစ် နောက်ပိုင်း ၁၇ နှစ်ကြာ ဂုဏ်ထူးတန်း တက်ရောက်ခွင့် ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင် လာမည့်ပညာသင်နှစ်မှစတင်ပြီး ဦးရေသတ်မှတ်၍ ပြန်လည်လက်ခံ သင်ကြားပေးသွားရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရသည်။

ပညာရေးဝန်ကြီး ဌာနက ညွှန် ကြားစာဖြင့် ဂုဏ်ထူးတန်း ကျောင်း သားတို့ကို အထူးပြု ဘာသာတစ် ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၂ဝ ဦးအား လက်ခံ သင်ကြားပေး ရန် ညွှန်ကြားခဲ့ပြီး လက်ရှိတွင် သင်ကြားမှုအတွက် ဌာန အသီး သီး မှ ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဟုလည်း ရန်ကုန်တက္ကသိုလ် တွဲဖက် ပါမောက္ခများနှင့် လက်ထောက် ကထိကအချို့တို့ကပြောဆိုသည်။

အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်မှု ဆောင်ရွက်ခြင်း ၏ လုပ်ဆောင်မှုများ ထဲက တစ်ခု ဟု အတည်ပြုပြောကာ အသေး စိတ်ကို မပြောဆိုခဲ့ပေ။

ရူပဗေဒဌာန တွဲဖက်ပါမောက္ခ ဦးစိုးဝင်းက ''ဒီဇင်ဘာလမှာ ကျောင်းဖွင့်မယ်။ ဝင်ခွင့်က ဘယ် လိုပုံစံလဲတော့ မသိဘူး။ သင်ကြား ပေးဖို့ ပြင်ဆင်နေပါပြီ။ ကျောင်းရဲ့ သဘောက ကျောင်းသားတွေနဲ့ ရှိရမယ်။ ကျောင်းသားများမှ လည်း သုတေသနပြုမှုတွေက ပိုများလာ မှာပေါ့''ဟု ပြောသည်။

ရန်ကုန်တက္ကသိုလ်မှ လက် ထောက်ကထိက ဒေါက်တာ ကျော်သန်းမိုးက ဝင်ခွင့်စာမေးပွဲဖြင့် စစ်ဆေး၍ တက်ရောက်ခွင့် ရွေးချယ်သည့် ရန်ကုန် တက္ကသိုလ် သမိုင်း အစဉ်အလာ အတိုင်း ဆောင်ရွက် လိမ့်မည်ဟု ခန့်မှန်းပြောဆိုမှု ပြုခဲ့ သည်။

မြန်မာ့ပညာရေး ပြုပြင်ပြောင်း လဲမှုအပေါ် စောင့်ကြည့်လေ့လာ နေသူ ဒေါက်တာ ဘိုးလှိုင်ကမူ ယခုကဲ့သို့ ဂုဏ်ထူးတန်း ကျောင်းသား လက်ခံမှုကို ယေဘုယျအား ဖြင့် ကြိုဆိုကြောင်း ပြောဆိုခဲ့ သော်လည်း သင်ကြားမှုအပိုင်း၊ ကျောင်းသားအဆောင် ထားရှိမှု ရှိ၊ မရှိ ဆိုသည်မျိုးကို စောင့်ကြည့်သွားရ မည်ဟု ပြောသည်။

''ဘယ်လို စိတ်ကူး ရှိလဲဆို တာ သိမှမသိရဘဲ။ စောင့်ကြည့် ရမှာပေါ့။ ရန်ကုန်တက္ကသိုလ်က ဘာသာဌာနတွေကို နိုင်နင်းတဲ့ အတိုင်းအတာ ဖြစ်စေချင်တယ်။ အခုထက် ပိုပြီး မြှင့်စေချင်တယ်။ ကျယ်ဝန်းစေချင်တယ်။ နက်စေ ချင်တယ်။ သင်တာကလည်း ဘယ် လိုပုံစံနဲ့သင်မှာလဲ။ ဒါလည်း အရေး ကြီးတာပဲ။ စောင့်ကြည့်ရမှာပေါ့။ ပါမောက္ခချုပ်၊ ပါမောက္ခတွေရဲ့ ဆုံးဖြတ်ပေးနိုင်မှုကို ပညာရေးဝန် ကြီးဌာနက လုပ်ပိုင်ခွင့် အပြည့်အဝ ပေးရပါလိမ့်မယ်'' ဟု ဒေါက်တာဘိုး လှိုင်ကပင် ဆက်လက်ပြောသည်။

လတ်တလောတွင် ရန်ကုန် တက္ကသိုလ်အား မူလအဆင့်အတန်း ပြန်ဖြစ်စေ ရန် နိုင်ငံတော် သမ္မတ အကြံပေးအချို့ အပါအဝင် NLD လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ် စားလှယ်များနှင့် ၈၈ မျိုးဆက် ကျောင်းသားတို့၏ တောင်းဆိုမှုတို့ အရှိန်ပြင်းလာနေသည်။

.(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ