Nov 23, 2012

တောင်တရုတ် ပင်လယ် အငြင်းပွားမှုအား နိုင်ငံ တကာမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိစေရန် သဘော တူညီခဲ့

From:.မြ၀တီ.....//
ကမ္ဘောဒီးယား နိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပလျက် ရှိသော အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များ အနေဖြင့် တောင်တရုတ် ပင်လယ် အငြင်းပွားမှု အား နိုင်ငံ တကာမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိစေရန် သဘော တူညီ ခဲ့ကြကြောင်း သိရှိ ရပါသည်။ ဖိလစ်ပိုင် သမ္မတ အကွီနိုက ချက်ချင်းပင် တုံ့ပြန် ပြောဆိုရာ၌ ယခုကဲ့သို့ အများ ဆန္ဒဖြင့် သဘော တူညီမှု ရရှိ ခဲ့ဖူးခြင်း မရှိသေးပါကြောင်း ပြောကြား ခဲ့ပါသည်။

နိုဝင်ဘာလ ၂၁ ရက် နေ့တွင် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario က ထုတ်ပြန် ကြေညာ ခဲ့ရာတွင် ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ် တို့နှင့် ပိုင်နက် အငြင်းပွားမှု ဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ များကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် လက်ခံ ကျင်းပ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

တောင်တရုတ် ပင်လယ် အတွင်းရှိ နယ်မြေ ပိုင်နက် ဆိုင်ရာ အငြင်း ပွားမှုများ အပေါ် မတူ ခြားနားသည့် ရပ်တည်ချက် များသည် အနာဂတ်တွင် အာဆီယံ နိုင်ငံများကို သွေးခွဲ စေလိမ့်မည် ဖြစ်ကြောင်း သိရှိ ရပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ