Nov 20, 2012

အိုဘားမား ဘာကြောင့် မိန့်ခွန်းတွေကို လက်တန်းဆက်တိုက်ပြောနိုင်ပြီး ဒို့နိုင်ငံလူကြီးတွေ စာရွှက်ကြည့်ပြောနေတာလဲ

အိုဘားမား ရန်ကုန်တက္ကသိုလ်ထဲမှာ မိန့်ခွန်းပြောသွားလိုက်တာ ကြိုတင်ထုတ်ပြန်ထားတဲ့ မိန့်ခွန်းပြောကြားချက်တွေနဲ့ တစ်လုံးမှမလွဲပဲနဲ့ ဒက်ခနဲ ဒက်ခနဲ ပြောသွားလိုက်တာ အံသြစရာပါပဲ ။ဘာကြောင့်များပါလိမ့် ။ဒို့နိုင်ငံကလူကြီးမင်းများကရော ဘာလို့ မိန့်ခွန်းတွေပြောတိုင်း စာရွှက်ကြီးတွေငုံဖတ်နေရတာပါလိမ့် ။ဒါကဒီလိုရှိပါတယ်တဲ့ ။ ရန်ကုန်တက္ကသိုလ် ခန်းမကြီးထဲက အိုဘားမား စကားပြောစင်ရဲ့ ရှေ့မှာ ဖန်plate ပြားလေးနှစ်ခု ထောင်ထားတာ တွေ့မိကြမယ်ထင်ပါတယ် ။


မသိရင်ပဲေ၇ဒါလိုလို ကျည်ကာလိုလိုနဲ့ပေါ့ဗျာ ။တကယ်တော့ အဲဒီဖန်ပြားလေးတွေကို Teleprompter လို့ အမည်တွင်ပါတယ် ။သူ့ရဲ့အလုပ်လုပ်ပုံကတော့ တဖက်က ကွန်ပျူတာကနေ အဲဒီ Teleprompter ဆီကို စာတွေပို့ရပါတယ် ။ အလုပ်တွေမှာ ပရောဂျက်တစ်ခုကို ပရိုဂျက်တာနဲ့ ထိုးပြတဲ့သဘောပါပဲ ။ 


အခုလို ပြောရမယ့် မိန့်ခွန်းတွေကို Teleprompter plate လေးထောင်ထားတော့ ပြောကြားမဲ့သူဟာ လူထုကို တည့်တည့်ကြည့် ဝေ့ကြည့်ပြီး ပြောလို့ရတယ် ။ဟန်လည်း မပျက်တော့ဘူးပေါ့ခင်ဗျာ ။များသောအားဖြင့် သတင်းကြေငြာသူတွေ အသုံးများတယ်ပေါ့ ။ ကင်မရာတွေမှာ အဲဒီပလိတ်ပြားလေးတွဲဆင်ထားသော သတင်းကြေငြာသူဟာ ပလိတ်ပြားလေးကို ကြည့်ပြောနေတော့ သူဟာကင်မရာကိုပါကြည့်ပြိးသား ဖြစ်နေတဲ့အတွက် ရုပ်မြင်သံကြားစက်မှာတော့ ပရိသတ်ကို တည့်တည့်ကြည့်ပြီး ပြောနေသလိုဖြစ်သွားရတာပေါ့ ။ 

အခု အိုဘားမားက Teleprompter သုံးပြီးပြောသွားတော့ လူထုကိုပါ ကြည့်ပြီး ပြောသလိုဖြစ်တဲ့အတွက် လူထုရဲ့ အင်ပရက်ရှင်ပါရတာပေါ့ ။ ခေါင်းဆောင်တစ်ယောက်ရဲ့ ဟန်လည်း မပျက်ဘူးပေါ့ဗျာ ။ဒို့နိုင်ငံက လူကြီးတွေလည်း သုံးသင့်တယ်လို့ အကြံပြုချင်ပါရဲ့ ။
(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ