Nov 23, 2012

ရိုဟင်ဂျာအရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် ပြတ်ပြတ်သားသားပြောဆိုခဲ့

ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းသော မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် လက်ခံ အသိမှတ်ပြုသော်လည်း ‘ရိုဟင်ဂျာ’ ဟူသည် မြန်မာနိုင်ငံ သမိုင်းကော်မရှင်က အသိမှတ်ပြုထားသော လူမျိုးများထဲတွင် မပါဝင်၍ ရိုဟင်ဂျာအရေးကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ခေါင်းဆောင် ဦးသိန်းညွှန့် က ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်သော NNDP တည်ထောင်သည့် တနှစ်ပြည့် အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးသိန်းညွှန့်က
ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။


ကျနော် မဲရဖို့ သက်သက်နဲ့ ဟိုမှာတမျိုး ဒီမှာတမျိုး မပြောနိုင်ဘူး။ ဟိုပုဂ္ဂိုလ်ပြော ဒီပုဂ္ဂိုလ်ပြောကို မပြောဘူး။မြန်မာနိုင်ငံ သမိုင်းကော်မရှင် တင်ပြထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ ‘ရိုဟင်ဂျာ’ မပါတဲ့အတွက် ရိုဟင်ဂျာအရေးကို မဆောင်ရွက်ပေးနိုင်ပါဘူး” ဟု ဦးသိန်းညွန် က ယတိပြတ် ပြောဆိုသွားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ပြည်သူဆန္ဒကို ရယူထားသည့် ဥပဒေ ဖြစ်ပြီး ကုလသမဂ္ဂမှ ချမှတ်ထားသော စံချိန်စံနှုန်းနှင့် မကိုက်ညီမှာသာ ၎င်းအနေနှင့် အဆိုတင်သွင်းမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ဆက်လက်ပြောဆိုသည်။

၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေက အဲ့ဒီတုန်းက အာဏာရှင်စနစ် အောက်မှာ ပြုထားသော်လည်း လူ့အခွင့်ရေးကို အသိမှတ်ပြုတယ်။ နိုင်ငံသား မဟုတ်တဲ့ လူတွေကို ဧည့်နိုင်ငံသား ပြုခွင့် ပေးထားတယ်။ မပေးထားတာ တချက်ပဲ။နိုင်ငံသား မဟုတ်တဲ့အတွက် သမ္မတ လုပ်လို့ မရဘူး၊ လွှတ်တော်ကိုယ်စားလှယ် လုပ်လို့မရဘူး။ နိုင်ငံရေး ရာထူးတွေ ယူလို့မရအောင် လုပ်ထားတယ်။ ဒါက ကျနော်တို့နိုင်ငံမှ မဟုတ်ဘူး။ တခြားနိုင်ငံမှာလည်း နိုင်ငံသားမဟုတ်တဲ့လူတွေ ဒီလိုကန့်သတ်တာပဲ” ဟု ၎င်း၏
ပါတီ နှစ်ပတ်လည်အခမ်းအနားတွင် ပြောဆိုသွားသည်။

.(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

thanthanusoe said...

ဟုတ်ပါတယ် အမေရိကမှာရော ဥရောပမှာပါ နိုင်ငံသားမဟုတ်တဲ့ အမြဲတမ်း
နေထိုင်ခွင်ရသူတွေကိုမဲပေးခွင်မရကြပါဘူး ကျွန်တော်တို့နိုင်ငံမှာလည်းတခြား
ဒီမိုကရေစီနိုင်ငံများမှာလိုဘဲ ဒီဧနိုင်ငံသားတွေကို မဲပေးခွင့်မပေးသင့်ပါဘူး ဒီလိုမဲပေးခွင့်ပေးထားသဖြင့်တခြာနိုင်ငံကလာတဲ့သူတွေကကိုယ်ရဲနိုင်ငံအ ရေးမှာချယ်လှယ်ပိုင်ခွင့်ရအောင်အခွင့်အရေးပေးသလိုဖြစ်သွာပါတယ်။

ဒို့နိုင်ငံမှာလိုတခြာနိုင်ငံတွေမှာလည်း နိုင်ငံခြားသားတွေရှိပါတယ် ဒါပေမဲ့ သိပ်ပြီးပြသနာမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီလိုမဲပေးပိုင်ခွင့်တို့
ပေးမထားတဲ့အတွက် ဧသည်လိုဘဲနေကြတာဖြစ်ပါတယ်။

Anonymous said...

သူလိုလူမျိုးမြန်မာပြည်မှာ အများကြီးလိုပါသည်။ အာဏာကိုမမက်တိုင်းပြည်အတွက် လုပ်နေသူဟုထင်ပါသည်။ ချစ်စရာကောင်းသောမျိုးချစ်တစ်ဦးဖြစ်ပါသည်။အဘွားကြီးနှင့်တော်တော်ကွာပါသည်။ ကုလားကြားနေပြီးတိုင်းပြည်အတွက် မကြောက်မရွံ့သောသူဖြစ်ပါသည်။

အောင်ဇော် said...

မြန်မာ့သမိုင်းပညာရှင်ဆိုတာက မြန်မာလူမျိုးတွေရဲ့ သမိုင်းကိုပဲ လေ့လာထားသလောက်သိမှာဘဲ။ ရိုဟင်ဂျာလူမျိုးများ
နေထိုင်သော Arakan ဒေသသည် ၁၉၄၈ ခုမထိုင်မှိ မြန်မာနိုင်ငံနှင့်မည်သို့မျှဆက်နွယ်ပက်သက်မှုမရှိချေ။ ဒါကြောင့်ပညာရေးအမြင်ကျဉ်းမြောင်းတဲ့ဦးသိန်းညွန့် လို့မြန်မာ့ပညာတတ်အမည်ခံတွေက ရိုဟင်ဂျာ နဲ့ဖက်သက်ပြီးသမိုင်းအချက်အလက်တွေကို သက်ဆိုင်ရာဒေသတွင်းမှ နိုင်ငံတကာအကူအညီဖြင့် ဆက်လက်လေ့လာကြပါလို့အကြံပေးစေချင်ပါတယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ