Nov 19, 2012

ဒေါ်စုရဲ့ မီဒီယာလက်သပ်မွေးခွဲခြားမှူကြောင့် မီဒီယာလောကအတွင်း ဂယက်ရိုက်

From: မေသင်္ကြန်ဟိန်၊ အောင်ကိုကိုလတ်(မြစ်မခ) .//
၂၀၁၂၊ နိုဝင်ဘာ ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းအတွင်းအမေရိကန်သမ္မတ အိုဘားမားနှင့်NLDဗဟိုအလုပ်အမှုဆောင်များအဖွဲ့တို့တွေ့ဆုံပြီးနောက်ပြုလုပ်ကျင်းပမည့်သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်ရမည့်မီဒီယာစာရင်းများအား အမေရိကန်သံရုံးအသိုင်းအ၀ိုင်းမှ စီစဉ်ခြင်းမရှိကြောင်း အမေရိကန်သံရုံးအသိုင်းဝိုင်းမှ ပြောသည်။

`ဒေါ်စုခြံထဲမှာ လုပ်တဲ့ပွဲအတွက်ကတော့ ကျနော်တို့သိဘူး၊ အဲဒီဘက်ကကျနော်တို့သံရုံးက လုပ်တာလို့ ပြောသလား၊ ကျနော်တို့ မသိဘူး` ဟုအမေရိကန်သံရုံးမှ ဦးထင်အောင်ကျော်က ပြောသည်။

ဒေါ်စုအိမ်ရှေ့ကသတင်းထောက်များ


အမေရိကန်သံရုံးမှ လေဆိပ်နှင့်အမေရိကန်သမ္မတမိန့်ခွန်းပြောကြားမည့်ပွဲများအတွက်သာ မီဒီယာများ သတင်းရယူနိုင်ရေးအတွက် စီစဉ်ခြင်းဖြစ်ပြီး NLDပါတီဝင်များနှင့်တွေ့ဆုံသည့်ပွဲအတွက် သတင်းရယူနိုင်ရန်စီစဉ်ပေးခြင်းမရှိကြောင်း သိရှိရသည်။
အဆိုပါ ဒေါ်စုနေအိမ်ခြံဝန်းအတွင်း ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲအတွက်အန်အယ်ဒီပါင်္တီ အနေဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် ၃၄ဦးအားရွေးချယ်ပေးလိုက်ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ သိရှိရသည်။


`ကျမတို့က Nominate လုပ်ပေးလိုက်တာ ၃၄ ဦးကို လုပ်ပေးလိုက်တယ်` ဟု NLDသတင်းနှင့်ပြန်ကြားရေးမှ မအေးအေးငြိမ်းက ပြောသည်။
NLD ပါတီအနေဖြင့် သတင်းဋ္ဌာနများအားလုံးကို တက်ရောက်ခွင့်မပြုဘဲသတင်းထောက် ၃၄ ဦးကိုသာ ရွေးချယ်လိုက်ခြင်းအပေါ်တွင် သတင်းဋ္ဌာနများမှမကျေနပ်မှုများရှိနေကြောင်း သိရှိရသည်။

ဒေါ်စုအိမ်ရှေ့ကသတင်းထောက်များ

`ဘယ်စံနှုန်းကို ကြည့်ပြီးတော့ ရွေးပြီး ဖိတ်တာလဲ၊ သမ္မတကြီးတောင်မှအားလုံးကို ဖိတ်သေးတာပဲ၊ ဘာလို့အားလုံးကို မဖိတ်နိုင်ရတာလဲ` ဟု 7 DayJournal မှ သတင်းထောက်ချုပ် ဦးအောင်သူရက ပြောသည်။

မြန်မာပြည်တွင်း သတင်းမီဒီယာလုပ်ငန်းပေါင်း ၄၀၀ ၀န်းကျင်ခန့်ရှိပြီးရန်ကုန်အခြေစိုက်သတင်းဋ္ဌာနပေါင်း ၃၀၀ကျော်ခန့်ရှိကြောင်း သိရှိရသည်။
ဒေါ်စုအိမ်ရှေ့ကသတင်းထောက်များ

`နိုင်ငံတကာမှာ လုံခြုံရေးအရ ရွေးဖိတ်တာတွေတော့ ရှိပါတယ်။သတင်းထောက်မှန်ရင် အိုင်ဒီစစ်ဆေးပြီး လက်ခံပေးသင့်တယ်။ ရွေးဖိတ်တာဘာကြောင့်လဲ ဆိုတာတော့ ထုတ်ပြန်ပေးသင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ကတန်းတူညီမျှအခွင့်အရေးရရှိရမယ်လို့ ပြောပြောနေတာပဲလေ` ဟု VOA Contributer ဒေါ်အိမ့်ခိုင်ဦးက ပြောသည်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ