Nov 21, 2012

၈၈ မျိုးဆက် ပါတီ ရွှေပြည်သာ မြို့တွင် တရားမ၀င် ပိုက်ဆံများ ကောက်ယူလျက် ရှိ

From:www.golden-land-myanmar.blogspot.com......//
၈၈ မျိုးဆက် ကျောင်းသား လူငယ်များပါတီ က ရွှေပြည်သာမြို့နယ်မှာ ပိုက်ဆံများ ကောက် ယူ မူကြော င့်ေ ဒ သခံတွေက မရှင်းမရှင်း ဖြစ်နေကြပါတယ်။ အိမ်ခြံမြေ မရှိတဲ့ သူတွေကို မြေနေရာ ရအော င် ဆော င် ရွက်ပေး မယ်လို့ပြောပြီး တအိမ်ထောင်ကို ကျပ် ၂,၇၀၀ ကောက်တယ် တဲ့။ “အိုးပိုင်အိမ်ပိုင် မရှိတဲ့ လူေ တွ ကို အိမ်ပေးမယ်လို့ ပြောသွားတယ်။ သန်းခေါင်စာရင်း ရှိတဲ့သူက သန်းခေါင်းစာရင်း ၊ ဧည့်စာရင်း နဲ့ နေ တဲ့သူက ဧည့်စာရင်းတွေ ပေးရတယ်”လို့ဘုံရှည်ကုန်း ကျေးရွာသား ကိုနိုင်လင်းစိုး ကပြောပြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီကို “ယုံတဲ့သူအနည်းငယ်သာရှိပြီး မယုံကြည်တဲ့ သူ များကြော င်း ရှိတယ်“ လို့ အိမ်ငှားနေထိုင်သူတဦးက ပြောပြပါတယ်။


“ကျနော်ကတော့ အိမ်ငှားနေရတဲ့သူပါ။ တလကို နှစ်သောင်းပေးရပါတယ်။ စားဖို့သောက်ဖို့နဲ့ အိမ်လခ စရိတ်အတွက် ပိုက်ဆံကို ချွေတာ သုံးနေရတာ၊အခု ၈၈ ပါတီက ပိုက်ဆံလာကောက်တော့ ဘာမှန်းမသိ ထည့်ပေးလိုက်တာဘဲ“ လို့ ဦးတင်ဆွေ ဆိုသူက ပြောပြပါ တယ်။လက်ရှိပိုက် ဆံပေးသွင်းသူဦးရေ ၅၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရှိရသည်။ ဒေသခံတွေ ဘက်ကလည်း အခုလို လုပ်ပေးတာကို တရားဝင် မဖြစ်နိုင်ကြောင်းသိရှိရသည်။

ပါတီကတော့ လာရောက်မေးမြန်းကြည့်ရှုတာ၊ ဓာတ်ပုံရိုက်တာ တို့ကိုလည်း ကြိုက်ပုံ မပေါ်ပါဘူး။ "ခင်ဗျား တို့ မီဒီယာတွေက သက်သက်မဲ့ အနှောက်အယှက် လာပေးနေတာ။ ခင်ဗျားတို့ သိချင်တယ် ဆိုရင် ဥက္ကဋ္ဌ ကို သွားမေးလိုက်ပါ။ ခင်ဗျားတို့ လုပ်လို့ လူတွေ လန့်ကုန်ပြီ။ ကျနော်တို့ အလုပ်ကိုလည်း ထိခိုက်နေ တယ်ေ နာ်  " ၈၈မျိုးဆက်ပါတီ မှပါတီဝင်တစ်ဦးကပြောဆိုခဲ့သည်။

Myanmar Express
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ