Nov 18, 2012

ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတို့ရဲ့ ဖွတ်ဖွတ်ကြေနေတဲ့ အဖြစ်မှန်

FROM:EMG//-

အခုဆိုရင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်နဲ့ တရုတ်နယ်စပ်တစ်ဝိုက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း တွေမှာ လူဦးရေ တစ်သိန်းနီးပါးရှိ တယ်။ အဲဒီမှာရှိနေတဲ့ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းက ကချင်လူမျိုးတွေ ဖြစ်ကြတယ်။ အံ့သြစရာ ကောင်း တာက အဲဒီစခန်းတွေမှာ အသက် ၁၅ နှစ်ကနေ အသက် ၅၀အောက် ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတွေ ကို မတွေ့ရတာပဲ။KIO/KIA တွေ က စစ်တပ်ကို ယှဉ်မတိုက်ဘူး။ ပြောက်ကျားစစ်ပဲ တိုက်ကြတယ်။ ချောင်းပစ်ပြေးပေါ့။ ချောင်းပစ်ပြေး ပြီးရင် နီးရာ ကချင်ရွာထဲဝင်ပြီး အ ရပ်သား၊ ရွာသားအသွင်နဲ့ နေလိုက်တယ်။ စစ်တပ်က လိုက်တိုက်ရင်း အဲဒီရွာတွေ ပျက်တော့တာပဲ။ စစ်ဘေးရှောင်တို့၊ စစ်ပြေးတို့ဆိုတာ အဲလိုနည်းနဲ့ စပေါ်လာခဲ့တာ”ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

 ကချင်ပြည်နယ်အတွင်း ရှည်ကြာသော ပြည်တွင်းစစ်၏ ဒဏ်ကို ဒေသခံများက အများဆုံးခံခဲ့ကြရကာ ကျေးရွာများမီးသင့်ပျက်စီးခဲ့ခြင်းနှင့် လူငယ်များစစ်သား စုဆောင်းရေးသို့ ပါရှိခဲ့ခြင်းများက ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ အထူး သဖြင့် ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသား မဟုတ်သော ဒေသခံများမှာပဋိပက္ခများ၏ ဆိုးကျိုးကိုအများဆုံး ခံစားခဲ့ရခြင်းဖြစ်သည်။

 “ပွင့်ပွင့်လင်းလင်းပြောရရင် ကချင်ပြည်နယ်ကရှမ်းတွေဟာ ငြိမ်း ချမ်းရေးစကားကို မပြောကြတာဟာ ကြောက်လို့ပါ။ ရှမ်းတွေက တောင်သူတွေများတယ်။ သူတို့ကို ကာ ကွယ်ပေးနိုင်မယ့် အစိုးရနဲ့ဝေး တယ်။ နီးရာဓား ကြောက်ရတဲ့သဘောပါ။ ဟိုအရင်တုန်းက ရှမ်း လူမျိုးအရေး လှုပ်ရှားတက်ကြွသူတွေကို ခေါ်ပြီးသတ်ပစ်တာမျိုးတွေ ရှိခဲ့တယ်။ အခုလည်း ဘယ်မီဒီယာ က ဘယ်လောက်ပဲမေးမေး ကိုယ်တွေ့ကြုံခဲ့တဲ့လူတွေက ခင်ဗျားတို့ကို ဘာမှပြောမှာမဟုတ်ဘူး”ဟု ၀ိုင်းမော်မြို့ခံတစ်ဦးက ပြောပြခဲ့သည်။

ကေအိုင်အေ၏ လက်နက်ကြီးတစ်ခုအားတောင်ကုန်းတစ်ခုပေါ်တွင်တွေ့ရစဉ်


 “ဘုန်ကြီးကျောင်းလည်း လက်နက်ကြီးတွေ လာထိကုန်တယ်။ ဘယ်လိုမှလည်း ညှိလို့မရတော့ ငါလည်း ပြေးနေရတာပဲ။ ရွာသားတွေကိုလည်းပဲ တွေ့ရာနေရာ မှာ KIOက စစ်မှုထမ်းဖို့ အများကြီး ခေါ်သွားလိုက်တယ်။ အခုတော့ ပြန်ပြီး အလင်းဝင်လာတဲ့ လူတွေလည်းရှိတယ်။ လူပေါင်း ၂၀ ကျော်လောက်တော့ ကျန်သေးတယ်။ အခုလိုထ တိုက်ကြတော့မှပဲ လူတွေလည်း ကောင်းကောင်းမနေရ၊ ဘုန်းကြီးတွေလည်းကောင်းကောင်း မနေရတော့ဘူး။ လယ်ကွင်းတွေလည်း မလုပ်ရဘူး။ ကျွဲတွေ၊ နွားတွေလည်း ပစ်ထားရတယ်။ လာမယ့် နှစ် တွေမှာစားရေးသောက်ရေးက မစဉ်းစားဝံ့စရာပဲ”ဟု မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရှမ်းရွာတစ်ခုမှ ဘုန်းတော်ကြီးက မိန့်ကြားခဲ့သည်။
ရှေ့တန်းတွင်တွေ့ရသော ကေအိုင်အေ၏ လူသစ်စုခံရသည့် ရှမ်းတိုင်းရင်းသားတစ်ဦးအား RPG ဒုံးထမ်းလျှက်တွေ့ရစဉ်

 မြစ်ကြီးနားဝန်းကျင်မှစ၍ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ရိုးတစ် လျှောက်တွင် ရှမ်းလူမျိုးအများစုသာ နေထိုင်သော ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး ထက်ဝက်ခန့်မှာ လုံခြုံမှု မရှိကြောင်းလည်း ဒေသခံများက ပြောပြခဲ့သည်။ “နန့်ဝါဆိုတဲ့ရွာမှာ KIO စစ်သားတွေက အိမ်တွေကန်ဖွင့် အတင်းအဓမ္မ၀င်လာပြီး လူငယ်တွေကို ဖမ်းခေါ်သွားတယ်။ ငွေပေးပြီး လွတ်လာတာလည်း ရှိတယ်။ ပြေးပြီး လွတ်လာတဲ့လူ လည်းရှိတယ်။ သူတို့နဲ့အိမ်ထောင် ပြုလိုက်ရတဲ့ ကလေးမတွေလည်းရှိတယ်။ ဘယ်သူက ဘယ်လောက် မေးမေး အဖြေမှန်တော့ရမှာ မဟုတ်ဘူး။ ကိုယ့်ကို လာသတ်မှာတော့ ကြောက်ရတာကိုး။ အခုလောလော ဆယ်လည်း တနိုင်း၊ ပယင်းမှော်က လူတွေဖမ်းသွားတာ ဘာသတင်းမှ သဲသဲကွဲကွဲ မကြားရသေးဘူး။ ကချင်ပြည်နယ်က ရှမ်းတွေရဲ့ဘ၀ က အကြောက်တရားနဲ့ အသက်ရှင်ရတာ” ဟု ၀ိုင်းမော်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့ သည်။

လူသစ်စုဆောင်းပြီးစစ်သင်တန်းပေးထားသော ရှမ်းအမျိုးသမီးငယ်များကို ကေအိုင်အေအတွက် အသေခံတိုက်ခိုင်းပြီး တစ်ချို့ကို  ကေအိုင်အေစစ်သားများ၏ လိင်အဖြည့်ခံအဖြစ်လည်းကောင်း လိုင်ဇာဌာနချုပ်တွင်လည်းကောင်း အိမ်ထောင်ပြုရန် ခေါ်ဆောင်ခြင်း ခံရလေ၏

 လွန်ခဲ့သောနှစ်အတွင်းက နှစ်ဖက်ပစ်ခတ်မှုကြောင့် တစ်ရွာလုံး ပြေးလာခဲ့ရသော ရှမ်းရွာများမှာ ဂါးဒီယန်၊ စံပိုင်၊ ကန်တော်ယန်၊ နန့်ဆန်ယန် စသောရွာများဖြစ်ပြီး မိမိတို့ပိုင်ဆိုင်သော အိုးအိမ်၊ ကျွဲ၊ နွား၊ ကြက်၊ ၀က်များကို အားလုံးပစ် ချထားခဲ့ရသည်ဟု ဒုက္ခသည်တစ်ဦး ကပြောကြားခဲ့သည်။ နယ်မြေမအေး ချမ်းမှုကြောင့် မြို့၊ ရွာနှင့် ဝေးကွာ သော လယ်ကွင်းများ၌ လယ်ယာ အလုပ်လုပ်ကိုင်နိုင်မှုမရှိကြောင်းလည်း ဒေသခံများက ဆိုပါသည်။


 “မိုးကောင်း၊ နမ္မတီး ၀န်းကျင် မှာရှိတဲ့ ရှမ်းရွာ ၁၀ ရွာဝန်းကျင် ကတော့ အေးချမ်းလုံခြုံမှုမရှိပါဘူး။ အဲ့ဒါမပြောနဲ့ မိုးကောင်းမြို့ပေါ် ရပ်ကွက်တွေတောင်မှ မလုံခြုံဘူးလို့ ပြောလို့ရတယ်။ မြို့ပေါ်ဆီဆိုင်တွေ ဆက်ကြေးကောက်တယ်လို့ ကြားရတယ်။ ဖားကန့်ဘက်တက်တဲ့ ကားတိုင်းကိုလည်းပဲ ဆက်ကြေးတွေ ကောက်ပါတယ်။ မိုးကောင်းဝန်းကျင်က ကျေးရွာတွေမှာတော့ စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းခေါ်သွားတာ ရှိခဲ့တယ်။ အခုတော့ တော်တော်များများ ပြန်ရောက်ပါပြီ”ဟု မိုးကောင်းမြို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးသန်းတင့်အောင်က ပြောကြားခဲ့သည်။

 ထို့အပြင် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ် ပွားပြီးနောက် စစ်ဘေးဒဏ်သင့် ဒေ သများအနက် ပူတာအိုဒေသမှာ စား ၀တ်နေရေးအတွက် ခက်ခဲစွာနေ ထိုင်နေရပြီး အဆိုပါဒေသသို့ ရိက္ခာ များပေးပို့နိုင်ရန်အတွက် ပျက်စီးခဲ့ ရသော ပူတာအိုလမ်းပိုင်းကို ယခုနှစ် ပွင့်လင်းရာသီတွင် ပြုပြင်မည် ဖြစ်သဖြင့် ပြုပြင်မှုများအပေါ် အ နှောင့်အယှက်များ မပြုရန် မေတ္တာ ရပ်ခံကြောင်း မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ တက်ရောက်ခဲ့သည့် KIO/KIA ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ